ျပည္ပတင္ပို႔မည့္ႏြားမ်ား နယ္စပ္၌ထားရိွေရာင္းခ်ႏုိင္မည့္ေနရာ ေဖၚေဆာင္ေရး မေကြးတုိင္းေဒသႀကီးအစိုးရ လုပ္ေဆာင္ေန

ျပည္ပတင္ပို႔မည့္ႏြားမ်ား နယ္စပ္၌ထားရိွေရာင္းခ်ႏုိင္မည့္ေနရာ ေဖၚေဆာင္ေရး မေကြးတုိင္းေဒသႀကီးအစိုးရ လုပ္ေဆာင္ေန
သြဂုတ် 15, 2018
By 🌸
တရုတ္ႏုိင္ငံသို႔ နယ္စပ္မွတစ္ဆင့္ ႏြားတင္ပို႔ေနရာ ေစ်းႏွိမ္ခံရျခင္းမရိွေစရန္ နယ္စပ္၌ တင္ပို႔မည့္ႏြားမ်ားထားရိွမည့္ေနရာ ေဖၚေဆာင္ေရးကို ေမြးျမဴေရးသမားမ်ား၊ မေကြးတိုင္းေဒသႀကီး ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနႏွင့္ UMFCCI မွ တာဝန္ရိွသူမ်ားက ပူးေပါင္းေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံကုန္သည္မ်ားနဲ႔ စက္မႈလုပ္ငန္းရွင္မ်ားအသင္း UMFCCI အတြင္းေရးမွဴးကိုယ္တိုင္ နယ္စပ္ကို သြားေလ့လာၿပီး သယ္သြားတဲ့ႏြားေတြ ေစ်းႏိွမ္မခံရေအာင္ ျပည္တြင္းမွာပဲ Stock လုပ္ထားၿပီး လိုအပ္တဲ့ကာကြယ္ေဆးထိုးတာေတြ လုပ္မယ္။ အဲဒီလိုထားၿပီး ေစ်းေခၚေရာင္းမယ္ဆိုရင္ ေစ်းေကာင္းရ မယ္လို႔ အၾကံျပဳထားတာရိွတယ္။ ဒါေၾကာင့္ ေမြးျမဴေရးသမားေတြ၊ တိုင္းေမြးျမဴေရးနဲ႔ကုသေရးဦးစီးဌာနတို႔ UMFCCI တို႔က တာဝန္ရိွသူေတြနဲ႔ တိုင္ပင္ၿပီး ႏြားေတြကို Stock (ထိန္းသိမ္းသိုေလွာင္) လုပ္ႏိုင္ဖို႔အတြက္ လိုအပ္တဲ့ေျမကြက္ ဝယ္တာေတြ၊ လိုအပ္တဲ့အရင္းအႏွီးေတြစိုက္ထုတ္တာေတြ ျပဳလုပ္သြားဖို႔ အစီအစဥ္ရိွပါတယ္"ဟု မေကြး တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

ၾသဂုတ္လ(၁၄)ရက္ေန႔တြင္ USAID ၏ Private Sector Development Activity (PSDA)အစီအစဥ္ျဖင့္ Internews က မေကြးၿမိဳ႕ ထိန္ထိန္သာဟိုတယ္၌ ျပဳလုပ္သည့္ မေကြးတိုင္းေဒသႀကီး၏ စိုက္ပ်ိဳးေမြးျမဴေရးက႑ဆိုင္ရာ အေျခအေနမ်ား ေဆြးေႏြးပဲြတြင္ ယင္းကဲ့သို႔ေျပာၾကားသြားျခင္းျဖစ္သည္။

ႏြားမ်ားကို တရုတ္ႏုိင္ငံသို႔ နယ္စပ္မွေန၍ တရားမဝင္တင္ပို႔ေနျခင္းမ်ားေၾကာင့္ ကၽြဲ၊ႏြားေကာင္ေရ မထိန္းသိမ္းႏိုင္ျခင္း၊ အခြန္အခဆံုးရံႈးျခင္းႏွင့္ ေရာင္းဝယ္သူမ်ား ေစ်းႏွိမ္ခံရျခင္းမ်ားေၾကာင့္ စိစစ္ၿပီး တရားဝင္တင္ပို႔ခြင့္ကို ၂၀၁၇ ခုႏွစ္၊ ေအာက္တိုဘာလ(၉)ရက္ေန႔ကတည္းက စတင္ခြင့္ျပဳခဲ့ျခင္းျဖစ္သည္။

ကၽြဲႏြားမ်ား ျပည္ပတင္ပို႔မႈေၾကာင့္ တုိင္းေဒသႀကီးအတြင္း လယ္ယာလုပ္ငန္းက႑၌ ထိခိုက္မႈမရိွေစေရးအတြက္ တုိင္းေဒသႀကီးအစိုးရက သက္ဆုိင္ရာဌာနမ်ားျဖင့္ ညိႇႏိႈင္းေဆြးေႏြးမႈမ်ား လုပ္ေဆာင္ထားၿပီး လက္ရိွအခ်ိန္ထိ မေကြးတိုင္း၌ ကၽြဲ၊ႏြားအေကာင္ေရ  (၁၄)သိန္းခန္႔ရိွၿပီး ျပည္ပတင္ပို႔သည့္ ကၽြဲ၊ႏြားအေကာင္ေရမွာ (၁)ေသာင္းေက်ာ္သာရိွေသးသျဖင့္ စိုက္ပ်ိဳးေရးအတြက္ ထိခိုက္စရာမရိွေၾကာင္း တိုင္းေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ တာဝန္ရိွသူမ်ားက အတည္ျပဳထားေၾကာင္း ဝန္ႀကီးခ်ဳပ္ထံမွ သိရသည္။

ယခင္က ႏြားမ်ား ျပည္ပသို႔ သယ္ေဆာင္ရာတြင္ တစ္ေကာင္လွ်င္ က်ပ္(၃၀၀၀) တိုင္းေဒသႀကီး အစိုးရအဖဲြ႔က အခြန္အျဖစ္ ေကာက္ခံေနရာမွ ယခုအခါ တစ္ေကာင္လွ်င္ က်ပ္(၅၀၀၀)ႏႈန္းျဖင့္ ေကာက္ခံေနေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်ပတင်ပို့မည့်နွားများ နယ်စပ်၌ထားရှိရောင်းချနိုင်မည့်နေရာ ဖေါ်ဆောင်ရေး မကွေးတိုင်းဒေသကြီးအစိုးရ လုပ်ဆောင်နေ
************
တရုတ်နိုင်ငံသို့ နယ်စပ်မှတစ်ဆင့် နွားတင်ပို့နေရာ ဈေးနှိမ်ခံရခြင်းမရှိစေရန် နယ်စပ်၌ တင်ပို့မည့်နွားများထားရှိမည့်နေရာ ဖေါ်ဆောင်ရေးကို မွေးမြူရေးသမားများ၊ မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် UMFCCI မှ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI အတွင်းရေးမှူးကိုယ်တိုင် နယ်စပ်ကို သွားလေ့လာပြီး သယ်သွားတဲ့နွားတွေ ဈေးနှိမ်မခံရအောင် ပြည်တွင်းမှာပဲ Stock လုပ်ထားပြီး လိုအပ်တဲ့ကာကွယ်ဆေးထိုးတာတွေ လုပ်မယ်။ အဲဒီလိုထားပြီး ဈေးခေါ်ရောင်းမယ်ဆိုရင် ဈေးကောင်းရ မယ်လို့ အကြံပြုထားတာရှိတယ်။ ဒါကြောင့် မွေးမြူရေးသမားတွေ၊ တိုင်းမွေးမြူရေးနဲ့ကုသရေးဦးစီးဌာနတို့ UMFCCI တို့က တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး နွားတွေကို Stock (ထိန်းသိမ်းသိုလှောင်) လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့မြေကွက် ဝယ်တာတွေ၊ လိုအပ်တဲ့အရင်းအနှီးတွေစိုက်ထုတ်တာတွေ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်"ဟု မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

သြဂုတ်လ(၁၄)ရက်နေ့တွင် USAID ၏ Private Sector Development Activity (PSDA)အစီအစဉ်ဖြင့် Internews က မကွေးမြို့ ထိန်ထိန်သာဟိုတယ်၌ ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာ အခြေအနေများ ဆွေးနွေးပွဲတွင် ယင်းကဲ့သို့ပြောကြားသွားခြင်းဖြစ်သည်။

နွားများကို တရုတ်နိုင်ငံသို့ နယ်စပ်မှနေ၍ တရားမဝင်တင်ပို့နေခြင်းများကြောင့် ကျွဲ၊နွားကောင်ရေ မထိန်းသိမ်းနိုင်ခြင်း၊ အခွန်အခဆုံးရှုံးခြင်းနှင့် ရောင်းဝယ်သူများ ဈေးနှိမ်ခံရခြင်းများကြောင့် စိစစ်ပြီး တရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့ကတည်းက စတင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ကျွဲနွားများ ပြည်ပတင်ပို့မှုကြောင့် တိုင်းဒေသကြီးအတွင်း လယ်ယာလုပ်ငန်းကဏ္ဍ၌ ထိခိုက်မှုမရှိစေရေးအတွက် တိုင်းဒေသကြီးအစိုးရက သက်ဆိုင်ရာဌာနများဖြင့် ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားပြီး လက်ရှိအချိန်ထိ မကွေးတိုင်း၌ ကျွဲ၊နွားအကောင်ရေ  (၁၄)သိန်းခန့်ရှိပြီး ပြည်ပတင်ပို့သည့် ကျွဲ၊နွားအကောင်ရေမှာ (၁)သောင်းကျော်သာရှိသေးသဖြင့် စိုက်ပျိုးရေးအတွက် ထိခိုက်စရာမရှိကြောင်း တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက အတည်ပြုထားကြောင်း ဝန်ကြီးချုပ်ထံမှ သိရသည်။

ယခင်က နွားများ ပြည်ပသို့ သယ်ဆောင်ရာတွင် တစ်ကောင်လျှင် ကျပ်(၃၀၀၀) တိုင်းဒေသကြီး အစိုးရအဖွဲ့က အခွန်အဖြစ် ကောက်ခံနေရာမှ ယခုအခါ တစ်ကောင်လျှင် ကျပ်(၅၀၀၀)နှုန်းဖြင့် ကောက်ခံနေကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~