ရွမ္းျပည္နယ္မီဒီယာဖြံ႕ၿဖိဳးေရးဖိုရမ္၏ ပထမေန႔တြင္ ရွမ္းျပည္နယ္လံုးဆုိင္ရာ သတင္းသမားမ်ားေကာင္စီ (ယာယီ)ကို ဖြဲ႕စည္း

ရွမ္းျပည္နယ္မီဒီယာဖြံ႕ၿဖိဳးေရးဖိုရမ္၏ ပထမေန႔တြင္ ရွမ္းျပည္နယ္လံုးဆုိင္ရာ သတင္းသမားမ်ားေကာင္စီ (ယာယီ)ကို ဖြဲ႕စည္း
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ရွိ ဟိုတယ္ထိန္သာတြင္ က်င္းပေနသည့္ ရွမ္းျပည္နယ္မီဒီယာဖြံ႕ၿဖိဳးေရးဖိုရမ္ ပထမေန႔ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၄) ရက္ေန႔တြင္ တက္ေရာက္ေဆြးေႏြးေနသည့္ သတင္းမီဒီယာသမား (၃၀)ေက်ာ္၏ သေဘာတူဆံုးျဖတ္ခ်က္ျဖင့္ ရွမ္းျပည္နယ္လံုးဆုိင္ရာ သတင္းသမားမ်ားေကာင္စီ (ယာယီ)ကို ဖြဲ႕စည္းလုိက္ေၾကာင္း သိရသည္။

 “ရွမ္းျပည္နယ္တစ္ခုလံုးမွာရွိတဲ့ သတင္းသမားအခ်င္းခ်င္းၾကားမွာ သတင္းစီးဆင္းမႈ အားေကာင္းေစဖို႔၊ သတင္းသမားေတြ ႀကံဳေတြ႔ေနရတဲ့အခက္အခဲေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔၊ ေဒသအေျခစိုက္ သတင္းသမားျဖစ္တည္မႈကို ေထာက္ခံမႈေပးႏိုင္ဖို႔၊ သတင္းေတြနဲ႔ပတ္သက္တဲ့ အျငင္းပြားမႈေတြကို ဦးစြာေျဖရွင္းႏိုင္ေစဖို႔နဲ႔ ရွမ္းျပည္နယ္လံုးဆိုင္ရာသတင္းသမားမ်ားေကာင္စီ ရဲ့ေထာက္ခံခ်က္နဲ႔ သတင္းရယူတဲ့ေနရာမွာ အဆင္ေျပေခ်ာေမာေစဖို႔ အတြက္ ရည္ရြယ္ဖြဲ႔စည္းတာျဖစ္ပါတယ္ ” ဟု ေတာင္ႀကီးသတင္းေထာက္မ်ားအသင္းမွ ဦးစည္သာဟိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

(၂)ရက္တာက်င္းပမည့္ အဆိုပါဖိုရမ္တြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္း၊ ေတာင္ပိုင္းႏွင့္ ေျမာက္ပိုင္းတို႔ရွိ သတင္းဌာနအသီးသီးမွ သတင္းမီဒီယာသမား (၃၀)ေက်ာ္ တက္ေရာက္ေဆြးေႏြးေနျခင္းျဖစ္ၿပီး သတင္းလြတ္လပ္ခြင့္ႏွင့္ သက္ဆိုင္ေသာ အခ်က္အလက္မ်ား၊ ဂ်ာနယ္လစ္မ်ား၏ အျမင္သေဘာထားမ်ားကို စစ္တမ္းေကာက္ယူကာ ရွမ္းျပည္နယ္အတြင္း သတင္းရယူခြင့္အေျခအေန အညႊန္းကိန္းတစ္ေစာင္ကို ျပဳစုသြားမည္ျဖစ္ေၾကာင္း သိရသည္။

ဖိုရမ္ဒုတိယေန႔တြင္ မီဒီယာက႑ဖြံ႔ၿဖိဳးတိုးတက္ေရးေခါင္းစဥ္ျဖင့္ ေဆြးေႏြးၾကမည္ျဖစ္ၿပီး တရားစီရင္ေရးက႑တြင္ သတင္းရယူျခင္းဆုိင္ရာအေျခအေနကို ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ သတင္းမီဒီယာသမားမ်ားျဖစ္ၾကသည့္ ဦးလိႈင္ထူး၊ ဦးခြန္ေဇာ္ဦးတို႔က လည္းေကာင္း၊ အုပ္ခ်ဳပ္ေရးက႑တြင္ သတင္းရယူျခင္းဆုိင္ရာအေျခအေနမ်ားကို ရွမ္းျပည္နယ္အေရွ႕ပိုင္းမွ သတင္းမီဒီယာသမားမ်ားျဖစ္ၾကသည့္ ကိုထြန္း(မိုင္းျဖတ္)ႏွင့္ ကိုေဇာင္းတုိ႔က လည္းေကာင္း၊ ဥပေဒျပဳေရးက႑တြင္ သတင္းရယူျခင္းႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ သတင္းမီဒီယာသမားမ်ားျဖစ္ၾကသည့္ ကိုခြန္ရာဇာႏွင့္ နန္းဥမၼာေအာင္(ရွမ္းမေလး) ၊ CSO က႑ႏွင့္ပတ္သက္၍ ဦးေနလင္းသိုက္တို႔အျပင္ ဦးကံသာႏွင့္ ဦးစည္သာဟိန္းတို႔က ဦးေဆာင္ေဆြးေႏြးၾကၿပီး တက္ေရာက္လာသည့္သတင္းသမားမ်ားက ဝိုင္းဝန္းေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ဒုတိယေန႔ျဖစ္သည့္ ၾသဂုတ္လ(၅)ရက္ေန႔တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ လႊတ္ေတာ္၊ တရားစီရင္ေရးႏွင့္ အရပ္ဖက္အဖြဲ႕အစည္းမ်ားႏွင့္ပါ ေတြ႕ဆံုေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါဖိုရမ္ကို ေမတၱာေဖါင္ေဒးရွင္းက အီးယူအကူအညီျဖင့္ ေထာက္ပံ့ေပးျခင္း The People’s Voice ( ခမ္းသားေငါဝ္း) ႏွင့္ ေတာင္ႀကီးသတင္းေထာက္မ်ားအသင္းတို႔ ပူးေပါင္းစီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးရေးဖိုရမ်၏ ပထမနေ့တွင် ရှမ်းပြည်နယ်လုံးဆိုင်ရာ သတင်းသမားများကောင်စီ (ယာယီ)ကို ဖွဲ့စည်း
************
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ ဟိုတယ်ထိန်သာတွင် ကျင်းပနေသည့် ရှမ်းပြည်နယ်မီဒီယာဖွံ့ဖြိုးရေးဖိုရမ် ပထမနေ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် တက်ရောက်ဆွေးနွေးနေသည့် သတင်းမီဒီယာသမား (၃၀)ကျော်၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ရှမ်းပြည်နယ်လုံးဆိုင်ရာ သတင်းသမားများကောင်စီ (ယာယီ)ကို ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

 “ရှမ်းပြည်နယ်တစ်ခုလုံးမှာရှိတဲ့ သတင်းသမားအချင်းချင်းကြားမှာ သတင်းစီးဆင်းမှု အားကောင်းစေဖို့၊ သတင်းသမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့၊ ဒေသအခြေစိုက် သတင်းသမားဖြစ်တည်မှုကို ထောက်ခံမှုပေးနိုင်ဖို့၊ သတင်းတွေနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေကို ဦးစွာဖြေရှင်းနိုင်စေဖို့နဲ့ ရှမ်းပြည်နယ်လုံးဆိုင်ရာသတင်းသမားများကောင်စီ ရဲ့ထောက်ခံချက်နဲ့ သတင်းရယူတဲ့နေရာမှာ အဆင်ပြေချောမောစေဖို့ အတွက် ရည်ရွယ်ဖွဲ့စည်းတာဖြစ်ပါတယ် ” ဟု တောင်ကြီးသတင်းထောက်များအသင်းမှ ဦးစည်သာဟိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

(၂)ရက်တာကျင်းပမည့် အဆိုပါဖိုရမ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ သတင်းဌာနအသီးသီးမှ သတင်းမီဒီယာသမား (၃၀)ကျော် တက်ရောက်ဆွေးနွေးနေခြင်းဖြစ်ပြီး သတင်းလွတ်လပ်ခွင့်နှင့် သက်ဆိုင်သော အချက်အလက်များ၊ ဂျာနယ်လစ်များ၏ အမြင်သဘောထားများကို စစ်တမ်းကောက်ယူကာ ရှမ်းပြည်နယ်အတွင်း သတင်းရယူခွင့်အခြေအနေ အညွှန်းကိန်းတစ်စောင်ကို ပြုစုသွားမည်ဖြစ်ကြောင်း သိရသည်။

ဖိုရမ်ဒုတိယနေ့တွင် မီဒီယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည်ဖြစ်ပြီး တရားစီရင်ရေးကဏ္ဍတွင် သတင်းရယူခြင်းဆိုင်ရာအခြေအနေကို ရှမ်းပြည်နယ်မြောက်ပိုင်းမှ သတင်းမီဒီယာသမားများဖြစ်ကြသည့် ဦးလှိုင်ထူး၊ ဦးခွန်ဇော်ဦးတို့က လည်းကောင်း၊ အုပ်ချုပ်ရေးကဏ္ဍတွင် သတင်းရယူခြင်းဆိုင်ရာအခြေအနေများကို ရှမ်းပြည်နယ်အရှေ့ပိုင်းမှ သတင်းမီဒီယာသမားများဖြစ်ကြသည့် ကိုထွန်း(မိုင်းဖြတ်)နှင့် ကိုဇောင်းတို့က လည်းကောင်း၊ ဥပဒေပြုရေးကဏ္ဍတွင် သတင်းရယူခြင်းနှင့်ပတ်သက်၍ ရှမ်းပြည်နယ်တောင်ပိုင်းမှ သတင်းမီဒီယာသမားများဖြစ်ကြသည့် ကိုခွန်ရာဇာနှင့် နန်းဥမ္မာအောင်(ရှမ်းမလေး) ၊ CSO ကဏ္ဍနှင့်ပတ်သက်၍ ဦးနေလင်းသိုက်တို့အပြင် ဦးကံသာနှင့် ဦးစည်သာဟိန်းတို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့်သတင်းသမားများက ဝိုင်းဝန်းဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယနေ့ဖြစ်သည့် သြဂုတ်လ(၅)ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လွှတ်တော်၊ တရားစီရင်ရေးနှင့် အရပ်ဖက်အဖွဲ့အစည်းများနှင့်ပါ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖိုရမ်ကို မေတ္တာဖေါင်ဒေးရှင်းက အီးယူအကူအညီဖြင့် ထောက်ပံ့ပေးခြင်း The People’s Voice ( ခမ်းသားငေါဝ်း) နှင့် တောင်ကြီးသတင်းထောက်များအသင်းတို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~