မႏၱေလးတြင္ ဆုိင္ကယ္ခိုးယူလာသည့္ လူငယ္ႏွစ္ဦးကို ဖမ္းဆီးရမိထား

မႏၱေလးတြင္ ဆုိင္ကယ္ခိုးယူလာသည့္ လူငယ္ႏွစ္ဦးကို ဖမ္းဆီးရမိထား
သြဂုတ် 5, 2018
By 🌸
မႏၱေလးၿမိဳ႕၊ မဟာၿမိဳင္(၁)ရပ္ကြက္၊ ၆၆ ႏွင့္ ၄၂ လမ္းေထာင့္တြင္ Scoopy 110 ဆိုင္ကယ္တစ္စီးအား ခိုးယူလာသည့္ လူငယ္ႏွစ္ဦးကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၄)ရက္ေန႔ ညေန (၃)နာရီ (၄၀)မိနစ္ဝန္းက်င္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

အနက္၊ အနီ၊ နံသာေရာင္ဆုိင္ကယ္အား တြန္းလာသည့္ ထက္ေဝယံ(ခ) လက္ပြား၊ ပိုင္စိုးသူ(ခ)ေပါက္ေက်ာ္တို႔ႏွစ္ဦးအား ရဲတပ္ဖြဲ႕က စစ္ေဆးရာ လြန္ခဲ့သည့္ (၁၀)မိနစ္ခန္႔က ၆၅ လမ္းႏွင့္ ၄၂ လမ္းေထာင့္၌ လမ္းေဘးရပ္ထားသည့္ဆုိင္ကယ္ကို ဇက္ေသာ့ဖ်က္ကာ ခုိးယူလာေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့သည္ဟု သိရသည္။

ဆိုင္ကယ္ခုိးယူလာသည့္ လူငယ္ႏွစ္ဦးကို မဟာေဟာင္ေျမၿမိဳ႕နယ္၊ အမွတ္(၉)ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေနၿပီး ၎တို႔ ခိုးယူလာသည့္ဆုိင္ကယ္အား သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
မန္တလေးတွင် ဆိုင်ကယ်ခိုးယူလာသည့် လူငယ်နှစ်ဦးကို ဖမ်းဆီးရမိထား
**********
မန္တလေးမြို့၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၆ နှင့် ၄၂ လမ်းထောင့်တွင် Scoopy 110 ဆိုင်ကယ်တစ်စီးအား ခိုးယူလာသည့် လူငယ်နှစ်ဦးကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၄)ရက်နေ့ ညနေ (၃)နာရီ (၄၀)မိနစ်ဝန်းကျင်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

အနက်၊ အနီ၊ နံသာရောင်ဆိုင်ကယ်အား တွန်းလာသည့် ထက်ဝေယံ(ခ) လက်ပွား၊ ပိုင်စိုးသူ(ခ)ပေါက်ကျော်တို့နှစ်ဦးအား ရဲတပ်ဖွဲ့က စစ်ဆေးရာ လွန်ခဲ့သည့် (၁၀)မိနစ်ခန့်က ၆၅ လမ်းနှင့် ၄၂ လမ်းထောင့်၌ လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်ကို ဇက်သော့ဖျက်ကာ ခိုးယူလာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု သိရသည်။

ဆိုင်ကယ်ခိုးယူလာသည့် လူငယ်နှစ်ဦးကို မဟာဟောင်မြေမြို့နယ်၊ အမှတ်(၉)မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေပြီး ၎င်းတို့ ခိုးယူလာသည့်ဆိုင်ကယ်အား သက်သေများရှေ့တွင် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~