ကယားႏွင့္ မယ္ေဟာင္ေဆာင္ၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ေဆြးေႏြး

ကယားႏွင့္ မယ္ေဟာင္ေဆာင္ၾကား ႏွစ္ႏိုင္ငံကုန္သြယ္မႈႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈအတြက္ ေဆြးေႏြး
သြဂုတ် 3, 2018
By 🌸
ကယားျပည္နယ္အစုိးရအဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ၊ မယ္ေဟာင္ေဆာင္ခရုိင္အုပ္ခ်ဳပ္ေရးမွဴးဦးေဆာင္သည့္အဖြဲ႔တို႔ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ရိွ ျပည္နယ္အစိုးရအဖြဲ႕ရံုးတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔တြင္ ေတြ႔ဆံုၿပီး ႏွစ္ႏုိင္ငံအၾကား ကုန္သြယ္မႈႏွင့္ ရင္းႏွီးျမဳပ္ႏွံမႈဆုိင္ရာ ကိစၥရပ္မ်ား ေဆြးေႏြးေၾကာင္း သိရသည္။

ယင္းသို႔ေဆြးေႏြးရာတြင္ ကယားျပည္နယ္ႏွင့္ မယ္ေဟာင္ေဆာင္ၾကား ႏွစ္ႏုိင္ငံခရီးသြားမ်ား တရား၀င္သြားလာႏုိင္ေရးအတြက္ BP -13 လမ္းေၾကာင္းအား International Check Point အျဖစ္ေဖၚေဆာင္ႏုိင္ေရးကို ကယားျပည္နယ္က ျပည္ေထာင္စုအဆင့္ထိ တင္ျပေဆြးေႏြးႀကိဳးစားေနၿပီး ထုိင္းႏုိင္ငံအေနျဖင့္လည္း ကတိျပဳေျပာၾကားထားသည့္အတုိင္း လုပ္ေဆာင္ရန္ ကယားျပည္နယ္အစိုးရအဖြဲ႕က ေတြ႔ဆံုေဆြးေႏြးစဥ္ တိုက္တြန္းလုိ္က္ေၾကာင္း သိရသည္။

International Check Point ျဖစ္မွသာ ညီအစ္မၿမိဳ႕ေတာ္အျဖစ္ လက္မွတ္ေရးထုိးထားသည့္ လိြဳင္ေကာ္ႏွင့္ မယ္ေဟာင္ေဆာင္ၾကား (၆) ည အိပ္၊ (၇) ရက္ခရီးစဥ္ေဖာ္ေဆာင္ရန္ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖၚႏုိင္မည္ျဖစ္ေၾကာင္းကိုလည္း တုိက္တြန္းေျပာၾကားလုိက္ေၾကာင္း သိရသည္။

ႏွစ္ႏုိင္ငံၾကား ကုန္သြယ္ေရး၊ စက္မႈလက္မႈႏွင့္ ခရီးသြားလုပ္ငန္းတုိ႔ က႑အလုိက္ ပူးေပါင္းေဆာင္ရြက္ေရးတို႔ကိုလည္း ေဆြးေႏြးၾကေၾကာင္း သိရသည္။

အဆုိပါအစည္းအေဝးတြင္ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္းရိႈဦးေဆာင္သည့္ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ သက္ဆုိင္ရာဌာနတာဝန္ရိွသူမ်ားပါဝင္သည့္အဖြဲ႕က မယ္ေဟာင္ေဆာင္ခရုိင္ အုပ္ခ်ဳပ္ေရးမွဴး Mr . Sirirat Chamupakarn ဦးေဆာင္သည့္ အဖြဲ႕၀င္ (၃၄) ဦးပါဝင္သည့္အဖြဲ႕ျဖင့္ ေဆြးေႏြးျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု #ကယားျပည္နယ္အစိုးရအဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကယားနှင့် မယ်ဟောင်ဆောင်ကြား နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုအတွက် ဆွေးနွေး
**************
ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သည့်အဖွဲ့တို့ ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် တွေ့ဆုံပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြောင်း သိရသည်။

ယင်းသို့ဆွေးနွေးရာတွင် ကယားပြည်နယ်နှင့် မယ်ဟောင်ဆောင်ကြား နှစ်နိုင်ငံခရီးသွားများ တရားဝင်သွားလာနိုင်ရေးအတွက် BP -13 လမ်းကြောင်းအား International Check Point အဖြစ်ဖေါ်ဆောင်နိုင်ရေးကို ကယားပြည်နယ်က ပြည်ထောင်စုအဆင့်ထိ တင်ပြဆွေးနွေးကြိုးစားနေပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း ကတိပြုပြောကြားထားသည့်အတိုင်း လုပ်ဆောင်ရန် ကယားပြည်နယ်အစိုးရအဖွဲ့က တွေ့ဆုံဆွေးနွေးစဉ် တိုက်တွန်းလိုက်ကြောင်း သိရသည်။

International Check Point ဖြစ်မှသာ ညီအစ်မမြို့တော်အဖြစ် လက်မှတ်ရေးထိုးထားသည့် လွိုင်ကော်နှင့် မယ်ဟောင်ဆောင်ကြား (၆) ည အိပ်၊ (၇) ရက်ခရီးစဉ်ဖော်ဆောင်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖေါ်နိုင်မည်ဖြစ်ကြောင်းကိုလည်း တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။

နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စက်မှုလက်မှုနှင့် ခရီးသွားလုပ်ငန်းတို့ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဦးဆောင်သည့် ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနတာဝန်ရှိသူများပါဝင်သည့်အဖွဲ့က မယ်ဟောင်ဆောင်ခရိုင် အုပ်ချုပ်ရေးမှူး Mr . Sirirat Chamupakarn ဦးဆောင်သည့် အဖွဲ့ဝင် (၃၄) ဦးပါဝင်သည့်အဖွဲ့ဖြင့် ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ #ကယားပြည်နယ်အစိုးရအဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~