လားရိႈးၿမိဳ႕ ခ်ယ္ရီၿမိဳင္အိမ္ယာတြင္ လူအုပ္စုျဖင့္ ဝိုင္းရိုက္ၿပီး ဆုိင္ကယ္လုမႈျဖစ္ပြား

လားရိႈးၿမိဳ႕ ခ်ယ္ရီၿမိဳင္အိမ္ယာတြင္ လူအုပ္စုျဖင့္ ဝိုင္းရိုက္ၿပီး ဆုိင္ကယ္လုမႈျဖစ္ပြား
သြဂုတ် 7, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရႈိးၿမိဳ႕ ခ်ယ္ရီၿမိဳင္အိမ္ယာဝန္းအတြင္း ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၇) ရက္ေန႔ ည (၈) နာရီဝန္းက်င္က  ဆိုင္ကယ္စီးလာသည့္ လူငယ္ (၃) ဦးကို ဆုိင္ကယ္ျဖင့္လူ(၅)ဦးက တုတ္ျဖင့္ဝိုင္းရိုက္၍ ဆိုင္ကယ္လုယူသြားေၾကာင္း သိရသည္။

ခ်ယ္ရီၿမိဳင္အိမ္ယာဝန္းမွေန၍ ၿမိဳ႕တြင္းအသြားတြင္ ဝိုင္းရိုက္ကာဆိုင္ကယ္လုခံရျခင္းျဖစ္ၿပီး အသက္ (၁၉) ႏွစ္အရြယ္ လူငယ္တစ္ဦးတြင္ ဦးေခါင္းဒဏ္ရာရသြားသျဖင့္ လားရိႈးျပည္သူ႔ေဆးရံုသို႔ တင္ပို႔ထားရေၾကာင္း သိရသည္။

အဆိုပါ လူငယ္(၃)ဦးက ဆိုင္ကယ္အလုခံရခ်ိန္တြင္ ရဲတပ္ဖြဲ႕အား အေၾကာင္းၾကားၿပီး ခ်ယ္ရီၿမိဳင္အိမ္ယာဝန္းအတြင္းရိွ ၎တို႔အေဆာင္သို႔ျပန္၍ သူငယ္ခ်င္းမ်ားကိုေခၚကာ ကားျဖင့္လုိက္ရွာရာ (၃)လမ္းႏွင့္ (၁၃)လမ္းဆံုတြင္ ဆိုင္ကယ္လုယူသြားသည့္ အဖြဲ႕ႏွင့္ မ်က္ႏွာခ်င္းဆိုင္ေတြ႕ေၾကာင္း သိရသည္။

ဆိုင္ကယ္လုသည့္အဖြဲ႕က ဆိုင္ကယ္အား လမ္းေဘးေျမာင္းအတြင္း ပစ္ခ်ခဲ့ၿပီး ထြက္ေျပးသြားသျဖင့္ ဆုိင္ကယ္ကို ျပန္ရခဲ့ၿပီး ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာကို စစ္ေဆးကာ ထြက္ေျပးလြတ္ေျမာက္ေနသူမ်ားအား ရွာေဖြေနေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ေနၿဖိဳးျမင့္

~~~~~~~~⊰❂ unicode ~~~~~~~~
လားရှိုးမြို့ ချယ်ရီမြိုင်အိမ်ယာတွင် လူအုပ်စုဖြင့် ဝိုင်းရိုက်ပြီး ဆိုင်ကယ်လုမှုဖြစ်ပွား
**********************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ချယ်ရီမြိုင်အိမ်ယာဝန်းအတွင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ ည (၈) နာရီဝန်းကျင်က  ဆိုင်ကယ်စီးလာသည့် လူငယ် (၃) ဦးကို ဆိုင်ကယ်ဖြင့်လူ(၅)ဦးက တုတ်ဖြင့်ဝိုင်းရိုက်၍ ဆိုင်ကယ်လုယူသွားကြောင်း သိရသည်။

ချယ်ရီမြိုင်အိမ်ယာဝန်းမှနေ၍ မြို့တွင်းအသွားတွင် ဝိုင်းရိုက်ကာဆိုင်ကယ်လုခံရခြင်းဖြစ်ပြီး အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ဦးတွင် ဦးခေါင်းဒဏ်ရာရသွားသဖြင့် လားရှိုးပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း သိရသည်။

အဆိုပါ လူငယ်(၃)ဦးက ဆိုင်ကယ်အလုခံရချိန်တွင် ရဲတပ်ဖွဲ့အား အကြောင်းကြားပြီး ချယ်ရီမြိုင်အိမ်ယာဝန်းအတွင်းရှိ ၎င်းတို့အဆောင်သို့ပြန်၍ သူငယ်ချင်းများကိုခေါ်ကာ ကားဖြင့်လိုက်ရှာရာ (၃)လမ်းနှင့် (၁၃)လမ်းဆုံတွင် ဆိုင်ကယ်လုယူသွားသည့် အဖွဲ့နှင့် မျက်နှာချင်းဆိုင်တွေ့ကြောင်း သိရသည်။

ဆိုင်ကယ်လုသည့်အဖွဲ့က ဆိုင်ကယ်အား လမ်းဘေးမြောင်းအတွင်း ပစ်ချခဲ့ပြီး ထွက်ပြေးသွားသဖြင့် ဆိုင်ကယ်ကို ပြန်ရခဲ့ပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို စစ်ဆေးကာ ထွက်ပြေးလွတ်မြောက်နေသူများအား ရှာဖွေနေကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #နေဖြိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~