
သွဂုတျ 4, 2018
By 🌸




ဓါတ်ပုံ #ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံတွင် အုတ်သဲကျောက်မြေသယ်ယာဉ်ကြောင့်  ယာဉ်/လမ်းအန္တရာယ်မဖြစ်စေရေးအပါအဝင် ယာဉ်/လမ်းစည်းကမ်းလိုက်နာရေး ဒေသခံ ၄၄၂ ဦးကို  အသိပညာပေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များ ပစ္စည်းသယ်ရာ၌ လမ်းပေါ်ဖိတ်ကျမှုမရှိစေဘဲ သယ်ဆောင်ရေးအပါအဝင် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းလိုက်နာရေးအတွက် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့က စုစုပေါင်းလူဦးရေ(၄၄၂)ဦးကို ပညာပေးဟောပြောထားကြောင်း သိရသည်။

အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်များအနေဖြင့် ပစ္စည်းများသယ်ဆောင်ရာတွင် လမ်းပေါ်သို့ ဖိတ်ကျမှုမရှိစေရန် အမိုးအကာများ ပြုလုပ်တင်ဆောင်ရန်၊ ယာဉ်၏ဘေးဘောင်သို့ကျော်၍ တင်ဆောင်ခြင်းမပြုရန်၊ နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်း မပြုရန်တို့ကို ပညာပေးဟောပြောခြင်းဖြစ်ကြောင်း သိရသည်။

အုတ်၊သဲ၊ကျောက်၊မြေသယ်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၅၀)ဦးတို့အား အမှတ်(၉)ယာဉ်ထိန်း ရဲဒုတပ်ဖွဲ့ခွဲ(ရှမ်းအရှေ့)ကွပ်ကဲမှုအောက်ရှိ အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် ဦးစီးတပ်ဖွဲ့ဝင်များသည် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များနှင့်အတူ နံနက်(၉)နာရီအချိန်မှစ၍ ကျိုင်းတုံ - တောင်ကြီးကားလမ်းနှင့် ဝေါ်ခုတ်လမ်းဆုံ၊ ကျိုင်းတုံ - မိုင်းခတ်ကားလမ်း၊ နောင်ဖာတံတားတို့တွင်လည်းကောင်း အသီးသီးပညာပေးဟောပြောခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများနှင့် ကျောင်းသား၊ကျောင်းသူများအား ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ နောင်ခမ်းရပ်ရှိ ဓမ္မဝတ္တဘုန်းကြီးကျောင်း၌ ဒေသခံ(၂၇၀)ကို အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့(ကျိုင်းတုံ)မှ ဒုရဲအုပ်ထွန်းအောင်ကျော်ကလည်းကောင်း၊ နေ့လယ်(၁)နာရီတွင် ကျိုင်းတုံမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၂၂)ဦးခန့်ကို အမှတ်(၁၁၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး(ကျိုင်းတုံ)မှ ဒုရဲမှူးကျော်ဇောအောင်ဦးစီးအဖွဲ့ကလည်းကောင်း အသီးသီးဟောပြောခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~