က်ိဳင္းတံုၿမိဳ႕၏အထင္ကရ ၿမိဳ႕လယ္မွ ေနာင္တံုကန္တြင္ ငါးမွ်ားသူ၊ငါးပိုက္ဆြဲဖမ္းသူမ်ားရိွေန

က်ိဳင္းတံုၿမိဳ႕၏အထင္ကရ ၿမိဳ႕လယ္မွ ေနာင္တံုကန္တြင္ ငါးမွ်ားသူ၊ငါးပိုက္ဆြဲဖမ္းသူမ်ားရိွေန
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၏ အထင္ကရေနရာျဖစ္သည့္ ၿမိဳ႕လယ္မွ ေနာင္တံုကန္တြင္ သံပန္းမ်ား ကာရံထားေသာ္လည္း ကန္အတြင္း ငါးမွ်ားသူ၊ ငါးပိုက္ဆြဲသူမ်ားရိွေနသည့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၄)ရက္ေန႔ ညေနက ျမင္ကြင္းမ်ားျဖစ္ပါသည္။

က်ိဳင္းတံုၿမိဳ႕သို႔ အလည္အပတ္လာသူမ်ား လာေရာက္လည္ပတ္ရာေနရာႏွင့္ ေဒသခံမ်ား အပန္းေျဖေနရာျဖစ္သည့္ ေနာင္တံုကန္ေဘာင္တြင္ စည္းကမ္းမဲ့ရပ္ထားသည့္ ကား၊ ဆုိင္ကယ္မ်ား၊ စည္းကမ္းမဲ့စြန္႔ပစ္သည့္အမိႈက္မ်ား၊ ငါးမွ်ား၊ငါးဖမ္းရာမွ စြန္႔ပစ္ထားသည့္ ငါးေသနံ႕မ်ားျဖင့္ လာေရာက္အပန္းေျဖသူမ်ား အေႏွာင့္အယွက္ျဖစ္ေနေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕လယ္ရိွ (၃၅)ဧကေက်ာ္ က်ယ္ဝန္းသည့္ ေနာင္တံုကန္ကို ၂၀၀၈ ခုႏွစ္ကတည္းက သံပန္းအလွမ်ား တပ္ဆင္ၿပီး ကန္ေဘးပတ္လည္တြင္ အပန္းေျဖေနရာ၊ အားကစားေလ့က်င့္ရန္ေနရာတုိ႔ ျပဳလုပ္ေပးထားေသာ္လည္း သံပန္းမ်ားလည္း မၾကာခဏဖ်က္ဆီးခံေနရဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #ၿငိမ္းခ်မ္း(ျပည္)

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့၏အထင်ကရ မြို့လယ်မှ နောင်တုံကန်တွင် ငါးမျှားသူ၊ငါးပိုက်ဆွဲဖမ်းသူများရှိနေ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အထင်ကရနေရာဖြစ်သည့် မြို့လယ်မှ နောင်တုံကန်တွင် သံပန်းများ ကာရံထားသော်လည်း ကန်အတွင်း ငါးမျှားသူ၊ ငါးပိုက်ဆွဲသူများရှိနေသည့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့ ညနေက မြင်ကွင်းများဖြစ်ပါသည်။

ကျိုင်းတုံမြို့သို့ အလည်အပတ်လာသူများ လာရောက်လည်ပတ်ရာနေရာနှင့် ဒေသခံများ အပန်းဖြေနေရာဖြစ်သည့် နောင်တုံကန်ဘောင်တွင် စည်းကမ်းမဲ့ရပ်ထားသည့် ကား၊ ဆိုင်ကယ်များ၊ စည်းကမ်းမဲ့စွန့်ပစ်သည့်အမှိုက်များ၊ ငါးမျှား၊ငါးဖမ်းရာမှ စွန့်ပစ်ထားသည့် ငါးသေနံ့များဖြင့် လာရောက်အပန်းဖြေသူများ အနှောင့်အယှက်ဖြစ်နေကြောင်း သိရသည်။

ကျိုင်းတုံမြို့လယ်ရှိ (၃၅)ဧကကျော် ကျယ်ဝန်းသည့် နောင်တုံကန်ကို ၂၀၀၈ ခုနှစ်ကတည်းက သံပန်းအလှများ တပ်ဆင်ပြီး ကန်ဘေးပတ်လည်တွင် အပန်းဖြေနေရာ၊ အားကစားလေ့ကျင့်ရန်နေရာတို့ ပြုလုပ်ပေးထားသော်လည်း သံပန်းများလည်း မကြာခဏဖျက်ဆီးခံနေရဆဲဖြစ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~