က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ရွဲန္ရြာအနီးတြင္ စိတ္ၾကြေဆးျပား (၂၂၀၀)ႏွင့္အတူ လူငယ္တစ္ဦးဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ ေနာင္ရွဲန္ရြာအနီးတြင္ စိတ္ၾကြေဆးျပား (၂၂၀၀)ႏွင့္အတူ လူငယ္တစ္ဦးဖမ္းမိ
သြဂုတ် 4, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္အတြင္း က်ိဳင္းတံု - ကတ္ထုိက္ေက်းရြာလမ္း ေနာင္ရွဲန္ေက်းရြာအနီးတြင္ စိတ္ၾကြေဆးျပား(၂၂၀၀)ျပားႏွင့္အတူ လူငယ္တစ္ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံု၊ က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕၊ ခရိုင္မႈ/ကူႏွင့္ သက္ေသမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၃)ရက္ေန႔ ညေန(၅)နာရီအခ်ိန္တြင္ က်ိဳင္းတံု - ကတ္ထုိက္ရြာလမ္းအတိုင္း ထြက္လာစဥ္ ေနာင္ရွဲန္ေက်းရြာအနီး ကားလမ္းမေဘး ေညာင္ပင္ေအာက္တြင္ ဆုိင္ကယ္တစ္စီးႏွင့္အတူ ေတြ႔ရသည့္ က်ေစာအား စစ္ေဆးရွာေဖြရာ အက်ၤ ီအိတ္အတြင္းထည့္ထားသည့္ စိတ္ၾကြေဆးျပား(၂၀၀၀)၊ ေဘာင္းဘီအိတ္အတြင္းထည့္ထားသည့္ စိတ္ၾကြေဆးျပား (၂၀၀)ႏွင့္ ျမန္မာက်ပ္ေငြ (၆၀၀၀)တုိ႔အား ရွာေဖြေတြ႕ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ က်ေစာအား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၄၅/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၀(က)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့နယ် နောင်ရှဲန်ရွာအနီးတွင် စိတ်ကြွဆေးပြား (၂၂၀၀)နှင့်အတူ လူငယ်တစ်ဦးဖမ်းမိ
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ - ကတ်ထိုက်ကျေးရွာလမ်း နောင်ရှဲန်ကျေးရွာအနီးတွင် စိတ်ကြွဆေးပြား(၂၂၀၀)ပြားနှင့်အတူ လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံ၊ ကျိုင်းတုံမြို့မရဲတပ်ဖွဲ့၊ ခရိုင်မှု/ကူနှင့် သက်သေများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် ကျိုင်းတုံ - ကတ်ထိုက်ရွာလမ်းအတိုင်း ထွက်လာစဉ် နောင်ရှဲန်ကျေးရွာအနီး ကားလမ်းမဘေး ညောင်ပင်အောက်တွင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရသည့် ကျစောအား စစ်ဆေးရှာဖွေရာ အင်္ကျ ီအိတ်အတွင်းထည့်ထားသည့် စိတ်ကြွဆေးပြား(၂၀၀၀)၊ ဘောင်းဘီအိတ်အတွင်းထည့်ထားသည့် စိတ်ကြွဆေးပြား (၂၀၀)နှင့် မြန်မာကျပ်ငွေ (၆၀၀၀)တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် ကျစောအား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၄၅/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၀(က)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~