ဇနီးျဖစ္သူႏွင့္အတူရိွေနသည့္ သူစိမ္းအမ်ိဳးသားအား ေသနတ္ျဖင့္ပစ္သည့္ ခင္ပြန္း အမႈဖြင့္အေရးယူခံရ

ဇနီးျဖစ္သူႏွင့္အတူရိွေနသည့္ သူစိမ္းအမ်ိဳးသားအား ေသနတ္ျဖင့္ပစ္သည့္ ခင္ပြန္း အမႈဖြင့္အေရးယူခံရ
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံု - မုိင္းခတ္လမ္းေဘး ေတာင္ယာတဲတြင္ ဇနီးျဖစ္သူႏွင့္ သူစိမ္းအမ်ဳိးသားတစ္ဦးတို႔ အတူရိွေနသည္ကို သိရွိသြားသည့္ ခင္ပြန္းျဖစ္သူက ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္ရာမွ ဒဏ္ရာရသြားသည့္ သူစိမ္းအမ်ဳိးသားက  ေသနတ္ျဖင့္ လာေရာက္ ပစ္ခတ္သူကို အေရးယူေပးရန္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ အမႈလာဖြင့္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕နယ္အတြင္း က်ိဳင္းတံု - မုိင္းခတ္လမ္းမႀကီး (၁၉)မိုင္ေဘးဘက္ရိွ ေတာင္ယာတဲတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂)ရက္ေန႔ ည (၉)နာရီဝန္းက်င္က ေကာင္းထက္ဟိန္းႏွင့္ မမီဂ်ဴးတို႔ အတူရိွေနစဥ္ မမီဂ်ဴး၏ ခင္ပြန္းျဖစ္သူ ယာဘလို ေရာက္လာၿပီး ေကာင္းထက္ဟိန္းအား တူမီးေသနတ္ျဖင့္ ပစ္ခတ္ရာ ေကာင္းထက္ဟိန္းတြင္ ယာဘက္လက္ေမာင္း ဂ်ိဳင္းေအာက္ေဖာက္ဝင္ဒဏ္ရာ (၂)ခ်က္၊ ရင္ဘတ္ဝဲ/ယာရွပ္ထိ ဒဏ္ရာ(၂)ခ်က္၊ ဝဲဘက္ေပါင္ေဖာက္ဝင္ဒဏ္ရာ(၃)ခ်က္တုိ႔ ရသြားေသာ္လည္း ဒဏ္ရာ အေျခအေနမွာ မစိုးရိမ္ရေၾကာင္း သိရသည္။

၎အား ေသနတ္ျဖင့္ပစ္ခတ္သူ ယာဘလိုအား အေရးယူေပးရန္ ေကာင္းထက္ဟိန္းက က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ၾသဂုတ္လ(၅)ရက္ေန႔က လာေရာက္အမႈဖြင့္သျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္း၌ ယာဘလိုအား (ပ)၂၆၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၇ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ဇနီးဖြစ်သူနှင့်အတူရှိနေသည့် သူစိမ်းအမျိုးသားအား သေနတ်ဖြင့်ပစ်သည့် ခင်ပွန်း အမှုဖွင့်အရေးယူခံရ
********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ - မိုင်းခတ်လမ်းဘေး တောင်ယာတဲတွင် ဇနီးဖြစ်သူနှင့် သူစိမ်းအမျိုးသားတစ်ဦးတို့ အတူရှိနေသည်ကို သိရှိသွားသည့် ခင်ပွန်းဖြစ်သူက သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာမှ ဒဏ်ရာရသွားသည့် သူစိမ်းအမျိုးသားက  သေနတ်ဖြင့် လာရောက် ပစ်ခတ်သူကို အရေးယူပေးရန် ကျိုင်းတုံမြို့မရဲစခန်း၌ အမှုလာဖွင့်ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံ - မိုင်းခတ်လမ်းမကြီး (၁၉)မိုင်ဘေးဘက်ရှိ တောင်ယာတဲတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့ ည (၉)နာရီဝန်းကျင်က ကောင်းထက်ဟိန်းနှင့် မမီဂျူးတို့ အတူရှိနေစဉ် မမီဂျူး၏ ခင်ပွန်းဖြစ်သူ ယာဘလို ရောက်လာပြီး ကောင်းထက်ဟိန်းအား တူမီးသေနတ်ဖြင့် ပစ်ခတ်ရာ ကောင်းထက်ဟိန်းတွင် ယာဘက်လက်မောင်း ဂျိုင်းအောက်ဖောက်ဝင်ဒဏ်ရာ (၂)ချက်၊ ရင်ဘတ်ဝဲ/ယာရှပ်ထိ ဒဏ်ရာ(၂)ချက်၊ ဝဲဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ(၃)ချက်တို့ ရသွားသော်လည်း ဒဏ်ရာ အခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

၎င်းအား သေနတ်ဖြင့်ပစ်ခတ်သူ ယာဘလိုအား အရေးယူပေးရန် ကောင်းထက်ဟိန်းက ကျိုင်းတုံမြို့မရဲစခန်းတွင် သြဂုတ်လ(၅)ရက်နေ့က လာရောက်အမှုဖွင့်သဖြင့် ကျိုင်းတုံမြို့မရဲစခန်း၌ ယာဘလိုအား (ပ)၂၆၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~