က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္ေက်ာ္ေဇာသတင္းရိွေနအိမ္မွ စိတ္ၾကြေဆးျပား (၆၉၈)ျပား ဖမ္းမိ

က်ိဳင္းတံုၿမိဳ႕တြင္ မူးယစ္ေက်ာ္ေဇာသတင္းရိွေနအိမ္မွ စိတ္ၾကြေဆးျပား (၆၉၈)ျပား ဖမ္းမိ
သြဂုတ် 6, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ ယန္းခေက်းရြာအုပ္စု၊ ႀကိတ္ေခါင္(ေအာက္)ေက်းရြာရိွ ေနအိမ္တစ္လံုးအား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၅)ရက္ေန႔ ည(၉)နာရီခြဲအခ်ိန္တြင္ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၆၉၈)ျပားႏွင့္ အမ်ိဳးသား(၂)ဦးကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွတပ္ဖြဲ႕ဝင္မ်ားသည္ သက္ေသမ်ားႏွင့္အတူ ႀကိတ္ေခါင္(ေအာက္)ရြာရိွ မူးယစ္ေက်ာ္ေဇာသတင္းရိွသည့္ အားမဲ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္တြင္ အားမဲႏွင့္အတူ အုိက္ေမာင္တုိ႔အား ေတြ႔ရၿပီး ၎တို႔အနီး ၾကမ္းျပင္ေပၚမွ စိတ္ၾကြေဆးျပား (၅၇၀)ပါသည့္ အထုပ္တစ္ထုပ္၊ အုိက္ေမာင္၏ ေဘာင္းဘီအိတ္အတြင္းမွ စိတ္ၾကြေဆးျပား (၁၂၈)ျပားပါအထုပ္တို႔အား ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားနွင့္အတူ ဖမ္းဆီးရမိသည့္ အားမဲႏွင့္ အုိက္ေမာင္တုိ႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၄၆/၂၀၁၈၊ မူး/စိတ္ ၁၉(က)/၂၁ ျဖင့္အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု #ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျိုင်းတုံမြို့တွင် မူးယစ်ကျော်ဇောသတင်းရှိနေအိမ်မှ စိတ်ကြွဆေးပြား (၆၉၈)ပြား ဖမ်းမိ
******************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းခကျေးရွာအုပ်စု၊ ကြိတ်ခေါင်(အောက်)ကျေးရွာရှိ နေအိမ်တစ်လုံးအား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့ ည(၉)နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၆၉၈)ပြားနှင့် အမျိုးသား(၂)ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ကြိတ်ခေါင်(အောက်)ရွာရှိ မူးယစ်ကျော်ဇောသတင်းရှိသည့် အားမဲ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်တွင် အားမဲနှင့်အတူ အိုက်မောင်တို့အား တွေ့ရပြီး ၎င်းတို့အနီး ကြမ်းပြင်ပေါ်မှ စိတ်ကြွဆေးပြား (၅၇၀)ပါသည့် အထုပ်တစ်ထုပ်၊ အိုက်မောင်၏ ဘောင်းဘီအိတ်အတွင်းမှ စိတ်ကြွဆေးပြား (၁၂၈)ပြားပါအထုပ်တို့အား ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အားမဲနှင့် အိုက်မောင်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၄၆/၂၀၁၈၊ မူး/စိတ် ၁၉(က)/၂၁ ဖြင့်အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ #ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~