က်ိဳင္းတံုတြင္ လမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးႀကီးတစ္ဦးအား ပထမႏွစ္ေက်ာင္းသား ေမာင္းႏွင္လာသည့္ ဆုိင္ကယ္ျဖင့္ တုိက္မိမႈ ျဖစ္ပြား

က်ိဳင္းတံုတြင္ လမ္းျဖတ္ကူးသည့္ အမ်ိဳးသမီးႀကီးတစ္ဦးအား ပထမႏွစ္ေက်ာင္းသား ေမာင္းႏွင္လာသည့္ ဆုိင္ကယ္ျဖင့္ တုိက္မိမႈ ျဖစ္ပြား
သြဂုတ် 13, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ က်ိဳင္းတံုတကၠသိုလ္ ပထမႏွစ္ေက်ာင္းသားတစ္ဦး ေမာင္းနွင္လာသည့္ ဆုိင္ကယ္က လမ္းျဖတ္ကူးသည့္ အသက္(၈၃)ႏွစ္အရြယ္ အမ်ိဳးသမီးႀကီးတစ္ဦးအား တိုက္မိသျဖင့္ ဒဏ္ရာျပင္းထန္စြာရသြားေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၃)ရက္ေန႔၊ နံနက္(၈)နာရီခြဲဝန္းက်င္တြင္ ေမာင္ဟိန္းေဇာ္က က်ိဳင္းတံု - ေတာင္ႀကီးကားလမ္းအတုိင္း က်ိဳင္းတံုၿမိဳ႕တြင္းဘက္မွ က်ိဳင္းေဖာင္းဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာစဥ္ ရပ္ကြက္(၁)၊ ယန္းခမ္းရြာ၊ ကားႀကီးကြင္းေရွ႕အေရာက္၌ လမ္းျဖတ္ကူးလာသည့္ ေဒၚမာရီယာအား ဝင္တုိက္ မိျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တုိက္မႈေၾကာင့္ ဒဏ္ရာရသြားသည့္ ေမာင္ဟိန္းေဇာ္ႏွင့္ ေဒၚမာရီယာတို႔အား ႏွလံုးလွလူမႈကူညီေရး အသင္းက  က်ိဳင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ေဒၚမာရီယာမွာ အတြင္းလူနာအျဖစ္ ကုသမႈ ခံယူေနရေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တုိက္မႈႏွင့္ ပတ္သက္၍ ဟိန္းေဇာ္အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၃၄/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၃၈/၃၃၇/၂၇၉ တို႔ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ကျိုင်းတုံတက္ကသိုလ် ပထမနှစ်ကျောင်းသားတစ်ဦး မောင်းနှင်လာသည့် ဆိုင်ကယ်က လမ်းဖြတ်ကူးသည့် အသက်(၈၃)နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦးအား တိုက်မိသဖြင့် ဒဏ်ရာပြင်းထန်စွာရသွားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၃)ရက်နေ့၊ နံနက်(၈)နာရီခွဲဝန်းကျင်တွင် မောင်ဟိန်းဇော်က ကျိုင်းတုံ - တောင်ကြီးကားလမ်းအတိုင်း ကျိုင်းတုံမြို့တွင်းဘက်မှ ကျိုင်းဖောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာစဉ် ရပ်ကွက်(၁)၊ ယန်းခမ်းရွာ၊ ကားကြီးကွင်းရှေ့အရောက်၌ လမ်းဖြတ်ကူးလာသည့် ဒေါ်မာရီယာအား ဝင်တိုက် မိခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားသည့် မောင်ဟိန်းဇော်နှင့် ဒေါ်မာရီယာတို့အား နှလုံးလှလူမှုကူညီရေး အသင်းက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဒေါ်မာရီယာမှာ အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ဟိန်းဇော်အား ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၃၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~