ေက်ာက္မဲၿမိဳ႕ KTV ခန္းမီးေလာင္မႈႏွင့္ပတ္သက္၍ တာဝန္က်အခန္းေစာင့္ဝန္ထမ္းကို အမႈဖြင့္အေရးယူ

ေက်ာက္မဲၿမိဳ႕ KTV ခန္းမီးေလာင္မႈႏွင့္ပတ္သက္၍ တာဝန္က်အခန္းေစာင့္ဝန္ထမ္းကို အမႈဖြင့္အေရးယူ
သြဂုတ် 5, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၇)ရပ္ကြက္ရွိ  7 Day KTV တြင္ ၾသဂုတ္လ (၅) ရက္ေန႔ နံ႔နက္ပိုင္းက မီးေလာင္ကၽြမ္းမႈမွာ အခန္းတြင္း ဧည့္သည္စြန္႔႔ပစ္ထားသည့္ ေဆးလိပ္မီးမွတစ္ဆင့္ ေလာင္ကၽြမ္းျခင္းျဖစ္ေၾကာင္း မီးသတ္တပ္ဖြဲ႕ထံမွသိရၿပီး တာဝန္က်အခန္းေစာင့္ဝန္ထမ္းကို အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕၊ အမွတ္ (၇) ရပ္ကြက္၊ နယ္ေျမ (၆) ရွိ 7 Day KTV ၏ အခန္းတစ္ခန္းတြင္ သီခ်င္းလာဆိုသည့္ ဧည့္သည္မ်ား စြန္႔ပစ္သြားသည့္ ေဆးလိပ္တိုမွတစ္ဆင့္ နံနက္ (၅) နာရီခြဲဝန္းက်င္တြင္  အခန္းတြင္း ဆိုဖာထိုင္ခံုမ်ား မီးစြဲ ေလာင္ခဲ့ျခင္းျဖစ္ၿပီး တာဝန္သိျပည္သူတစ္ဦးက ေက်ာက္မဲခရိုင္ မီးသတ္ဦးစီးဌာနသို႔ ဖုန္းဆက္ အေၾကာင္းၾကားေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေက်ာက္မဲခရိုင္မီးသတ္ဦးစီးဌာနမွ မီးသတ္တပ္ဖြဲ႔ဝင္မ်ား သြားေရာက္ ၿငိမ္းသတ္ရာတြင္ နံနက္ (၆) နာရီခြဲဝန္းက်င္တြင္ လံုးဝမီးၿငိမ္းႏိုင္ခဲ့ၿပီး  အခန္းတစ္ခန္းအတြင္းရိွ ပစၥည္းမ်ား ေလာင္ကၽြမ္းသြားကာ မီးေလာင္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရမႈမရိွေၾကာင္း သိရသည္။

မီးေလာင္မႈျဖစ္ပြားသည့္ 7 Day KTV သီခ်င္းဆိုခန္းတြင္ တာဝန္က်သည့္ဝန္ထမ္းျဖစ္သူ အသက္(၂၄)ႏွစ္အရြယ္ သန္႔ဇင္အား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္  ပ(၃၂၀/၂၀၁၈) ရာဇသတ္ႀကီးပုဒ္မ ၂၈၅ မီးေပါ့ဆမႈျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #မီးသတ္တပ္ဖြဲ႕

~~~~~~~~⊰❂ unicode ~~~~~~~~
ကျောက်မဲမြို့ KTV ခန်းမီးလောင်မှုနှင့်ပတ်သက်၍ တာဝန်ကျအခန်းစောင့်ဝန်ထမ်းကို အမှုဖွင့်အရေးယူ
*******************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့၊ အမှတ် (၇)ရပ်ကွက်ရှိ  7 Day KTV တွင် သြဂုတ်လ (၅) ရက်နေ့ နံ့နက်ပိုင်းက မီးလောင်ကျွမ်းမှုမှာ အခန်းတွင်း ဧည့်သည်စွန့့်ပစ်ထားသည့် ဆေးလိပ်မီးမှတစ်ဆင့် လောင်ကျွမ်းခြင်းဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှသိရပြီး တာဝန်ကျအခန်းစောင့်ဝန်ထမ်းကို အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ကျောက်မဲမြို့၊ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၆) ရှိ 7 Day KTV ၏ အခန်းတစ်ခန်းတွင် သီချင်းလာဆိုသည့် ဧည့်သည်များ စွန့်ပစ်သွားသည့် ဆေးလိပ်တိုမှတစ်ဆင့် နံနက် (၅) နာရီခွဲဝန်းကျင်တွင်  အခန်းတွင်း ဆိုဖာထိုင်ခုံများ မီးစွဲ လောင်ခဲ့ခြင်းဖြစ်ပြီး တာဝန်သိပြည်သူတစ်ဦးက ကျောက်မဲခရိုင် မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက် အကြောင်းကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက် ငြိမ်းသတ်ရာတွင် နံနက် (၆) နာရီခွဲဝန်းကျင်တွင် လုံးဝမီးငြိမ်းနိုင်ခဲ့ပြီး  အခန်းတစ်ခန်းအတွင်းရှိ ပစ္စည်းများ လောင်ကျွမ်းသွားကာ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် 7 Day KTV သီချင်းဆိုခန်းတွင် တာဝန်ကျသည့်ဝန်ထမ်းဖြစ်သူ အသက်(၂၄)နှစ်အရွယ် သန့်ဇင်အား ကျောက်မဲမြို့မရဲစခန်းတွင်  ပ(၃၂၀/၂၀၁၈) ရာဇသတ်ကြီးပုဒ်မ ၂၈၅ မီးပေါ့ဆမှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #မီးသတ်တပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~