အေမရိကန္ေဒၚလာ (၁၂.၈)သန္းကုန္က်မည့္ သားဖြားမီးယပ္ေဆာင္ကို မေကြးျပည္သူ႔ေဆးရံုအတြက္ JICA က လွဴဒါန္း

အေမရိကန္ေဒၚလာ (၁၂.၈)သန္းကုန္က်မည့္ သားဖြားမီးယပ္ေဆာင္ကို မေကြးျပည္သူ႔ေဆးရံုအတြက္ JICA က လွဴဒါန္း
သြဂုတ် 2, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး ျပည္သူ႔ေဆးရံုႀကီး၌ ဂ်ပန္ႏိုင္ငံ JICA က ေဆာက္လုပ္လွဴဒါန္းသည့္ သားဖြားမီးယပ္ႏွင့္ ေမြးကင္းစကေလးမ်ားအတြက္ (၃)ထပ္ေဆာင္အား (၂)ႏွစ္အတြင္း အၿပီးေဆာက္လုပ္သြား မည္ျဖစ္ေၾကာင္း သိရသည္။

"ၾသဂုတ္လ(၁)ရက္ေန႔မွာ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံရံုးက ဒုတိယအတြင္းဝန္ Mr.Isozaki တက္ေရာက္ၿပီး ပႏၷက္တင္မဂၤလာအခမ္းအနား ျပဳလုပ္ပါတယ္။ အေဆာက္အဦကို (၂၂)လၾကာ ကာလအတြင္း အၿပီးေဆာက္လုပ္မွာျဖစ္ၿပီး သားဖြားမီးယပ္ကုသမႈအတြက္ လိုအပ္တဲ့ ေဆးရံုသံုးအေထာက္အကူျပဳပစၥည္းေတြ၊ ေမ့ေဆးစက္စတဲ့ ခဲြစိတ္ခန္းသံုး ပစၥည္းေတြကိုလည္း ထည့္သြင္း လွဴဒါန္းသြားမယ္လို႔သိရတာေၾကာင့္ မိခင္ နဲ႔ ေမြးကင္းစကေလးေတြအတြက္ ယခုထက္ ျပည့္စံုေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္ေတာ့မွာျဖစ္ပါတယ္"ဟု မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာၾကား သည္။

အဆိုပါ အေဆာက္အဦ ပႏၷက္တင္မဂၤလာအခမ္းအနားသို႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးမ်ား၊ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ တာဝန္ရိွသူမ်ား၊ မေကြးတိုင္းေဒသႀကီး ကုသေရးဦးစီးဌာနမွဴး၊ JICA မွ တာဝန္ရိွပုဂၢိဳလ္မ်ား၊တိုင္း/ခရိုင္အဆင့္ ဌာနဆိုင္ရာအႀကီးအကဲမ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သက္တမ္း(၅၄)ႏွစ္ခန္႔ရိွၿပီျဖစ္ေသာ မေကြးတိုင္းျပည္သူ႔ေဆးရံုႀကီးအား ၁၉၆၄ ခုႏွစ္ ဧၿပီလမွစ၍ ကုတင္(၂၀၀)ေဆးရံုႀကီးအျဖစ္ တိုးျမႇင့္ခဲ့ျခင္းျဖစ္ေသာ္လည္း လက္ရိွတြင္ အတြင္းလူနာ(၅၀၀)ခန္႔ ရိွေနသျဖင့္ အေဆာက္အဦႏွင့္ ေဆးရံုသံုးအေထာက္အကူျပဳပစၥည္းမ်ား လိုအပ္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း -  #ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး၌ ဂျပန်နိုင်ငံ JICA က ဆောက်လုပ်လှူဒါန်းသည့် သားဖွားမီးယပ်နှင့် မွေးကင်းစကလေးများအတွက် (၃)ထပ်ဆောင်အား (၂)နှစ်အတွင်း အပြီးဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

"သြဂုတ်လ(၁)ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဒုတိယအတွင်းဝန် Mr.Isozaki တက်ရောက်ပြီး ပန္နက်တင်မင်္ဂလာအခမ်းအနား ပြုလုပ်ပါတယ်။ အဆောက်အဦကို (၂၂)လကြာ ကာလအတွင်း အပြီးဆောက်လုပ်မှာဖြစ်ပြီး သားဖွားမီးယပ်ကုသမှုအတွက် လိုအပ်တဲ့ ဆေးရုံသုံးအထောက်အကူပြုပစ္စည်းတွေ၊ မေ့ဆေးစက်စတဲ့ ခွဲစိတ်ခန်းသုံး ပစ္စည်းတွေကိုလည်း ထည့်သွင်း လှူဒါန်းသွားမယ်လို့သိရတာကြောင့် မိခင် နဲ့ မွေးကင်းစကလေးတွေအတွက် ယခုထက် ပြည့်စုံကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်တော့မှာဖြစ်ပါတယ်"ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြား သည်။

အဆိုပါ အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ JICA မှ တာဝန်ရှိပုဂ္ဂိုလ်များ၊တိုင်း/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်တမ်း(၅၄)နှစ်ခန့်ရှိပြီဖြစ်သော မကွေးတိုင်းပြည်သူ့ဆေးရုံကြီးအား ၁၉၆၄ ခုနှစ် ဧပြီလမှစ၍ ကုတင်(၂၀၀)ဆေးရုံကြီးအဖြစ် တိုးမြှင့်ခဲ့ခြင်းဖြစ်သော်လည်း လက်ရှိတွင် အတွင်းလူနာ(၅၀၀)ခန့် ရှိနေသဖြင့် အဆောက်အဦနှင့် ဆေးရုံသုံးအထောက်အကူပြုပစ္စည်းများ လိုအပ်နခြေင်းဖြစ်ကြောင်း သိရသည်။

သတင်း - #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~