ခိုးမႈျဖင့္ စြပ္စြဲအမႈဖြင့္ခံရမႈေၾကာင့္ ဂုဏ္သိကၡာထိပါးေစသျဖင့္ အမႈဖြင့္သူကို ဥပေဒအရျပန္လည္အေရးယူမည္

ခိုးမႈျဖင့္ စြပ္စြဲအမႈဖြင့္ခံရမႈေၾကာင့္ ဂုဏ္သိကၡာထိပါးေစသျဖင့္ အမႈဖြင့္သူကို ဥပေဒအရျပန္လည္အေရးယူမည္
သြဂုတ် 7, 2018
By 🌸
ခိုးမႈႏွင့္စြပ္စဲြအမႈဖြင့္ခံရၿပီး ဖမ္းဆီးစစ္ေဆးခ်ဳပ္ေႏွာင္ခံခဲ့ရသူမ်ားက စြပ္စဲြအမႈဖြင့္သူအား ဥပေဒႏွင့္အညီ ျပန္လည္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေက်ာင္းသားတစ္ဦးအပါအဝင္ (၄)ဦးကို ေခ်ာက္ၿမိဳ႕မရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၁၆)ရက္ေန႔က အမႈဖြင့္ခံရၿပီးေနာက္ ေက်ာင္းသားတစ္ဦးမွလြဲ၍ က်န္(၃)ဦးကို ဖမ္းဆီးခ်ဳပ္ေႏွာင္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေနာက္ စြပ္စြဲခံရသူ (၄)ဦးတြင္ ခုိုးမႈက်ဴးလြန္ေသာလကၡဏာမ်ား စစ္ေဆးေပၚေပါက္ျခင္းမရိွ၍ က်င့္ထံုးဥပေဒပုဒ္မ ၁၆၉ ျဖင့္ ဇူလုိင္လ(၃၀)ရက္ေန႔တြင္ ျပန္လည္လႊတ္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"အဲယားကြန္းျပင္ဖို႔ရိွတာေၾကာင့္ ဇူလိုင္(၁၅)ရက္ေန႔မွာ ကၽြန္ေတာ့္ဦးေလးက အေတြ႔အႀကံဳရေအာင္ဆိုၿပီး ေခၚလို႔လုိက္သြားတာပါ။ ဇူလိုင္(၁၆)ရက္ေန႔မွာေတာ့ ပစၥည္းေပ်ာက္လို႔ဆိုၿပီး ကၽြန္ေတာ့္ကိုရဲက ေခၚစစ္တယ္။ ဇူလိုင္(၁၇)ရက္ေန႔က်ေတာ့ Facebook က Media Top 4 မွာ သတင္းပါလာတယ္။ အဲဒီေနာက္ (၂၆)ရက္ေန႔မွာ က်ေနာ့ကို ထပ္ၿပီး ေက်ာင္းထဲအထိ လာေခၚစစ္ျပန္ပါတယ္။ ဦးေလးနဲ႔အတူက်န္တဲ့ (၃) ဦးကေတာ့ ဇူလိုင္(၂၄)ရက္ေန႔မွာ ဖမ္းခ်ဳပ္ခံရပါတယ္။ ကၽြန္ေတာ့္ကိုေတာ့ ခ်ဳပ္ထားျခင္းမရိွေပမဲ့ ေက်ာင္းကသူငယ္ခ်င္းေတြက facebook မွာ GTI ေက်ာင္းသားဆိုၿပီး သတင္းေတြ႔တယ္။ ရဲစခန္းမွာလည္း ကၽြန္ေတာ့္ကိုေတြ႔တယ္။ အဲဒီအမႈ ဟုတ္လားဆိုၿပီး အေမးခံရတာေၾကာင့္ ဆရာ၊ ဆရာမေတြနဲ႔ သူငယ္ခ်င္းေတြၾကားမွာ အရွက္ရခဲ့ပါတယ္။ ဒါေၾကာင့္ တစ္ဖက္သတ္စြပ္စဲြၿပီး အမႈဖြင့္ခဲ့သူကို  ျပန္အမႈဖြင့္ဖို႔ ျပင္ဆင္ေနၾကပါၿပီ။ facebook လူမႈကြန္ယက္က Media Top 4  News Paper မွာ သတင္းတင္ခဲ့သူကိုလည္း အမႈဖြင့္ဖို႔ အစီအစဥ္ရိွေပမဲ့ သူက သတင္းအမွားတင္ခဲ့မိလို႔ နစ္နာမႈျဖစ္ရတယ္ဆိုတာသိရတဲ့အတြက္ သတင္းအမွန္ကို ျပန္လည္ေဖာ္ျပေပးပါမယ္လို႔ ေျပာတာေၾကာင့္ လက္ခံလိုက္ပါတယ္” ဟု GTI ပထမႏွစ္ ေက်ာင္းသား ကိုေဝလင္းေက်ာ္က ေျပာသည္။

ေခ်ာက္ၿမိဳ႕ အမွတ္(၁၃)ရပ္ကြက္ရိွ ဦးေစာလြင္၏ေနအိမ္မွ ေငြႏွင့္ေရႊထည္ပစၥည္းမ်ားကို ၎အိမ္တြင္ အဲယားကြန္းျပင္ခဲ့ၾကသည့္ ေခ်ာက္ၿမိဳ႕ အမွတ္(၇)နယ္ေျမ အုတ္ဖိုရပ္ကြက္ေနသူ ေမာင္ရဲမင္းေအာင္(ခ)ဖိုးသား၊ ေမာင္လိႈင္ဝင္းေအာင္၊  ေမာင္လွမင္းသိန္းတို႔က ခိုးယူခဲ့ေၾကာင္း သံသယရိွသည္ဟုဆိုကာ ေခ်ာက္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္သျဖင့္ (ပ)၂၄၂/၂၀၁၈၊ရာဇသတ္ႀကီးပုဒ္မ ၃၈၀ ျဖင့္အမႈဖြင့္ခဲ့ကာ အဲယားကြန္းျပင္ရာတြင္ လိုက္ပါခဲ့သည့္ GTI ေက်ာင္းသား ေမာင္ေဝလင္းေက်ာ္မွအပ ဖိုးသားပါ(၃)ဦးမွာ ဇူလိုင္လ(၂၄)ရက္မွ (၃၀)ရက္ေန႔အထိ ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ျခင္းျဖစ္ၿပီး ခုိုးမႈက်ဴးလြန္ေသာလကၡဏာမ်ား စစ္ေဆးေပၚေပါက္ျခင္းမရိွ၍ က်င့္ ၁၆၉ ျဖင့္ ျပန္လည္လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း ေခ်ာက္ၿမိဳ႕မရဲစခန္းမွ ရဲအုပ္ျမစိုး၏ ေျပာၾကားခ်က္အရ သိရသည္။

ယင္းကဲ့သို႔ စြပ္စြဲအမႈဖြင့္ခံရျခင္းေၾကာင့္ ဂုဏ္သိကၡာက်ဆင္းေစသည့္အတြက္ အမႈဖြင့္ခံရသူ (၄)ဦးက စြပ္စဲြအမႈ ဖြင့္ခဲ့သူကို ဥပေဒႏွင့္အညီျပန္လည္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္

~~~~~~~~⊰❂ unicode ~~~~~~~~
ခိုးမှုဖြင့် စွပ်စွဲအမှုဖွင့်ခံရမှုကြောင့် ဂုဏ်သိက္ခာထိပါးစေသဖြင့် အမှုဖွင့်သူကို ဥပဒေအရပြန်လည်အရေးယူမည်
**************
ခိုးမှုနှင့်စွပ်စွဲအမှုဖွင့်ခံရပြီး ဖမ်းဆီးစစ်ဆေးချုပ်နှောင်ခံခဲ့ရသူများက စွပ်စွဲအမှုဖွင့်သူအား ဥပဒေနှင့်အညီ ပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းသားတစ်ဦးအပါအဝင် (၄)ဦးကို ချောက်မြို့မရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့က အမှုဖွင့်ခံရပြီးနောက် ကျောင်းသားတစ်ဦးမှလွဲ၍ ကျန်(၃)ဦးကို ဖမ်းဆီးချုပ်နှောင်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် စွပ်စွဲခံရသူ (၄)ဦးတွင် ခိုးမှုကျူးလွန်သောလက္ခဏာများ စစ်ဆေးပေါ်ပေါက်ခြင်းမရှိ၍ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ ဖြင့် ဇူလိုင်လ(၃၀)ရက်နေ့တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"အဲယားကွန်းပြင်ဖို့ရှိတာကြောင့် ဇူလိုင်(၁၅)ရက်နေ့မှာ ကျွန်တော့်ဦးလေးက အတွေ့အကြုံရအောင်ဆိုပြီး ခေါ်လို့လိုက်သွားတာပါ။ ဇူလိုင်(၁၆)ရက်နေ့မှာတော့ ပစ္စည်းပျောက်လို့ဆိုပြီး ကျွန်တော့်ကိုရဲက ခေါ်စစ်တယ်။ ဇူလိုင်(၁၇)ရက်နေ့ကျတော့ Facebook က Media Top 4 မှာ သတင်းပါလာတယ်။ အဲဒီနောက် (၂၆)ရက်နေ့မှာ ကျနော့ကို ထပ်ပြီး ကျောင်းထဲအထိ လာခေါ်စစ်ပြန်ပါတယ်။ ဦးလေးနဲ့အတူကျန်တဲ့ (၃) ဦးကတော့ ဇူလိုင်(၂၄)ရက်နေ့မှာ ဖမ်းချုပ်ခံရပါတယ်။ ကျွန်တော့်ကိုတော့ ချုပ်ထားခြင်းမရှိပေမဲ့ ကျောင်းကသူငယ်ချင်းတွေက facebook မှာ GTI ကျောင်းသားဆိုပြီး သတင်းတွေ့တယ်။ ရဲစခန်းမှာလည်း ကျွန်တော့်ကိုတွေ့တယ်။ အဲဒီအမှု ဟုတ်လားဆိုပြီး အမေးခံရတာကြောင့် ဆရာ၊ ဆရာမတွေနဲ့ သူငယ်ချင်းတွေကြားမှာ အရှက်ရခဲ့ပါတယ်။ ဒါကြောင့် တစ်ဖက်သတ်စွပ်စွဲပြီး အမှုဖွင့်ခဲ့သူကို  ပြန်အမှုဖွင့်ဖို့ ပြင်ဆင်နေကြပါပြီ။ facebook လူမှုကွန်ယက်က Media Top 4  News Paper မှာ သတင်းတင်ခဲ့သူကိုလည်း အမှုဖွင့်ဖို့ အစီအစဉ်ရှိပေမဲ့ သူက သတင်းအမှားတင်ခဲ့မိလို့ နစ်နာမှုဖြစ်ရတယ်ဆိုတာသိရတဲ့အတွက် သတင်းအမှန်ကို ပြန်လည်ဖော်ပြပေးပါမယ်လို့ ပြောတာကြောင့် လက်ခံလိုက်ပါတယ်” ဟု GTI ပထမနှစ် ကျောင်းသား ကိုဝေလင်းကျော်က ပြောသည်။

ချောက်မြို့ အမှတ်(၁၃)ရပ်ကွက်ရှိ ဦးစောလွင်၏နေအိမ်မှ ငွေနှင့်ရွှေထည်ပစ္စည်းများကို ၎င်းအိမ်တွင် အဲယားကွန်းပြင်ခဲ့ကြသည့် ချောက်မြို့ အမှတ်(၇)နယ်မြေ အုတ်ဖိုရပ်ကွက်နေသူ မောင်ရဲမင်းအောင်(ခ)ဖိုးသား၊ မောင်လှိုင်ဝင်းအောင်၊  မောင်လှမင်းသိန်းတို့က ခိုးယူခဲ့ကြောင်း သံသယရှိသည်ဟုဆိုကာ ချောက်မြို့မရဲစခန်းတွင် အမှုဖွင့်သဖြင့် (ပ)၂၄၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၈၀ ဖြင့်အမှုဖွင့်ခဲ့ကာ အဲယားကွန်းပြင်ရာတွင် လိုက်ပါခဲ့သည့် GTI ကျောင်းသား မောင်ဝေလင်းကျော်မှအပ ဖိုးသားပါ(၃)ဦးမှာ ဇူလိုင်လ(၂၄)ရက်မှ (၃၀)ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခဲ့ခြင်းဖြစ်ပြီး ခိုးမှုကျူးလွန်သောလက္ခဏာများ စစ်ဆေးပေါ်ပေါက်ခြင်းမရှိ၍ ကျင့် ၁၆၉ ဖြင့် ပြန်လည်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ချောက်မြို့မရဲစခန်းမှ ရဲအုပ်မြစိုး၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ စွပ်စွဲအမှုဖွင့်ခံရခြင်းကြောင့် ဂုဏ်သိက္ခာကျဆင်းစေသည့်အတွက် အမှုဖွင့်ခံရသူ (၄)ဦးက စွပ်စွဲအမှု ဖွင့်ခဲ့သူကို ဥပဒေနှင့်အညီပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~