
သြဂုတ် 7, 2018
By 🌸




~~~~~~~~⊰❂ unicode ~~~~~~~~
ဒေါက်တာနန္ဒဝင်း၏ "လူတွေနားနေပါ ပညာတွေ အလုပ်လုပ်ကြပါစေ"ဆောင်းပါးပေါင်းချုပ်စာအုပ် သီပေါတွင် သြဂုတ်လ (၈)ရက်နေ့ မိတ်ဆက်မည်
************
ဒေါက်တာနန္ဒဝင်း၏ (၇) အုပ်မြောက်စာအုပ်ဖြစ်သော "လူတွေနားနေပါ ပညာတွေ အလုပ်လုပ်ကြပါစေ" ဆောင်းပါး ပေါင်းချုပ်စာအုပ်မိတ်ဆက်ပွဲကို သီပေါမြို့ ပြည်သူ့ဆေးရုံ (မြောက်ဘက်ခြမ်း) ကျန်းမာရေးအသိပညာပေးစင်တာတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ နေ့လယ် (၁)နာရီမှ (၃) နာရီအထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာအုပ်ရောင်းရငွေအားလုံးဖြင့် ဆေးရုံဆေးခန်းပြသခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာပေးစာအုပ် ထုတ်ဝေပြီး အခမဲ့ဖြန့်ဝေမည်ဖြစ်ကြောင်း သိရသည်။

“လူတွေနားနေပါ ပညာတွေ အလုပ်လုပ်ကြပါစေ" ဆောင်းပါး ပေါင်းချုပ်စာအုပ်ကို ရန်ကုန်မြို့ရှိ စာပေလောက၊ ရာပြည့်၊ အင်းဝ၊ စာပေနန်းတော်၊ ကိုလတ်စာပေ(၃၁ လမ်း)၊ လှည်းတန်း it လက်ဖက်ရည်ဆိုင်၊ မန္တလေးမြို့-နဂါးစာပေ၊ ကျောက်မဲမြို့-အိခြူးစံစာပေ၊ နေပြည်တော်-ရွှေမင်းသားစာပေ၊ ပြည်-သုခစာပေ၊ မော်လမြိုင်-ကျော်ကျော်စာပေ၊ လားရှိုးမြို့-ရန်ကြီးအောင်စာပေ၊ မုံရွာ-ချင်းတွင်းအိမ်စာပေ နှင့် သီပေါမြို့ဈေးချိုတော်အလင်း ငါးပြားတန်စာကြည့်တိုက်တွင် ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

မှာယူလိုသူများရှိပါက ရိုးမချယ်ရီစာအုပ်တိုက် ဖုန်း 09 420610014 နှင့် 09 978889416 တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~