ႏွလံုးသားထဲက ပုဂံ ဓာတ္ပံုျပပြဲ မႏၱေလးတြင္ ၾသဂုတ္လ (၂၀)ရက္ေန႔ စတင္က်င္းပမည္

ႏွလံုးသားထဲက ပုဂံ ဓာတ္ပံုျပပြဲ မႏၱေလးတြင္ ၾသဂုတ္လ (၂၀)ရက္ေန႔ စတင္က်င္းပမည္
သြဂုတ် 4, 2018
By 🌸
ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသကို ကမၻာ့အေမြအႏွစ္စာရင္း၀င္ျဖစ္ေရး အႀကိဳလႈပ္ရွားမႈအျဖစ္ ႏွလံုးသားထဲကပုဂံ တတိယအႀကိမ္ဓာတ္ပံုျပပြဲကို မႏၱေလးရိွ ၿမိဳ႕ေတာ္ခန္းမ(၁)၌  ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၂၀)ရက္ေန႔မွ (၂၂)ရက္ေန႔အထိ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

အဆုိပါျပပြဲတြင္ ပုဂံေရွးေဟာင္းယဥ္ေက်းမႈေဒသ၏ ယဥ္ေက်းမႈအေမြအႏွစ္မ်ားႏွင့္ လူေနမႈဘ၀မ်ား၊ ေခတ္အဆက္ဆက္က စုေဆာင္းခဲ့ေသာ ဓာတ္ပံုမ်ားကို ျပသသြားမည္ျဖစ္ၿပီး မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႔၏ ႀကီးၾကပ္လမ္းညႊန္မႈျဖင့္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန(ပုဂံဌာနခြဲ)၊ ေမတၱာမိုးပရဟိတအဖြဲ႔၊ ဓာတ္ပံု၀ါသနာရွင္မ်ား၊ ပညာရွင္မ်ားႏွင့္ Xenon Printing တို႔ ပူးေပါင္းကာ လူထုပညာေပးလႈပ္ရွားမႈတစ္ခုအေနျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သာသနာေရးႏွင့္ ယဥ္ေက်းမႈ၀န္ႀကီးဌာနသည္ UNESCO၊ ဆက္စပ္ဌာနမ်ား၊ လူမႈအဖြဲ႔အစည္းမ်ားႏွင့္ ပူးေပါင္း၍ ၂၀၁၉ ခုႏွစ္တြင္ ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသကို အမ်ိဳးသားအေမြအႏွစ္အျဖစ္မွ ကမၻာ့အေမြအႏွစ္စာရင္း၀င္ျဖစ္ေရး ႀကိဳးပမ္းေဆာင္ရြက္ေနျခင္းျဖစ္ၿပီး အႀကိဳလႈပ္ရွားမႈအျဖစ္ ႏွလံုးသားထဲကပုဂံ ဓာတ္ပံုျပပြဲမ်ား က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

ပထမအႀကိမ္ ျပပြဲကို ပုဂံယဥ္ေက်းမႈအေမြအႏွစ္ေဒသ ေလးမ်က္ႏွာေက်ာင္းတိုက္၌ ၂၀၁၈ ခုႏွစ္၊ မတ္လ(၂)ရက္ေန႔မွ (၄)ရက္ေန႔အထိလည္းေကာင္း၊ ဒုတိယအႀကိမ္ျပပြဲကို အမ်ိဳးသားျပတိုက္ (ရန္ကုန္)၌ ေမလ(၁၃)ရက္ေန႔မွ (၁၅)ရက္ေန႔အထိလည္းေကာင္း က်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ပုဂံဘုရားမ်ားကို ကမာၻ႕အေမြအႏွစ္စာရင္းဝင္ သတ္မွတ္ေရးအတြက္ ေျမျပင္စစ္ေဆးမႈကို ယူနက္စကိုမွ ပညာရွင္အဖြဲ႕ ICOMS က ၂၀၁၈ ခုႏွစ္ စက္တင္ဘာလတြင္ လုပ္ေဆာင္မည္ျဖစ္ရာ ပုဂံဘုရားမ်ား ဝန္းက်င္သန္႔ရွင္းေရးကို ပုဂံေ႐ွးေဟာင္းသုေတသနဌာနႏွင့္အတူ ႏွလုံးသားထဲက ပုဂံ ဓါတ္ပုံျပပြဲ(၂)ခုတြင္ ပါဝင္ျပသခဲ့သည့္ ဓာတ္ပံုဆရာမ်ားက ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ (၂၃)ရက္ေန႔ကတည္းက ျပပြဲ(၂)ခုမွ ဓါတ္ပံုေရာင္းခ်ရေငြ က်ပ္သိန္း(၂၀၀)မတည္ေငြႏွင့္အတူ ပါဝင္ေဆာင္ရြက္ေနၾကေၾကာင္း သိရသည္။

ဓါတ္ပံု - Myo Swe Than

~~~~~~~~⊰❂ unicode ~~~~~~~~
နှလုံးသားထဲက ပုဂံ ဓာတ်ပုံပြပွဲ မန္တလေးတွင် သြဂုတ်လ (၂၀)ရက်နေ့ စတင်ကျင်းပမည်
***************
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး အကြိုလှုပ်ရှားမှုအဖြစ် နှလုံးသားထဲကပုဂံ တတိယအကြိမ်ဓာတ်ပုံပြပွဲကို မန္တလေးရှိ မြို့တော်ခန်းမ(၁)၌  ၂၀၁၈ ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် လူနေမှုဘဝများ၊ ခေတ်အဆက်ဆက်က စုဆောင်းခဲ့သော ဓာတ်ပုံများကို ပြသသွားမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ မေတ္တာမိုးပရဟိတအဖွဲ့၊ ဓာတ်ပုံဝါသနာရှင်များ၊ ပညာရှင်များနှင့် Xenon Printing တို့ ပူးပေါင်းကာ လူထုပညာပေးလှုပ်ရှားမှုတစ်ခုအနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသည် UNESCO၊ ဆက်စပ်ဌာနများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ်တွင် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို အမျိုးသားအမွေအနှစ်အဖြစ်မှ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ပြီး အကြိုလှုပ်ရှားမှုအဖြစ် နှလုံးသားထဲကပုဂံ ဓာတ်ပုံပြပွဲများ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် ပြပွဲကို ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ လေးမျက်နှာကျောင်းတိုက်၌ ၂၀၁၈ ခုနှစ်၊ မတ်လ(၂)ရက်နေ့မှ (၄)ရက်နေ့အထိလည်းကောင်း၊ ဒုတိယအကြိမ်ပြပွဲကို အမျိုးသားပြတိုက် (ရန်ကုန်)၌ မေလ(၁၃)ရက်နေ့မှ (၁၅)ရက်နေ့အထိလည်းကောင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပုဂံဘုရားများကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သတ်မှတ်ရေးအတွက် မြေပြင်စစ်ဆေးမှုကို ယူနက်စကိုမှ ပညာရှင်အဖွဲ့ ICOMS က ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် လုပ်ဆောင်မည်ဖြစ်ရာ ပုဂံဘုရားများ ဝန်းကျင်သန့်ရှင်းရေးကို ပုဂံရှေးဟောင်းသုတေသနဌာနနှင့်အတူ နှလုံးသားထဲက ပုဂံ ဓါတ်ပုံပြပွဲ(၂)ခုတွင် ပါဝင်ပြသခဲ့သည့် ဓာတ်ပုံဆရာများက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ကတည်းက ပြပွဲ(၂)ခုမှ ဓါတ်ပုံရောင်းချရငွေ ကျပ်သိန်း(၂၀၀)မတည်ငွေနှင့်အတူ ပါဝင်ဆောင်ရွက်နေကြကြောင်း သိရသည်။

ဓါတ်ပုံ  Myo Swe Than

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~