၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္အျမင့္ဆံုးျဖစ္သည့္ အာခါတုိင္းရင္းသား ေက်ာင္းသားေက်ာင္းသူမ်ားအား ဂုဏ္ျပဳအခမ္းအနား တာခ်ီလိတ္တြင္က်င္းပ

၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း ေအာင္ခ်က္အျမင့္ဆံုးျဖစ္သည့္ အာခါတုိင္းရင္းသား ေက်ာင္းသားေက်ာင္းသူမ်ားအား ဂုဏ္ျပဳအခမ္းအနား တာခ်ီလိတ္တြင္က်င္းပ
သြဂုတ် 9, 2018
By 🌸
၂၀၁၇ -၂၀၁၈ ပညာသင္ႏွစ္တြင္ တကၠသိုလ္ဝင္တန္းေအာင္ျမင္သည့္ အာခါတိုင္းရင္းသား ေက်ာင္းသား၊ ေက်ာင္းသူဦးေရမွာ အျမင့္ဆံုးျဖစ္ခဲ့ေၾကာင္းသိရၿပီး တကၠသိုလ္ဝင္တန္းေအာင္မ်ားအား အာခါတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီးက ဂုဏ္ျပဳသည့္ တတိယအႀကိမ္ေျမာက္အခမ္းအနားကို ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၈)ရက္ေန႔ ေန႔လယ္(၂)နာရီဝန္းက်င္က ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ က်င္းပသည္။

တစ္ႏုိင္ငံလံုးရိွ အာခါတုိင္းရင္းသား တကၠသိုလ္ဝင္တန္းေအာင္မ်ားအား ႏွစ္စဥ္ဂုဏ္ျပဳခ်ီးျမႇင့္သည့္အစီအစဥ္ကို အာခါတုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး၏ ဦးေဆာင္မႈျဖင့္ အာခါအမ်ိဳးသားစာေပ၊ယဥ္ေက်းမႈအဖြဲ႕အပါအဝင္ အာခါတုိင္းရင္းသားမ်ားစုေပါင္းပါဝင္မႈျဖင့္ က်င္းပျခင္းျဖစ္ၿပီး ၂၀၁၅ - ၂၀၁၆ ပညာသင္ႏွစ္ကစ၍ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္တို႔ အာခါတုိင္းရင္းသားေတြ တကၠသိုလ္ဝင္တန္းေအာင္ေတြကို ဂုဏ္ျပဳတာ သံုးႀကိမ္ရိွၿပီျဖစ္ပါတယ္။ ပထမအႀကိမ္က က်ိဳင္းတံုမွာ က်င္းပႏုိင္ခဲ့ပါတယ္။ ဒုတိယအႀကိမ္နဲ႔ အခုတတိယအႀကိမ္ကို တာခ်ီလိတ္မွာ စံုစံုညီညီနဲ႔ က်င္းပႏုိင္ခဲ့ပါတယ္။ အာခါတုိင္းရင္းသား တကၠသိုလ္ဝင္တန္းေအာင္တဲ့အေျခအေနကို ၾကည့္ရင္ ၂၀၁၅ - ၂၀၁၆ ခုႏွစ္မွာ (၁၉၂)ဦး၊ ၂၀၁၆ - ၂၀၁၇ ခုႏွစ္မွာဆို (၂၅၃)ဦး၊ ဒီႏွစ္မွာ ထူးထူးျခားျခား(၂၆၃) ဦးရိွပါတယ္။ ဒီႏွစ္ရဲ႕ တကၠသိုလ္ဝင္တန္းေအာင္အေျခအေနကိုၾကည့္ရင္ ရွမ္းအေရွ႕မွာ ေအာင္ခ်က္ (၁၉.၇) ရာခိုင္ႏႈန္းရိွပါတယ္။ ဒီထဲမွာ အာခါတုိင္းရင္းသားလူမ်ိဳးမ်ားရဲ႕ေအာင္ခ်က္ဟာ (၂၈.၀၉) ရာခုိင္ႏႈန္းျဖစ္ပါတယ္။ ဒါဟာဆိုရင္ အာခါလူမ်ိဳးတုိင္းရင္းသားေတြ ဂုဏ္ယူရမယ့္အေျခအေနျဖစ္ပါတယ္”ဟု အာခါတုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလက အခမ္းအနားမိန္႔ခြန္းတြင္ ထည့္သြင္းေျပာၾကားသြားသည္။

အဆိုပါ ဂုဏ္ျပဳပြဲအား တာခ်ီလိတ္ၿမိဳ႕ရိွ သြယ္ေဟာ့ေပါ့ခန္းမတြင္ က်င္းပျခင္းျဖစ္ၿပီး တပ္မေတာ္မွ တာဝန္ရိွသူမ်ားျဖစ္သည့္ ႀတိဂံ ေဒသ တိုင္းစစ္ဌာနခ်ဳပ္ ၊ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ခင္လိႈင္ႏွင့္ စစ္ဗ်ဴဟာအဖြဲ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီးေအးမင္းဦးတို႔လည္း တက္ေရာက္ၾကသည္ကို ေတြ႔ရၿပီး ႀတိဂံေဒသတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္ခင္လိႈင္က ဂုဏ္ျပဳဆုေငြ က်ပ္(၁၁)သိန္းခ်ီးျမႇင့္ၿပီး အာခါအမ်ိဳးသားစာေပ၊ယဥ္ေက်းမႈအဖြဲ႕က ဂုဏ္ျပဳလက္ေဆာင္ျပန္လည္ေပးအပ္သည္ကို ေတြ႔ရသည္။

ဂုဏ္ျပဳပြဲအခမ္းအနားသို႔ တကၠသိုလ္ဝင္တန္းေအာင္ ေက်ာင္းသားေက်ာင္းသူမ်ား၊ ေဆြမ်ိဳးမိဘမ်ား၊ ျပည္နယ္အစိုးရအဖဲြ႕ဝင္ ဝန္ႀကီးမ်ားျဖစ္သည့္ အာခါ တိုင္းရင္းသား လူမ်ိဳးေရးရာ ဝန္ႀကီး ဦးအာေဗလ၊ ဗမာတုိင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ဦးေအာင္သန္းေမာင္၊ ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္တင့္၊  ဒုတိယျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးရဲႏုိင္၊ က်ိဳင္းတံုတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာေဒၚစမ္းစမ္းမာ ၊ အာခါ တိုင္းရင္းသားေခါင္းေဆာင္ ဦးမင္းညိဳ၊ အာခါ အမ်ိဳးသား စာေပ ႏွင့္ယဥ္ေက်းမႈ ဥကၠဌ ဦးေသာင္းေက်ာ္၊ တာခ်ီလိတ္ခရုိင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ၊ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ ၊ တာခ်ီလိတ္ခရုိင္ရဲတပ္ဖြဲ႕မွဴးဒုတိယရဲမွဴးႀကီးေပၚထြန္း၊ က်ိဳင္းတံုႏွင့္တာခ်ီလိတ္ၿမိဳ႕မ်ားမွ အာခါတုိင္းရင္းသားရုိးရာ စာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ားမွ ေကာ္မတီဝင္မ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

၂၀၁၇ -၂၀၁၈ ပညာသင္ႏွစ္တကၠသိုလ္ဝင္တန္းေအာင္ အာခါတိုင္းရင္းသားေက်ာင္းသား/ေက်ာင္းသူ (၂၆၇)ဦးကို ဂုဏ္ျပဳဆုမ်ားခ်ီးျမႇင့္ျခင္း၊ လုပ္ငန္းရွင္မ်ားက ဂုဏ္ျပဳလက္ေဆာင္မ်ား ခ်ီးျမႇင့္ၾကၿပီးေနာက္ ဩဂုတ္(၉) ရက္ေန႔တြင္ အာခါတိုင္းရင္းသား လူမ်ိဳးေရးရာဝန္ႀကီး ဦးအာေဗလ၊ အာခါတိုင္းရင္းသား အႀကီးအကဲ ဦးမင္းညိဳႏွင့္ တာဝန္ရွိသူမ်ားက အာခါတိုင္းရင္းသား ေက်ာင္းသူ/ေက်ာင္းသား လူငယ္မ်ားအား တာခ်ီလိတ္ၿမိဳ႕ရွိ အာခါဘိုးေဘးတုိ႔၏ အိမ္ေတာ္၊ အာခါ႐ိုးရာ စားေသာက္ဆိုင္မ်ား၊ အာခါ တိုင္းရင္းသားမ်ားကုိယ္တုိင္ ဦးစီးေဆာင္ရြက္လ်က္ရွိသည့္လုပ္ငန္းမ်ားႏွင့္ အာခါေစ်း စသည့္ေနရာမ်ားကို ေလ့လာေရးခရီးအျဖစ္ လိုက္လံပို႔ေဆာင္ေပးျပသေပးမည္ ျဖစ္ေၾကာင္း သိရသည္။

၂၀၁၇ - ၂၀၁၈ ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္းစာေမးပြဲ ေအာင္ျမင္သည့္ အာခါတိုင္းရင္းသား ေက်ာင္းသား ေက်ာင္းသူ(၂၆၇)ဦးတြင္ ေျခာက္ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ(၁)ဦး၊ ငါးဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၅)ဦး၊ ေလးဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၂)ဦး၊ သံုးဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၄)ဦး၊ ႏွစ္ဘာသာဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၇)ဦး၊ တစ္ဘာသာ ဂုဏ္ထူးျဖင့္ ေအာင္ျမင္သူ (၄၂)ဦး ပါဝင္ေၾကာင္း သိရသည္။

အာခါတုိင္းရင္းသားမ်ားသည္ ျမန္မာႏုိင္ငံတြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၌ အမ်ားစုေနထုိင္ၾကျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္ အာခါ အမ်ိဳးသား စာေပ ႏွင့္ယဥ္ေက်းမႈအဖြဲ႕ (၁၀)ဖြဲ႕ရိွေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်အမြင့်ဆုံးဖြစ်သည့် အာခါတိုင်းရင်းသား ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုအခမ်းအနား တာချီလိတ်တွင်ကျင်းပ
***************
၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် အာခါတိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူဦးရေမှာ အမြင့်ဆုံးဖြစ်ခဲ့ကြောင်းသိရပြီး တက္ကသိုလ်ဝင်တန်းအောင်များအား အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးက ဂုဏ်ပြုသည့် တတိယအကြိမ်မြောက်အခမ်းအနားကို ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့ နေ့လယ်(၂)နာရီဝန်းကျင်က ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ကျင်းပသည်။

တစ်နိုင်ငံလုံးရှိ အာခါတိုင်းရင်းသား တက္ကသိုလ်ဝင်တန်းအောင်များအား နှစ်စဉ်ဂုဏ်ပြုချီးမြှင့်သည့်အစီအစဉ်ကို အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် အာခါအမျိုးသားစာပေ၊ယဉ်ကျေးမှုအဖွဲ့အပါအဝင် အာခါတိုင်းရင်းသားများစုပေါင်းပါဝင်မှုဖြင့် ကျင်းပခြင်းဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်ကစ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ အာခါတိုင်းရင်းသားတွေ တက္ကသိုလ်ဝင်တန်းအောင်တွေကို ဂုဏ်ပြုတာ သုံးကြိမ်ရှိပြီဖြစ်ပါတယ်။ ပထမအကြိမ်က ကျိုင်းတုံမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်နဲ့ အခုတတိယအကြိမ်ကို တာချီလိတ်မှာ စုံစုံညီညီနဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ အာခါတိုင်းရင်းသား တက္ကသိုလ်ဝင်တန်းအောင်တဲ့အခြေအနေကို ကြည့်ရင် ၂၀၁၅ - ၂၀၁၆ ခုနှစ်မှာ (၁၉၂)ဦး၊ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှာဆို (၂၅၃)ဦး၊ ဒီနှစ်မှာ ထူးထူးခြားခြား(၂၆၃) ဦးရှိပါတယ်။ ဒီနှစ်ရဲ့ တက္ကသိုလ်ဝင်တန်းအောင်အခြေအနေကိုကြည့်ရင် ရှမ်းအရှေ့မှာ အောင်ချက် (၁၉.၇) ရာခိုင်နှုန်းရှိပါတယ်။ ဒီထဲမှာ အာခါတိုင်းရင်းသားလူမျိုးများရဲ့အောင်ချက်ဟာ (၂၈.၀၉) ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒါဟာဆိုရင် အာခါလူမျိုးတိုင်းရင်းသားတွေ ဂုဏ်ယူရမယ့်အခြေအနေဖြစ်ပါတယ်”ဟု အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။

အဆိုပါ ဂုဏ်ပြုပွဲအား တာချီလိတ်မြို့ရှိ သွယ်ဟော့ပေါ့ခန်းမတွင် ကျင်းပခြင်းဖြစ်ပြီး တပ်မတော်မှ တာဝန်ရှိသူများဖြစ်သည့် တြိဂံ ဒေသ တိုင်းစစ်ဌာနချုပ် ၊ တိုင်းမှူး ဗိုလ်ချုပ် ခင်လှိုင်နှင့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦးတို့လည်း တက်ရောက်ကြသည်ကို တွေ့ရပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်က ဂုဏ်ပြုဆုငွေ ကျပ်(၁၁)သိန်းချီးမြှင့်ပြီး အာခါအမျိုးသားစာပေ၊ယဉ်ကျေးမှုအဖွဲ့က ဂုဏ်ပြုလက်ဆောင်ပြန်လည်ပေးအပ်သည်ကို တွေ့ရသည်။

ဂုဏ်ပြုပွဲအခမ်းအနားသို့ တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ၊ ဆွေမျိုးမိဘများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်သည့် အာခါ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးအာဗေလ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်သန်းမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၊  ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ကျိုင်းတုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဒေါ်စမ်းစမ်းမာ ၊ အာခါ တိုင်းရင်းသားခေါင်းဆောင် ဦးမင်းညို၊ အာခါ အမျိုးသား စာပေ နှင့်ယဉ်ကျေးမှု ဥက္ကဌ ဦးသောင်းကျော်၊ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးပေါ်ထွန်း၊ ကျိုင်းတုံနှင့်တာချီလိတ်မြို့များမှ အာခါတိုင်းရင်းသားရိုးရာ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များမှ ကော်မတီဝင်များ တက်ရောက်ကြခြင်းဖြစ်သည်။

၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင် အာခါတိုင်းရင်းသားကျောင်းသား/ကျောင်းသူ (၂၆၇)ဦးကို ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ လုပ်ငန်းရှင်များက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ကြပြီးနောက် ဩဂုတ်(၉) ရက်နေ့တွင် အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ အာခါတိုင်းရင်းသား အကြီးအကဲ ဦးမင်းညိုနှင့် တာဝန်ရှိသူများက အာခါတိုင်းရင်းသား ကျောင်းသူ/ကျောင်းသား လူငယ်များအား တာချီလိတ်မြို့ရှိ အာခါဘိုးဘေးတို့၏ အိမ်တော်၊ အာခါရိုးရာ စားသောက်ဆိုင်များ၊ အာခါ တိုင်းရင်းသားများကိုယ်တိုင် ဦးစီးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့် အာခါဈေး စသည့်နေရာများကို လေ့လာရေးခရီးအဖြစ် လိုက်လံပို့ဆောင်ပေးပြသပေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သည့် အာခါတိုင်းရင်းသား ကျောင်းသား ကျောင်းသူ(၂၆၇)ဦးတွင် ခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၁)ဦး၊ ငါးဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၅)ဦး၊ လေးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၂)ဦး၊ သုံးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ (၇)ဦး၊ တစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၄၂)ဦး ပါဝင်ကြောင်း သိရသည်။

အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၌ အများစုနေထိုင်ကြခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အာခါ အမျိုးသား စာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ (၁၀)ဖွဲ့ရှိကြောင်း သိရသည်။
Tachileik News Agency 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~