သီေပါၿမိဳ႕တြင္ လူငယ္တစ္ဦးထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၉၀၀) ဖမ္းဆီးရမိ

သီေပါၿမိဳ႕တြင္ လူငယ္တစ္ဦးထံမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၉၀၀) ဖမ္းဆီးရမိ
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕တြင္ လူငယ္တစ္ဦးထံမွ စိတ္ၾကြေဆးျပား (၃၉၀၀)ကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔က ဖမ္းဆီးရမိေၾကာင္း သိရသည္။

သီေပါၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ ေန႔လယ္(၁)နာရီခြဲ ဝန္းက်င္တြင္ မီးရထားရပ္ကြက္၊ နယ္ေျမ(၁)လမ္းသြယ္၌ ေတြ႔ရသည့္ ဆိုင္ကယ္ေမာင္းႏွင္လာေသာ အသက္(၂၃)ႏွစ္အရြယ္ လူငယ္တစ္ဦးကို စစ္ေဆးရွာေဖြရာ ၎၏ ေက်ာပိုးအိတ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၃၉၀၀) ကို သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ ၿဖိဳးလြင္ဦး(ခ)ကိုၿဖိဳးကို မူးယစ္ေဆးဝါးႏွင့္စိတ္ကို ေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အေရးယူထားေၾကာင္း သိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် လူငယ်တစ်ဦးထံမှ စိတ်ကြွဆေးပြား (၃၉၀၀)ကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့က ဖမ်းဆီးရမိကြောင်း သိရသည်။

သီပေါမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နေ့လယ်(၁)နာရီခွဲ ဝန်းကျင်တွင် မီးရထားရပ်ကွက်၊ နယ်မြေ(၁)လမ်းသွယ်၌ တွေ့ရသည့် ဆိုင်ကယ်မောင်းနှင်လာသော အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦးကို စစ်ဆေးရှာဖွေရာ၎င်း၏ ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၃၉၀၀) ကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် ဖြိုးလွင်ဦး(ခ)ကိုဖြိုးကို မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~