က်ဳိင္းတံုတြင္ စိတ္ၾကြေဆးျပား (၄)ျပား ဖမ္းမိရာက ေရာင္းခ်သူကိုပါ စိတ္ၾကြေဆး (၂၀၀၀)ေက်ာ္ႏွင့္အတူ ထပ္မံ ဖမ္းဆီးရမိ

က်ဳိင္းတံုတြင္ စိတ္ၾကြေဆးျပား (၄)ျပား ဖမ္းမိရာက ေရာင္းခ်သူကိုပါ စိတ္ၾကြေဆး (၂၀၀၀)ေက်ာ္ႏွင့္အတူ ထပ္မံ ဖမ္းဆီးရမိ
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ကုန္ေက်းရြာအုပ္စုတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁)ရက္ေန႔က အမ်ိဳးသားတစ္ဦးကို စိတ္ၾကြေဆးျပား(၄)ျပားႏွင့္အတူ ဖမ္းဆီးရမိၿပီးေနာက္ စိတ္ၾကြေဆးျပား ေရာင္းခ်သူကို စိတ္ၾကြေဆးျပား(၂၀၃၅)ျပားျဖင့္ ထပ္မံဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕မရဲတပ္ဖြဲ႕ႏွင့္သက္ေသမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ ေနာင္ကုန္ေက်းရြာအုပ္စု မိုင္းလားစစ္ေဆးေရးစခန္းအနီးတြင္ ည(၇)နာရီခြဲဝန္းက်င္က စစ္ေဆးရွာေဖြေနစဥ္ ယန္းလွေက်းရြာဘက္မွ က်ိဳင္းလိတ္ေက်းရြာဘက္သို႔ လမ္းေလွ်ာက္လာသည့္ စိုင္းရန္ေအာင္ (ခ) ေက်ာက္ကပ္အား ရွာေဖြရာ ၎ဝတ္ဆင္လာသည့္ ေဘာင္းဘီအိတ္အတြင္း ထည့္ထားသည့္ စိတ္ၾကြေဆးျပား (၄)ျပားကို ဖမ္းဆီး ရမိျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ စိတ္ၾကြေဆးျပားမ်ားအား ေရာင္းခ်လိုက္သည့္ က်ိဳင္းလိတ္ရြာရိွ ဝင္းသူေအာင္၏ ေနအိမ္အား ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔ ည(၉)နာရီခြဲ ဝန္းက်င္တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္ အတူ ဝင္ေရာက္ရွာေဖြရာ ထမင္းခ်က္စင္ေအာက္ရိွ ေရေႏြးဓါတ္ဗူး အတြင္း ထည့္ထားသည့္ စိတ္ၾကြေဆးျပား(၂,၀၃၅)ျပားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းရန္ေအာင္(ခ)ေက်ာက္ကပ္အား မယ(ပ) ၁၄၂/၂၀၁၈၊ မူး/စိတ္ ၁၆(ဂ)/၂၁အရလည္းေကာင္း၊ ဝင္းသူေအာင္ကို မယ(ပ) ၁၄၃/၂၀၁၈၊ မူး/စိတ္ ၁၉(က)အရ က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စုတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁)ရက်နေ့က အမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား(၄)ပြားနှင့်အတူ ဖမ်းဆီးရမိပြီးနောက် စိတ်ကြွဆေးပြား ရောင်းချသူကို စိတ်ကြွဆေးပြား(၂၀၃၅)ပြားဖြင့် ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံမြို့မရဲတပ်ဖွဲ့နှင့်သက်သေများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နောင်ကုန်ကျေးရွာအုပ်စု မိုင်းလားစစ်ဆေးရေးစခန်းအနီးတွင် ည(၇)နာရီခွဲဝန်းကျင်က စစ်ဆေးရှာဖွေနေစဉ် ယန်းလှကျေးရွာဘက်မှ ကျိုင်းလိတ်ကျေးရွာဘက်သို့ လမ်းလျှောက်လာသည့် စိုင်းရန်အောင် (ခ) ကျောက်ကပ်အား ရှာဖွေရာ၎င်းဝတ်ဆင်လာသည့် ဘောင်းဘီအိတ်အတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား (၄)ပြားကို ဖမ်းဆီး ရမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွဆေးပြားများအား ရောင်းချလိုက်သည့် ကျိုင်းလိတ်ရွာရှိ ဝင်းသူအောင်၏ နေအိမ်အား ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ ည(၉)နာရီခွဲ ဝန်းကျင်တွင် ကျိုင်းတုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေရာ ထမင်းချက်စင်အောက်ရှိ ရေနွေးဓာတ်ဗူး အတွင်း ထည့်ထားသည့် စိတ်ကြွဆေးပြား(၂,ဝ၃၅)ပြားကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းရန်အောင်(ခ)ကျောက်ကပ်အား မယ(ပ) ၁၄၂/၂၀၁၈၊ မူး/စိတ် ၁၆(ဂ)/၂၁အရလည်းကောင်း၊ ဝင်းသူအောင်ကို မယ(ပ) ၁၄၃/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ ကျိုင်းတုံမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~