ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)တြင္ တာခ်ီလိတ္ကို ေက်ာ္လြန္ၿပီး မယ္ဆိုင္အ၀င္၌ ထိုင္းလ၀ကမ်ား၏ စစ္ေဆးမႈျဖင့္ ျမန္မာႏိုင္ငံသား တစ္ဦးထံက စိတ္ၾကြေဆးျပား (၁၀၀၀၀)ဖမ္းဆီးရမိ

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား(၁)တြင္ တာခ်ီလိတ္ကို ေက်ာ္လြန္ၿပီး မယ္ဆိုင္အ၀င္၌ ထိုင္းလ၀ကမ်ား၏ စစ္ေဆးမႈျဖင့္ ျမန္မာႏိုင္ငံသား တစ္ဦးထံက စိတ္ၾကြေဆးျပား (၁၀၀၀၀)ဖမ္းဆီးရမိ
သြဂုတ် 10, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕မွ စိတ္ၾကြေဆးျပားမ်ားကို သယ္ေဆာင္သြားသည့္ ျမန္မာႏုိင္ငံသား တစ္ဦး ထိုင္းဘက္အ၀င္ မယ္ဆိုင္ဂိတ္တြင္ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁၀)ရက္ေန႔  နံနက္(၇း၄၀)နာရီ၀န္းက်င္ အခ်ိန္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

အသက္(၂၅)ႏွစ္ရွိ စိုင္းအံုးေမာင္သည္ စိတ္ၾကြရူးသြပ္ေဆးျပား (၁၀၀၀၀)ႏွင့္အတူ တာခ်ီလိတ္အလြန္ ထိုင္းအ၀င္ မယ္ဆိုင္ဘက္တြင္ ဖမ္းဆီးခံရျခင္း ျဖစ္သည္။

မယ္ဆိုင္လူ၀င္မႈႀကီးၾကပ္ေရးဌာန၏ စစ္ေဆးေပၚေပါက္ခ်က္ အရ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းအံုးေမာင္သည္ ခ်င္းမိုင္တြင္ အလုပ္ လုပ္ကိုင္သူျဖစ္ၿပီး တာခ်ီလိတ္မွ အဆိုပါ ေဆးျပားမ်ားအား သယ္ေပးရန္အတြက္ သယ္ေဆာင္ခ ဘတ္(၅၀၀၀)ျဖင့္ ေစခုိင္းသျဖင့္ တာခ်ီလိတ္ရွိ ဟိုတယ္တစ္ခုမွ ေန၍ အဆိုပါ ပစၥည္းမ်ားအား သယ္ေဆာင္ေပးလာျခင္းျဖစ္ေသာ္လည္း မူးယစ္ ေဆး၀ါးမ်ား ေပးလိုက္သူ၏ အမည္ကိုေတာ့ မသိရသည္ကို ကနဦးထြက္ဆိုေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ကြင္းဆက္အား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ဘက္မွ သက္ဆိုင္ရာဌာနမ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္ရြက္သြားမည္ျဖစ္ၿပီး လက္ရွိတြင္ ဆက္လက္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလွ်က္ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
Photo Crd; 77ข่าวเด็ด


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့မှ စိတ်ကြွဆေးပြားများကို သယ်ဆောင်သွားသည့် မြန်မာနိုင်ငံသား တစ်ဦး ထိုင်းဘက်အဝင် မယ်ဆိုင်ဂိတ်တွင် ၂၀၁၈ခုနှစ် သြဂုတ်လ(၁၀)ရက်နေ့ နံနက်(ရး၄၀)နာရီဝန်းကျင် အချိန်က ဖမ်းဆီးရမိကြောင်း သိရသည်။

အသက်(၂၅)နှစ်ရှိ စိုင်းအုံးမောင်သည် စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀၀၀)နှင့်အတူ တာချီလိတ်အလွန် ထိုင်းအဝင် မယ်ဆိုင်ဘက်တွင် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဌာန၏ စစ်ဆေးပေါ်ပေါက်ချက် အရ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းအုံးမောင်သည် ချင်းမိုင်တွင် အလုပ် လုပ်ကိုင်သူဖြစ်ပြီး တာချီလိတ်မှ အဆိုပါ ဆေးပြားများအား သယ်ပေးရန်အတွက် သယ်ဆောင်ခ ဘတ်(၅၀၀၀)ဖြင့် စေခိုင်းသဖြင့် တာချီလိတ်ရှိ ဟိုတယ်တစ်ခုမှ နေ၍ အဆိုပါ ပစ္စည်းများအား သယ်ဆောင်ပေးလာခြင်းဖြစ်သော်လည်း မူးယစ် ဆေးဝါးများ ပေးလိုက်သူ၏ အမည်ကိုတော့ မသိရသည်ကို ကနဦးထွက်ဆိုကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကွင်းဆက်အား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ဘက်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ဆက်လက် စစ်ဆေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
Photo Crd; 77ข่าวเด็ด

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~