မုိင္းေယာင္းၿမိဳ႕နယ္အတြင္း သြားႏွင့္ခံတြင္း ကုသစစ္ေဆးလိုသူမ်ား ၾသဂုတ္လ (၄)ရက္ေန႔အထိ အခမဲ့စစ္ေဆးကုသမႈခံယူႏုိင္

မုိင္းေယာင္းၿမိဳ႕နယ္အတြင္း သြားႏွင့္ခံတြင္း ကုသစစ္ေဆးလိုသူမ်ား ၾသဂုတ္လ (၄)ရက္ေန႔အထိ အခမဲ့စစ္ေဆးကုသမႈခံယူႏုိင္
သြဂုတ် 3, 2018
By 🌸
Htoo Foundation ၊ AGD Bank၊ FNI တို႔၏ ဥကၠဌ ဦးေတဇ (၅၄)ႏွစ္ေျမာက္ ေမြးေန႔အထိမ္းအမွတ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း နယ္လွည့္သြားေဆးကုသေရးခရီးစဥ္အစီအစဥ္ျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၂)ရက္ေန႔မွ (၄)ရက္ေန႔အထိ မိုင္းေယာင္းၿမိဳ႕ နယ္ေျမခံတပ္ရင္းခန္းမ၌ သြားႏွင့္ခံတြင္းဆိုင္ရာ အခမဲ့ကုသေပးေနေၾကာင္း သိရသည္။

အဆိုပါ နယ္လွည့္ကုသေရးအစီအစဥ္ကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ လမ္းညႊန္မႈျဖင့္ ျမန္မာႏုိင္ငံသြားႏွင့္ခံတြင္းဆုိင္ရာ ေဆးေကာင္စီႏွင့္ ပူးေပါင္း၍ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ(၃၁)ရက္ေန႔မွ ၾသဂုတ္လ(၈)ရက္ေန႔အထိ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံသြားႏွင့္ခံတြင္းဆိုင္ရာ ေဆးေကာင္စီမွ ပါေမာကၡ ေဒါက္တာ ပိုင္စိုး ဦးစီးသည့္ အဆိုပါကုသေရးအဖြဲ႕က ေဒသခံမ်ားအား သြားႏွင့္ခံတြင္းဆိုင္ရာေဝဒနာရွင္မ်ား စစ္ေဆးျခင္း၊ သြားႏႈတ္ေပးျခင္း၊ သြားပိုးစားသည့္ သြားေပါက္မ်ားအား ေလဆာျဖင့္ သြားဖာေပးျခင္း၊ သြားလံုးဝမရွိသူမ်ားအား အံကပ္တပ္ဆင္ေပးျခင္းစသည္တို႔ကို အခမဲ့ေဆာင္ရြက္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ နယ္လွည့္သြားေဆးကုသမႈမ်ား ေဆာင္ရြက္ေပးေနမႈကို ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးအိုက္ခမ္းလိႈင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးညီညီဝင္းႏွင့္ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွဴး ေဒါက္တာမင္းသိန္း၊ ျပည္သူ႔ေဆးရံုမွ သြားဘက္ဆုိင္ရာဆရာဝန္ ေဒါက္တာ စိုင္းဆုိင္ဟိန္းႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား၊ ဌာနဆိုင္ရာမ်ား၊ မိုင္းေယာင္းတပ္နယ္မွ ေဆးသူနာျပဳမ်ား၊ မိခင္ကေလးႏွင့္ အမ်ိဳးသမီးေရးရာအဖဲြ႔တို႔က လိုအပ္သည္မ်ား ပူးေပါင္းပါဝင္ကူညီေဆာင္ရြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

သတင္း၊ဓါတ္ပံု #အားခ်ာ

~~~~~~~~⊰❂ unicode ~~~~~~~~
မိုင်းယောင်းမြို့နယ်အတွင်း သွားနှင့်ခံတွင်း ကုသစစ်ဆေးလိုသူများ သြဂုတ်လ (၄)ရက်နေ့အထိ အခမဲ့စစ်ဆေးကုသမှုခံယူနိုင်
************
Htoo Foundation ၊ AGD Bank၊ FNI တို့၏ ဥက္ကဌ ဦးတေဇ (၅၄)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်လှည့်သွားဆေးကုသရေးခရီးစဉ်အစီအစဉ်ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂)ရက်နေ့မှ (၄)ရက်နေ့အထိ မိုင်းယောင်းမြို့ နယ်မြေခံတပ်ရင်းခန်းမ၌ သွားနှင့်ခံတွင်းဆိုင်ရာ အခမဲ့ကုသပေးနေကြောင်း သိရသည်။

အဆိုပါ နယ်လှည့်ကုသရေးအစီအစဉ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ(၃၁)ရက်နေ့မှ သြဂုတ်လ(၈)ရက်နေ့အထိ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီမှ ပါမောက္ခ ဒေါက်တာ ပိုင်စိုး ဦးစီးသည့် အဆိုပါကုသရေးအဖွဲ့က ဒေသခံများအား သွားနှင့်ခံတွင်းဆိုင်ရာဝေဒနာရှင်များ စစ်ဆေးခြင်း၊ သွားနှုတ်ပေးခြင်း၊ သွားပိုးစားသည့် သွားပေါက်များအား လေဆာဖြင့် သွားဖာပေးခြင်း၊ သွားလုံးဝမရှိသူများအား အံကပ်တပ်ဆင်ပေးခြင်းစသည်တို့ကို အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်သွားဆေးကုသမှုများ ဆောင်ရွက်ပေးနေမှုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ခမ်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း၊ ပြည်သူ့ဆေးရုံမှ သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာ စိုင်းဆိုင်ဟိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မိုင်းယောင်းတပ်နယ်မှ ဆေးသူနာပြုများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က လိုအပ်သည်များ ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #အားချာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~