က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ အလုပ္အမႈေဆာင္သစ္မ်ား ကတိသစၥာခံယူပြဲႏွင့္ သမဂၢရံုးခန္းသစ္ဖြင့္ပြဲ က်င္းပ

က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢ၏ အလုပ္အမႈေဆာင္သစ္မ်ား ကတိသစၥာခံယူပြဲႏွင့္ သမဂၢရံုးခန္းသစ္ဖြင့္ပြဲ က်င္းပ
သြဂုတ် 1, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ၏ အလုပ္မႈေဆာင္သစ္မ်ား ကတိသစၥာခံယူပြဲ၊ တာဝန္လႊဲအပ္ပြဲႏွင့္ သမဂၢရုံးခန္းသစ္ဖြင့္ပြဲကို ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ ေန႔လယ္ပိုင္းက အဆိုပါ တကၠသိုလ္တြင္ က်င္းပသည္။

အခမ္းအနားတြင္ ကြန္ပ်ဴတာတကၠသိုလ္(က်ိဳင္းတုံ) တာဝန္ခံပါေမာကၡခ်ဳပ္ ေဒါက္တာတင္ျမတ္ေထြးက ႏႈတ္ခြန္းဆက္ အမွာစကားေျပာၾကားခဲ့ၿပီး သမဂၢအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ဥကၠဌ ကိုေကာင္းျမတ္စံ၊ ဒုတိယ ဥကၠဌ ကိုရဲရင့္မင္းသြင္၊ အေထြေထြအတြင္းေရးမွဴး မၿဖိဳးမဒီၿငိမ္းခ်မ္း၊ ဘ႑ာေရးမွဴး မေရႊယမုံဇင္၊ ျပန္ၾကားေရးႏွင့္ ျပင္ပဆက္ဆံေရးတာ၀န္ခံ ကိုျပည့္ၿဖိဳးေအာင္ႏွင့္ သမဂၢရုံးအဖြဲ႕၊ ဘ႑ာေရးေကာ္မတီ၊ ျပန္ၾကားေရးႏွင့္ျပင္ပ ဆက္ဆံေရးေကာ္မတီတို႔မွ ေကာ္မတီဝင္မ်ားက ကတိသစၥာ ခံယူခဲ့ၾကၿပီး တာဝန္မ်ားကို လက္ခံရယူခဲ့ၾကသည္။

ကြန္ပ်ဴတာတကၠသိုလ္က်ိဳင္းတုံ ေက်ာင္းသားမ်ားသမဂၢကို ဇြန္လ(၁၅)ရက္ေန႔က စတင္ ဖြဲ႕စည္းခဲ့ျခင္းျဖစ္ရာ သမဂၢအသင္းဝင္ (၁၂၄)ဦးရိွေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားသို႔ ကြန္ပ်ဴတာတကၠသိုလ္(က်ိဳင္းတုံ)မွ တာဝန္ခံ ပါေမာကၡခ်ဳပ္ ေဒါက္တာတင္ျမတ္ေထြးႏွင့္ ဆရာ၊ ဆရာမမ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ နည္းပညာတကၠသိုလ္(က်ိဳင္းတုံ)မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာေက်ာ္သာထြန္းႏွင့္ နည္းပညာတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢျဖစ္ေျမာက္ေရးေကာ္မတီမွ တာဝန္ရိွသူမ်ား၊ က်ိဳင္းတုံတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢမွ တာဝန္ရိွသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အခမ္းအနားတြင္ ကြန္ပ်ဴတာတကၠသိုလ္(က်ိဳင္းတုံ) ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုေကာင္းျမတ္စံက သမဂၢ ေပၚေပါက္လာရန္ ေဆာင္ရြက္ခဲ့ၾကပုံႏွင့္ ႏႈတ္ခြန္းဆက္စကားေျပာၾကားခဲ့ၿပီး နည္းပညာတကၠသိုလ္(က်ိဳင္းတုံ)မွ ေက်ာင္းအုပ္ႀကီး ေဒါက္တာေက်ာ္သာထြန္းက အားေပးစကား ေျပာၾကားခဲ့သည္။

သတင္း - ဇြဲျမတ္
ဓါတ္ပံု - ျပည့္ၿဖဳိးေအာင္




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ အလုပ်မှုဆောင်သစ်များ ကတိသစ္စာခံယူပွဲ၊ တာဝန်လွှဲအပ်ပွဲနှင့် သမဂ္ဂရုံးခန်းသစ်ဖွင့်ပွဲကို ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက် နေ့လယ်ပိုင်းက အဆိုပါ တက္ကသိုလ်တွင် ကျင်းပသည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) တာဝန်ခံပါမောက္ခချုပ် ဒေါက်တာတင်မြတ်ထွေးက နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး သမဂ္ဂအလုပ်အမှုဆောင်များဖြစ်ကြသည့် ဥက္ကဌ ကိုကောင်းမြတ်စံ၊ ဒုတိယ ဥက္ကဌ ကိုရဲရင့်မင်းသွင်၊ အထွေထွေအတွင်းရေးမှူး မဖြိုးမဒီငြိမ်းချမ်း၊ ဘဏ္ဍာရေးမှူး မရွှေယမုံဇင်၊ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုပြည့်ဖြိုးအောင်နှင့် သမဂ္ဂရုံးအဖွဲ့၊ ဘဏ္ဍာရေးကော်မတီ၊ ပြန်ကြားရေးနှင့်ပြင်ပ ဆက်ဆံရေးကော်မတီတို့မှ ကော်မတီဝင်များက ကတိသစ္စာ ခံယူခဲ့ကြပြီး တာဝန်များကို လက်ခံရယူခဲ့ကြသည်။

ကွန်ပျူတာတက္ကသိုလ်ကျိုင်းတုံ ကျောင်းသားများသမဂ္ဂကို ဇွန်လ(၁၅)ရက်နေ့က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ရာ သမဂ္ဂအသင်းဝင် (၁၂၄)ဦးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)မှ တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာတင်မြတ်ထွေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော်သာထွန်းနှင့် နည်းပညာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူများ၊ ကျိုင်းတုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုကောင်းမြတ်စံက သမဂ္ဂ ပေါ်ပေါက်လာရန် ဆောင်ရွက်ခဲ့ကြပုံနှင့် နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး နည်းပညာတက္ကသိုလ်(ကျိုင်းတုံ)မှ ကျောင်းအုပ်ကြီး ဒေါက်တာကျော်သာထွန်းက အားပေးစကား ပြောကြားခဲ့သည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ပြည့်ဖြိုးအောင်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~