ကျိုင်းတုံမြို့နယ်အတွင်း အမိုးအကာနှင့် အကာအရံများ မပြုလုပ်ပဲ မောင်းနှင်သည့် အုတ်၊သဲ၊ကျောက်နှင့်မြေကြီးတင် ယာဉ်များအား စည်ပင်အက်ဥပဒေဖြင့် သြဂုတ်လ(၂၀)ရက်နေ့တွင် စတင် အရေးယူမည်

ကျိုင်းတုံမြို့နယ်အတွင်း အမိုးအကာနှင့် အကာအရံများ မပြုလုပ်ပဲ မောင်းနှင်သည့် အုတ်၊သဲ၊ကျောက်နှင့်မြေကြီးတင် ယာဉ်များအား စည်ပင်အက်ဥပဒေဖြင့် သြဂုတ်လ(၂၀)ရက်နေ့တွင် စတင် အရေးယူမည်
သွဂုတျ 15, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အုတ်၊သဲ၊ကျောက်နှင့်မြေကြီးများ တင်ဆောင်သည့် ယာဉ်များပေါ်က အုတ်၊သဲ၊ကျောက်နှင့်မြေကြီးများ လမ်းပေါ်သို့ ဖိတ်စင်ကျရောက်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာက အသိပညာပေးမှုများကို ဆောင်ရွက်နေပြီး ပညာပေးမှုများ လုပ်ဆောင်ပြီးပါက ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒေဖြင့် ၂၀၁၈ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့က စ၍ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။




ယင်းအပြင် ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရမှုများနှင့် မော်တော်ယာဉ် ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးကာ  ယာဉ်/လမ်း စည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးထားကြောင်း သိရသည်။

ဓါတ်ပုံ - Kyawzawl Aung


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်း အုတ်၊သဲ၊ကျောက်နှင့်မြကြေီးများ တင်ဆောင်သည့် ယာဉ်များပေါ်က အုတ်၊သဲ၊ကျောက်နှင့်မြကြေီးများ လမ်းပေါ်သို့ ဖိတ်စင်ကျရောက်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာက အသိပညာပေးမှုများကို ဆောင်ရွက်နပြေီး ပညာပေးမှုများ လုပ်ဆောင်ပြီးပါက ရှမ်းပြည်နယ် စည်ပင်သာယာရေး အက်ဥပဒဖြေင့် ၂၀၁၈ခုနှစ် သြဂုတ်လ(၂၀)ရက်နေ့က စ၍ အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သြဂုတ်လ(၁)ရက်နေ့ ကတည်းက အသိပညာပေးနေတာပါ၊ သြဂုတ်လ (၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်စည်ပင်သာယာရေး အက်ဥပဒေနဲ့ အရေးယူ ဆောင်ရွက် သွားမှာပါ"ဟု အမှတ်(၁၁၆)ယာဉ်ထိန်းတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်(၁၁၆)ယာဉ်ထိန်းတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ အဖွဲ့ဝင်များနှင့်အတူ ကျိုင်းတုံမြို့နယ်အတွင်းရှိ သတ်မှတ်နေရာများတွင် အုတ်၊ သဲ၊ ကျောက် နှင့် မြေသယ်ယာဉ်များ၏ ယာဉ်မောင်း နှင့် ယာဉ် နောက်လိုက် စုစုပေါင်း (၄၅)ဦးတို့အား အသိပညာပေးမှုများအဖြစ် သြဂုတ်လ(၁၄)ရက်နေ့ ညနေပိုင်းက ဆက်လက် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

 အသိပညာပေးမှုများ ပြုလုပ်ရာတွင် အုတ်၊ သဲ၊ ကျောက် နှင့် မြေများ တင်ဆောင်၍ မောင်းနှင်ပါက လမ်းပေါ်သို့ ဖိတ်စင် ကျရောက်မှု မရှိစေရေးအတွက် ယာဉ်ပေါ်တွင် အမိုးအကာများဖြင့် ပြုလုပ်ကာ တင်ဆောင်ရမည်ဖြစ်ပြီး၊ ယာဉ်၏ ဘေးဘောင်အထိ ကျော်လွန်ကာ တင်ဆောင်ခြင်း မပြုလုပ်ရန်အပြင် အုတ်၊ သဲ၊ ကျောက် နှင့် မြေများ တင်ဆောင်ကာ ယာဉ်နောက်ပိတ်တံခါးဖွင့်၍ မောင်းနှင်ခြင်းများ မပြုလုပ်ရန် အတွက် အဓိက အသိပညာပေးကြောင်း သိရသည်။

ယင်းအပြင် ယာဉ်/လမ်း စည်းကမ်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့် အချက်များ၊ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးရမှုများနှင့် မော်တော်ယာဉ် ဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးကာ ယာဉ်/လမ်း စည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြနေ့်ဝပေးထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - Kyawzawl Aung

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~