ေတာင္ႀကီးတြင္ က်င္းပမည့္ ၈၈၈၈ အေရးေတာ္ပံု ပုလဲရတု အခမ္းအနားအတြက္ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ျပင္ဆင္ေနမႈ အေျခအေန

ေတာင္ႀကီးတြင္ က်င္းပမည့္ ၈၈၈၈ အေရးေတာ္ပံု ပုလဲရတု အခမ္းအနားအတြက္ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ျပင္ဆင္ေနမႈ အေျခအေန
သြဂုတ် 6, 2018
By Tachileik News Agency

ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတု အခမ္းအနားကို ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမႏွင့္ ဗိုလ္ခ်ဳပ္ပန္းၿခံတို႔တြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ(၇)ရက္ႏွင့္ (၈)ရက္ေန႔မ်ား၌ ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးေကာ္မတီက ဦးေဆာင္က်င္းပမည္ျဖစ္ရာ အခမ္းအနား မက်င္းပမည္ ဗိုလ္ခ်ဳပ္ပန္းၿခံအတြင္း ႀကိဳတင္ျပင္ဆင္ေနၾကသည္ကို ေတြ႔ရွိရသည္။

”၈၈မ်ဳိးဆက္ေတြလည္း တာဝန္မေက်ေသးဘူး။ မ်ဳိးဆက္သစ္လူငယ္ေတြကိုလည္း လက္ဆင့္ကမ္းခခ်င္တယ္။ အဲဒီေန႔က်ရင္ ေဆြးေႏြးပြဲေတြလုပ္မယ္။ အစိုးရအဖြဲ႕ေတြေရာ၊ နိုင္ငံေရးခပါတီေတြေရာ၊ ၿငိမ္းခ်မ္းေရးအဖြဲ႕ေတြေရာ အကုန္ဖိတ္ၾကားထားပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးခေကာ္မတီမွ ဦးတင္ေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔တြင္ က်ေရာက္သည့္ ႏွစ္(၃၀)ျပည့္  ပုလဲရတုအခမ္းအနားဖြင့္ပြဲကို ၾသဂုတ္လ(၇)ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပမည္ျဖစ္ၿပီး ၈၈၈၈ အေရးေတာ္ပံု ပုလဲရတု အခမ္းအနား ဂုဏ္ျပဳမိန္႔ခြန္းေျပာၾကားျခင္း၊ အဖြဲ႕အစည္းအသီးသီးမွ ေပးပို႔လာသည့္ သဝဏ္လႊာမ်ား ဖတ္ၾကားျခင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုအသြင္ လကၡဏာရရိွေရးအတြက္ လိုအပ္သည့္ အႏွစ္သာရေခါင္းစဥ္ျဖင့္ ရန္ကုန္တကၠသိုလ္ ႏုိင္ငံတကာဆက္ဆံေရးပညာဌာနမွ ေဒါက္တာခိုင္မ်ိဳးထြန္း၊ ABSDF ဥကၠဌ ရဲေဘာ္သံခဲ၊ စာေရးဆရာ ဦးေမာင္ေမာင္စိုး၊ အေရွ႕ေတာင္အာရွေရးရာကၽြမ္းက်င္သူ ဦးခင္ေလးေမာင္တုိ႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ(၈)ရက္ေန႔တြင္ နံနက္ (၆)နာရီ၌ မင္းေက်ာင္းတုိက္တြင္ အာရုဏ္ဆြမ္းႏွင့္ ဝါဆိုသကၤန္းကပ္လွဴျခင္း၊ မင္းေက်ာင္းမွေန၍ ဗိုုလ္ခ်ဳပ္ပန္းၿခံရိွ ၈၈၈၈ ေက်ာက္တုိင္သို႔ ခ်ီတက္ ဂါရဝျပဳျခင္းတုိ႔ ျပဳလုပ္ၿပီးေနာက္ ၿမိဳ႕ေတာ္ခန္းမတြင္ အဖြဲ႕အစည္းအသီးသီးက ေပးပို႔ေသာ သဝဏ္လႊာ ဖတ္ၾကားျခင္းႏွင့္ ၈၈၈၈ သမိုင္းမွရရိွခဲ့ေသာ သင္ခန္းစာႏွင့္ အနာဂိတ္ေခါင္းစဥ္ျဖင့္ စကားဝိုင္း ေဆြးေႏြးျခင္းတုိ႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေဇာင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ရှစ်လေးလုံးအရေးတော်ပုံ ပုလဲရတု အခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဗိုလ်ချုပ်ပန်းခြံတို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက်နှင့် (၈)ရက်နေ့များ၌ တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပမည်ဖြစ်ရာ အခမ်းအနား မကျင်းပမည် ဗိုလ်ချုပ်ပန်းခြံအတွင်း ကြိုတင်ပြင်ဆင်နကြေသည်ကို တွေ့ရှိရသည်။

”၈၈မျိုးဆက်တွေလည်း တာဝန်မကျေသေးဘူး။ မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းခချင်တယ်။ အဲဒီနေ့ကျရင် ဆွေးနွေးပွဲတွေလုပ်မယ်။ အစိုးရအဖွဲ့တွေရော၊ နိုင်ငံရေးခပါတီတွေရော၊ ငြိမ်းချမ်းရေးအဖွဲ့တွေရော အကုန်ဖိတ်ကြားထားပါတယ်” ဟု တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးခကော်မတီမှ ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင် ကျရောက်သည့် နှစ်(၃၀)ပြည့် ပုလဲရတုအခမ်းအနားဖွင့်ပွဲကို သြဂုတ်လ(၇)ရက်နေ့တွင် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံ ပုလဲရတု အခမ်းအနား ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအသွင် လက္ခဏာရရှိရေးအတွက် လိုအပ်သည့် အနှစ်သာရခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဒေါက်တာခိုင်မျိုးထွန်း၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင်တို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၈)ရက်နေ့တွင် နံနက် (၆)နာရီ၌ မင်းကျောင်းတိုက်တွင် အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ မင်းကျောင်းမှနေ၍ ဗိုလ်ချုပ်ပန်းခြံရှိ ၈၈၈၈ ကျောက်တိုင်သို့ ချီတက် ဂါရဝပြုခြင်းတို့ ပြုလုပ်ပြီးနောက် မြို့တော်ခန်းမတွင် အဖွဲ့အစည်းအသီးသီးက ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ၈၈၈၈ သမိုင်းမှရရှိခဲ့သော သင်ခန်းစာနှင့် အနာဂိတ်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~