တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့နေ၍ တံတား(၁)နည်းတူ တံတား(၂)အား အသုံးပြုရန် အဆင့်သင့် ဖြစ်နေသည့် ထိုင်းဘက်အား နိုင်ငံခြားရေးဝန်ကြီးဌာနချင်း တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း မြန်မာဘက်က TBC အစည်းအဝေးတွင် ဆွေးနွေး

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့နေ၍ တံတား(၁)နည်းတူ တံတား(၂)အား အသုံးပြုရန် အဆင့်သင့် ဖြစ်နေသည့် ထိုင်းဘက်အား နိုင်ငံခြားရေးဝန်ကြီးဌာနချင်း တိုက်ရိုက် ညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း မြန်မာဘက်က TBC အစည်းအဝေးတွင် ဆွေးနွေး
သြဂုတ် 18, 2018
By Tachileik News Agency


"အမှတ်(၂)ချစ်ကြည်ရေးတံတား ဖွင့်လှစ်အသုံးပြုနိုင်ရေး ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးတောင်းဆိုခဲ့ခြင်း နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက် အနေဖြင့် အချက်အလက်များ ပြည့်စုံစွာ ပြုစု၍ ထိုင်းဘက် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ သံရုံးမှတဆင့် မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့သာ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက် သင့်ပါကြောင်း"မြန်မာဘက် TBC က တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ) ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပသည့် (၉၃)ကြိမ်မြောက် အစည်းအဝေး၌ ယင်းကဲ့သို့ ဖြေကြားလိုက်ခြင်းဖြစ်သည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြား အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကူးသန်း သွားလာမှုများလာပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း မကြာခဏ ဖြစ်နေသဖြင့် အမှတ်(၂)ချစ်ကြည်ရေး တံတားအား လူအဝင် အထွက် ပြုလုပ်သည့် တံတားအဖြစ် အသုံးပြုသွားမည်ဆိုပါက ထိုင်းဘက်မှ အသင့် ရှိပါကြောင်းနှင့် မြန်မာဘက်မှ အနေအထားကို သိလိုပါကြောင်း (၉၂)ကြိမ်မြောက် နှစ်နိုင်ငံ TBC ပုံမှန်အစည်းအဝေးတွင် မယ်ဆိုင် TBC က ဆွေးနွေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာဘက်က (၉၃)ကြိမ်မြောက် အစည်းအဝေးတွင် ယင်းသို့ ပြန်လည်ဖြေကြားလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် တာချီလိတ်နှင့် မယ်ဆိုင်အကြား  ချစ်ကြည်ရေးတံတား(၁)ကို လူအဝင်အထွက် အတွက် အသုံးပြုနေပြီး ချစ်ကြည်ရေးတံတား(၂)ကို ကုန်စည် သယ်ယူ ပို့ဆောင်ရေး အတွက် အသုံးပြု ထားခြင်းဖြစ်ကြောင်းနှင့် ချစ်ကြည်ရေးတံတား(၁)မှတဆင့် ပြည်သူများသည် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများဖြင့် မယ်ဆိုင်ဖက်သို့ သွားရောက်ရာတွင် တံတားပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

(၉၃)ကြိမ်မြောက် အဆိုပါ အစည်းအဝေးတွင် ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်) ဥက္ကဌ အမှတ်(၃) လှုပ်ရှားယန္တရားတပ်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတာကွမ်း ကျန်းထရားဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (တာချီလိတ်) ဥက္ကဌ ရှေ့တန်းအမှတ်(၃၂၈) ခြေမြန်တပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင် ဦးဆောင်သည့် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

တာချီလိတ်တွင် ကျင်းပသည့် အဆိုပါ အစည်းအဝေးသို့ ထိုင်းနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၄၅)ဦး၊ လေ့လာသူ (၁၁)ဦးပါဝင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၅)ဦး၊ လေ့လာသူ (၂၀)ဦးပါဝင်သည့် အဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကြား မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ် ဖြတ်သန်း ဝင်ထွက်ပေါက်အဖြစ် ချစ်ကြည်ရေးတံတား(၂)အား တိုးချဲ့အသုံးပြုနိုင်ရေး ထိုင်းဘက် TBC၏ တောင်းဆိုချက်ကို နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနချင်း တိုက်ရိုက် ညှိနှိုင်းနိုင်ရန် နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တစ်ဆင့်တင်ပြရန် မြန်မာဘက် TBC က အကြံပြုဆွေးနွေးထားကြောင်း သိရသည်။

"အမှတ်(၂)ချစ်ကြည်ရေးတံတား ဖွင့်လှစ်အသုံးပြုနိုင်ရေး ထိုင်းနိုင်ငံဘက်မှ ဆွေးနွေးတောင်းဆိုခဲ့ခြင်း နှင့် ပတ်သက်၍ ထိုင်းနိုင်ငံဘက် အနဖြေင့် အချက်အလက်များ ပြည့်စုံစွာ ပြုစု၍ ထိုင်းဘက် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ သံရုံးမှတဆင့် မြန်မာဘက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့သာ တိုက်ရိုက်ညှိနှိုင်း ဆောင်ရွက် သင့်ပါကြောင်း"မြန်မာဘက် TBC က တာချီလိတ်မြို့ရှိ ဇန်းမွန်(အာခါ) ဟိုတယ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၇)ရက်နေ့ နံနက်က ကျင်းပသည့် (၉၃)ကြိမ်မြောက် အစည်းအဝေး၌ ယင်းကဲ့သို့ ဖြကြေားလိုက်ခြင်းဖြစ်သည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြား အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ကူးသန်း သွားလာမှုများလာပြီး ယာဉ်ကြောပိတ်ဆို့မှုလည်း မကြာခဏ ဖြစ်နေသဖြင့် အမှတ်(၂)ချစ်ကြည်ရေး တံတားအား လူအဝင် အထွက် ပြုလုပ်သည့် တံတားအဖြစ် အသုံးပြုသွားမည်ဆိုပါက ထိုင်းဘက်မှ အသင့် ရှိပါကြောင်းနှင့် မြန်မာဘက်မှ အနေအထားကို သိလိုပါကြောင်း (၉၂)ကြိမ်မြောက် နှစ်နိုင်ငံ TBC ပုံမှန်အစည်းအဝေးတွင် မယ်ဆိုင် TBC က ဆွေးနွေးခဲ့ခြင်းဖြစ်သည့်အတွက် မြန်မာဘက်က (၉၃)ကြိမ်မြောက် အစည်းအေဝးတွင် ယင်းသို့ ပြန်လည်ဖြကြေားလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် တာချီလိတ်နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေးတံတား(၁)ကို လူအဝင်အထွက် အတွက် အသုံးပြုနပြေီး ချစ်ကြည်ရေးတံတား(၂)ကို ကုန်စည် သယ်ယူ ပို့ဆောင်ရေး အတွက် အသုံးပြု ထားခြင်းဖြစ်ကြောင်းနှင့် ချစ်ကြည်ရေးတံတား(၁)မှတဆင့် ပြည်သူများသည် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများဖြင့် မယ်ဆိုင်ဖက်သို့ သွားရောက်ရာတွင် တံတားပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများကြောင့် အချိန်ကြန့်ကြာမှုများနှင့် ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရသည်။

(၉၃)ကြိမ်မြောက် အဆိုပါ အစည်းအဝေးတွင် ထိုင်း - မြန်မာ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်) ဥက္ကဌ အမှတ်(၃) လှုပ်ရှားယန္တရားတပ်၏ ဗျူဟာမှူး ဗိုလ်မှူးကြီး ကီတာကွမ်း ကျန်းထရားဦးဆောင်သည့် အဖွဲ့နှင့် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ (တာချီလိတ်) ဥက္ကဌ ရှေ့တန်းအမှတ်(၃၂၈) ခြမြေန်တပ်ရင်း၏ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး မြတ်လင်းမောင် ဦးဆောင်သည့် အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးနကြခြေင်း ဖြစ်သည်။

တာချီလိတ်တွင် ကျင်းပသည့် အဆိုပါ အစည်းအေဝးသို့ ထိုင်းနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၄၅)ဦး၊ လေ့လာသူ (၁၁)ဦးပါဝင်သည့် အဖွဲ့နှင့် မြန်မာနိုင်ငံ TBC ဘက်မှ ဆွေးနွေးသူ (၅)ဦး၊ လေ့လာသူ (၂၀)ဦးပါဝင်သည့် အဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~