သီေပါၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ စက္တင္ဘာလ(၁၅)ရက္မွ စ၍ (၅)ရက္တိုင္တိုင္ မ်က္စိစမ္းသပ္၊ ကုသမႈ အခမဲ့ ေဆာင္ရြက္ေပးမည္

သီေပါၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ စက္တင္ဘာလ(၁၅)ရက္မွ စ၍ (၅)ရက္တိုင္တိုင္ မ်က္စိစမ္းသပ္၊ ကုသမႈ အခမဲ့ ေဆာင္ရြက္ေပးမည္
သြဂုတ် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ သီေပါၿမိဳ႕ရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ စက္တင္ဘာလ(၁၁)ရက္ေန႔မွ စ၍ (၅)ရက္တိုင္တိုင္ အခမဲ့ မ်က္စိစမ္းသပ္မႈႏွင့္အတူ ကုသမႈကို   ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“သီေပါၿမိဳ႕၊ မဟာျမတ္မုနိဘုရားႀကီးဝန္းထဲက သီတဂူစကၡဳဒါနေဆးရံုေတာ္(သီေပါ)မွာ ခါတိုင္းလိုပဲ အခမဲ့ စမ္းသပ္တာ ကုသတာေတြ လုပ္ေပးမွာျဖစ္ပါတယ္၊ ဒီတစ္ေခါက္ကေတာ့ မ်က္စိစမ္းသပ္၊ ကုသတာနဲ႔ ပတ္သက္တဲ့ အထူးကုဆရာဝန္ႀကီးေတြအပါအဝင္ စုစုေပါင္းဆရာဝန္ (၆)ဦး လာၿပီးစမ္းသပ္၊ ကုသေပးမွာ ျဖစ္ပါတယ္” ဟု သီတဂူစကၡဳဒါနေဆးရံု(သီေပါ)မွ ဆရာေတာ္ ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီ သုိ႔ မိန္႔သည္။

သီေပါၿမိဳ႕၊ မဟာျမတ္မုနိဘုရားဝန္းအတြင္းရွိ သီတဂူစကၡဳဒါနေဆးရံုတြင္ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ(၁၁)ရက္ေန႔မွ စက္တင္ဘာလ (၁၅)ရက္ေန႔အထိ အနယ္နယ္ အရပ္ရပ္မွ မ်က္စိေဝဒနာရွင္မ်ားအား အခမဲ့ စမ္းသပ္မႈ၊ ကုသမႈမ်ားကို ျပဳလုပ္ေပးသြားမည္ျဖစ္ၿပီး ျပင္ဦးလြင္ၿမိဳ႕မွ မ်က္စိဆရာဝန္ (၂)ဦးႏွင့္ မႏၱေလးၿမိဳ႕မွ  အထူးကု အပါအ၀င္ ဆရာ၀န္ (၄)ဦးတို႔က လာေရာက္ စမ္းသပ္၊ ကုသေပးမည္ျဖစ္ေၾကာင္း သိရသည္။

သီေပါၿမိဳ႕မဟာျမတ္မုနိဘုရားဝန္းအတြင္း တည္ရွိသည့္ သီတဂူစကၡဳဒါနေဆးရံုကို ၂၀၀၈ ခုႏွစ္ မတ္လ (၂၂) ရက္ေန႔က စတင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္အထိ လူနာေပါင္း (၂၃,၈၂၁)ဦးကို မ်က္စိအခမဲ့စမ္းသပ္မႈ ျပဳလုပ္ေပးခဲ့ၿပီး လူနာေပါင္း (၄,၈၉၈)ဦးကို မ်က္စိခြဲစိပ္ကုသမႈ ျပဳလုပ္ေပးခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေဆးရံုတြင္ ၂၀၀၈ ခုႏွစ္ မတ္လ မွစ၍ ႏွစ္စဥ္ႏွစ္တိုင္း (၃)လလွ်င္ တစ္ႀကိမ္ မ်က္စိ အခမဲ့ စမ္းသပ္မႈ ကုသမႈတို႔ကို ျပဳလုပ္ေပး ေနျခင္းျဖစ္ေၾကာင္းႏွင့္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေဒသတြင္း သြားလာမႈ ခက္ခဲသည့္ နယ္စြန္ နယ္ဖ်ားမွ မ်က္စိေဝဒနာရွင္မ်ားလည္း လာေရာက္စမ္းသပ္မႈ၊ ကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။

 သတင္း - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့ရှိ သီတဂူစက္ခုဒါနဆေးရုံတွင် စက်တင်ဘာလ(၁၁)ရက်နေ့မှ စ၍ (၅)ရက်တိုင်တိုင် အခမဲ့ မျက်စိစမ်းသပ်မှုနှင့်အတူ ကုသမှုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“သီပေါမြို့၊ မဟာမြတ်မုနိဘုရားကြီးဝန်းထဲက သီတဂူစက္ခုဒါနဆေးရုံတော်(သီပေါ)မှာ ခါတိုင်းလိုပဲ အခမဲ့ စမ်းသပ်တာ ကုသတာတွေ လုပ်ပေးမှာဖြစ်ပါတယ်၊ ဒီတစ်ခေါက်ကတော့ မျက်စိစမ်းသပ်၊ ကုသတာနဲ့ ပတ်သက်တဲ့ အထူးကုဆရာဝန်ကြီးတွေအပါအဝင် စုစုပေါင်းဆရာဝန် (၆)ဦး လာပြီးစမ်းသပ်၊ ကုသပေးမှာ ဖြစ်ပါတယ်” ဟု သီတဂူစက္ခုဒါနဆေးရုံ(သီပေါ)မှ ဆရာတော် ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီ သို့ မိန့်သည်။

သီပေါမြို့၊ မဟာမြတ်မုနိဘုရားဝန်းအတွင်းရှိ သီတဂူစက္ခုဒါနဆေးရုံတွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ(၁၁)ရက်နေ့မှ စက်တင်ဘာလ (၁၅)ရက်နေ့အထိ အနယ်နယ် အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်မှု၊ ကုသမှုများကို ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ပြင်ဦးလွင်မြို့မှ မျက်စိဆရာဝန် (၂)ဦးနှင့် မန္တလေးမြို့မှ အထူးကု အပါအဝင် ဆရာဝန် (၄)ဦးတို့က လာရောက် စမ်းသပ်၊ ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့မဟာမြတ်မုနိဘုရားဝန်းအတွင်း တည်ရှိသည့် သီတဂူစက္ခုဒါနဆေးရုံကို ၂၀၀၈ ခုနှစ် မတ်လ (၂၂) ရက်နေ့က စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ လူနာပေါင်း (၂၃,၈၂၁)ဦးကို မျက်စိအခမဲ့စမ်းသပ်မှု ပြုလုပ်ပေးခဲ့ပြီး လူနာပေါင်း (၄,၈၉၈)ဦးကို မျက်စိခွဲစိပ်ကုသမှု ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးရုံတွင် ၂၀၀၈ ခုနှစ် မတ်လ မှစ၍ နှစ်စဉ်နှစ်တိုင်း (၃)လလျှင် တစ်ကြိမ် မျက်စိ အခမဲ့ စမ်းသပ်မှု ကုသမှုတို့ကို ပြုလုပ်ပေး နခြေင်းဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင်း သွားလာမှု ခက်ခဲသည့် နယ်စွန် နယ်ဖျားမှ မျက်စိဝေဒနာရှင်များလည်း လာရောက်စမ်းသပ်မှု၊ ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~