သီေပါၿမိဳ႕နယ္ မႏၱေလး - လားရိႈးလမ္းတြင္ သစ္ခိုးတင္လာသည့္ ကားတစ္စီး ရပ္နားထားစဥ္ ဖမ္းမိ

သီေပါၿမိဳ႕နယ္ မႏၱေလး - လားရိႈးလမ္းတြင္ သစ္ခိုးတင္လာသည့္ ကားတစ္စီး ရပ္နားထားစဥ္ ဖမ္းမိ
သြဂုတ် 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)  သီေပါၿမိဳ႕နယ္၊ ဆြတ္လန္းေက်းရြာအနီး၊ မႏၱေလး - လားရိႈးကားလမ္း မုိင္တိုင္ အမွတ္ (၁၃၂/၄ -၅) ၾကားတြင္ သစ္မ်ား တရားမဝင္ တင္ေဆာင္ထားသည့္ ယာဥ္အမွတ္ YGN – 7C/ 5853 MARK 2 အျဖဴေရာင္ယာဥ္ကို ယာဥ္ေမာင္း မေတြ႔ရဘဲ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

သီေပါၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနမွအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ၂၀၁၈ ခုနွစ္ ၾသဂုတ္လ(၇)ရက္ေန႔က မႏၱေလး - လားရိႈးလမ္းတြင္ စစ္ေဆးဖမ္းဆီးမႈမ်ား လုပ္ေဆာင္ေနစဥ္ လားရိႈးဘက္သို႔ ဦးတည္ ရပ္ထားသည့္ အဆိုပါ ေမာ္ေတာ္ယာဥ္အား ေတြ႔ရသျဖင့္ စစ္ေဆးရာ ပိေတာက္ဓါးေရြတံုး (၁၂)တံုး၊ (၀.၂၀၃၀)တန္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ လိုင္စင္ကို စိစစ္ေနဆဲျဖစ္ၿပီး အဆုိပါ ဖမ္းဆီးရရိွမႈအား သီေပါၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၀၁/၂၀၁၈၊ ပပက-၆(၁)ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ ဆွတ်လန်းကျေးရွာအနီး၊ မန္တလေး - လားရှိုးကားလမ်း မိုင်တိုင် အမှတ် (၁၃၂/၄ -၅) ကြားတွင် သစ်များ တရားမဝင် တင်ဆောင်ထားသည့် ယာဉ်အမှတ် YGN – 7C/ 5853 MARK 2 အဖြူရောင်ယာဉ်ကို ယာဉ်မောင်း မတွေ့ရဘဲ ဖမ်းဆီးရမိထားကြောင်း သိရသည်။

သီပေါမြို့နယ် သစ်တောဦးစီးဌာနမှအဖွဲ့သည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ် သြဂုတ်လ(၇)ရက်နေ့က မန္တလေး - လားရှိုးလမ်းတွင် စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေစဉ် လားရှိုးဘက်သို့ ဦးတည် ရပ်ထားသည့် အဆိုပါ မော်တော်ယာဉ်အား တွေ့ရသဖြင့် စစ်ဆေးရာ ပိတောက်ဓားရွေတုံး (၁၂)တုံး၊ (ဝ.၂၀၃၀)တန်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် လိုင်စင်ကို စိစစ်နေဆဲဖြစ်ပြီး အဆိုပါ ဖမ်းဆီးရရှိမှုအား သီပေါမြို့မရဲစခန်းတွင် (ပ) ၁၀၁/၂၀၁၈၊ ပပက-၆(၁)ဖြင့် အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~