လူငယ္ ႏွင့္ မူးယစ္ေဆး၀ါး ေခါင္းစဥ္ျဖင့္ မိုင္းတံုၿမိဳ႕တြင္ ဒုတိယအႀကိမ္အျဖစ္ ျပည္သူ႔စကား၀ိုင္း ျပဳလုပ္ကာ ေဆြးေႏြးဖလွယ္

လူငယ္ ႏွင့္ မူးယစ္ေဆး၀ါး ေခါင္းစဥ္ျဖင့္ မိုင္းတံုၿမိဳ႕တြင္ ဒုတိယအႀကိမ္အျဖစ္ ျပည္သူ႔စကား၀ိုင္း ျပဳလုပ္ကာ ေဆြးေႏြးဖလွယ္
သြဂုတ် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပုိင္း) မုိင္းဆတ္ခရုိင္၊ မုိင္းတုံၿမိဳ႕နယ္ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနက
ဒုတိယအႀကိမ္က်င္းပသည့္ ျပည္သူ႔စကား၀ိုင္းကို လူငယ္ႏွင့္မူးယစ္ေဆးဝါးေခါင္းစဥ္ျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၂) ရက္ေန႔က ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ဇာတိမာန္ခန္းမ၌ က်င္းပရာ လူဦးေရ (၂၅၀)ခန္႔ တက္ေရာက္ေၾကာင္း သိရသည္။

စကား၀ိုင္းကို ျပည္နယ္လႊတ္ေတာ္ကုိယ္စားလွယ္ ဦးေစာမူးလာ၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွဴး ရဲမွဴးေသာမတ္၊  ၿမိဳ႕နယ္ဥပေဒအရာရိွ ဦးေနဒြဏ္းသာ၊ ၿမိဳ႕နယ္သြားဆရာ၀န္ ေဒါက္တာစမ်ဳိးမင္း၊ ပညာေရးဌာနမွ ဆရာႀကီး ဦးေအာင္ေက်ာ္ေဇာ၊ ၿမိဳ႕နယ္အားကာမွဴး ဦးေအာင္ကိုကိုတုိ႔က ဦးေဆာင္ေဆြးေႏြးၾကၿပီး လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ ဌာနဆိုင္ရာ ၀န္ထမ္းမ်ား၊ လူမႈေရးအသင္းအဖဲြ႔မ်ား၊ ရပ္ကြက္ႏွင့္ေက်းရြာ (၆)အုပ္စုမွ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေဒသခံလူငယ္မ်ား၊ ေက်ာင္းသား၊ေက်ာင္းသူမ်ား တက္ေရာက္ေဆြးေႏြးၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ ၿမဳိ႕နယ္စီမံခန္႔ခြဲမွဳေကာ္မတီဥကၠဌ၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေနေအာင္က အမွာစကား ေျပာၾကားရာ ဒီမိုကေရစီေခတ္တြင္ အစိုးရႏွင့္ျပည္သူမ်ားအၾကား ေဆြးေႏြးတိုင္ပင္ႏိုင္ရန္၊ ျပည္သူတို႔၏ဘ၀ ျဖတ္သန္းမႈအေၾကာင္း ကိစၥမ်ား ေဆြးေႏြးေျပာၾကားႏိုင္ေသာ အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးရန္၊ လူထု၏ စဥ္းစားေတြး ေခၚမႈျမင့္မားလာေစရန္ႏွင့္ အစုအဖြဲ႔အတြင္း ပါ၀င္ ေဆြးေႏြးတတ္ေသာ အေလ့အထေကာင္းမ်ား ေလ့က်င့္ေပးရန္ စသည့္ ရည္ရြယ္ခ်က္ျဖင့္ က်င္းပျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

သတင္း - သန္းေဇာ္ဦး
ဓာတ္ပုံ - စိုင္းေအာင္ေထြး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက
ဒုတိယအကြိမ်ကျင်းပသည့် ပြည်သူ့စကားဝိုင်းကို လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဇာတိမာန်ခန်းမ၌ ကျင်းပရာ လူဦးရေ (၂၅၀)ခန့် တက်ရောက်ကြောင်း သိရသည်။

စကားဝိုင်းကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောမူးလာ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသောမတ်၊ မြို့နယ်ဥပဒေအရာရှိ ဦးနေဒွဏ်းသာ၊ မြို့နယ်သွားဆရာဝန် ဒေါက်တာစမျိုးမင်း၊ ပညာရေးဌာနမှ ဆရာကြီး ဦးအောင်ကျော်ဇော၊ မြို့နယ်အားကာမှူး ဦးအောင်ကိုကိုတို့က ဦးဆောင်ဆွေးနွေးကြပြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နှင့်ကျေးရွာ (၆)အုပ်စုမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံလူငယ်များ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေအောင်က အမှာစကား ပြောကြားရာ ဒီမိုကရေစီခေတ်တွင် အစိုးရနှင့်ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ရန်၊ ပြည်သူတို့၏ဘဝ ဖြတ်သန်းမှုအကြောင်း ကိစ္စများ ဆွေးနွေးပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏ စဉ်းစားတွေး ခေါ်မှုမြင့်မားလာစေရန်နှင့် အစုအဖွဲ့အတွင်း ပါဝင် ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန် စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

သတင်း - သန်းဇော်ဦး
ဓာတ်ပုံ - စိုင်းအောင်ထွေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~