ေတာင္ႀကီးၿမိဳ႕တြင္ ေဒသခံ(၁၀၀)ေက်ာ္ ကန္႔ကြက္ထားသည့္ Night 38 ညေစ်းအား ဆိုင္ခန္းဖြင့္ခြင့္ (၆)လ အခမဲ့ျဖင့္ စည္ပင္က ေရာင္းခ်ခြင့္ေပး

ေတာင္ႀကီးၿမိဳ႕တြင္ ေဒသခံ(၁၀၀)ေက်ာ္ ကန္႔ကြက္ထားသည့္ Night 38 ညေစ်းအား ဆိုင္ခန္းဖြင့္ခြင့္ (၆)လ အခမဲ့ျဖင့္ စည္ပင္က ေရာင္းခ်ခြင့္ေပး
သြဂုတ် 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေဒသခံ(၁၀၀)ေက်ာ္ ကန္႔ကြက္ထားသည့္ ညေစ်းကို စည္ပင္သာယာေရးဌာနက ဆိုင္ခန္းခ (၆)လ ကင္းလြတ္ခြင့္ျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၅)ရက္ေန႔ ညေနပိုင္းက စတင္၍ ေရာင္းခ်ခြင့္ေပးလိုက္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ေပၚ ဘုရင့္ေနာင္လမ္းႏွင့္ အား/ကာ တိုက္တန္းၾကားရွိ ကြန္ကရစ္ခင္းထားေသာေနရာတြင္ စားေသာက္ဆိုင္ခန္းေပါင္း (၃၈)ခန္း ပါ၀င္သည့္ Night 38 အမည္ရွိ ညေစ်း ဖြင့္လွစ္လိုက္ပါက လူစည္ကားရာ ေနရာျဖစ္သျဖင့္ ယာဥ္ေၾကာပိတ္ဆို႔မည္ျဖစ္၍ ေဒသခံမ်ားက ကန္႔ကြက္ထားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညေစ်း စတင္ဖြင့္လွစ္သည့္  ညေနပိုင္းတြင္ ညေစ်းဖြင့္လွစ္မည့္ေနရာရွိ စားေသာက္ဆိုင္ေရွ႕တြင္ ဧည့္သည္မ်ား ရပ္တန္႔ထားသည့္ ယာဥ္ႏွစ္စီးအား စည္ပင္သာယာေရးဌာနမွ တာဝန္ရိွသူတစ္ဦးက ဖယ္ရွားခိုင္းရာမွ အျငင္းပြားမႈျဖစ္ပြားခဲ့ေၾကာင္းလည္း သိရသည္။

"ျဖစ္ေနတာကေတာ့ ဒီေန႔ စဖြင့္တယ္။ ဖြင့္တဲ့အခ်ိန္မွာ မူလစားေသာက္ေနသူေတြ ကားေတြရပ္ထားတယ္။ အဲဒီမွာ တာ၀န္ရွိတဲ့လူေျပာတဲ့ပံုစံက ကားပိုင္ရွင္ဘယ္သူလဲ ထြက္ခဲ့စမ္းဆိုတာမ်ဳိးနဲ႔ ယူနီေဖာင္း၀တ္ၿပီး ေျပာဆိုတာလို႔ သိရတယ္။ ကြ်န္ေတာ္တို႔လာတဲ့ အခ်ိန္နဲ႔ နည္းနည္းေနာက္က်သြားတယ္။ ဒါေပမဲ့ အခုလို အေျခအေနမ်ဳိးက ေန႔စဥ္ ႀကံဳေတြ႕ရေတာ့မယ္ဆိုတာ ကြ်န္ေတာ္တို႔ သိေနတယ္။ ေနာက္ၿပီး ဒါေတြကို အဖြဲ႔အစည္းေပါင္းစံုက လူ(၁၀၀)ေက်ာ္ ကန္႔ကြက္ထားတဲ့ကိစၥ။ ကြ်န္ေတာ္တို႔ ျဖစ္ေစခ်င္တာက ျပည္သူ႔ဆႏၵ မပါဘဲနဲ႔ မလုပ္ေစခ်င္ဘူး။ ျပည္သူ အမ်ားစု ကန္႔ကြက္ေနတဲဲ့ၾကားထဲက အတင္းဇြတ္ လုပ္ေနတယ္ ဆိုတာဟာ ျပည္သူ႔ဆႏၵကို မ်က္ကြယ္ျပဳေနတယ္လို႔ ကြ်န္ေတာ္တို႔ ျမင္တယ္။ အခုေတာင္ ေက်ာင္းပိတ္ရက္မို႔ ေက်ာင္းဖြင့္ရက္ဆို ဘယ္လိုလုပ္မလဲ။ ညေစ်းဖြင့္ခ်ိန္က (၅)နာရီဆိုေပမဲ့ (၄)နာရီ၊ (၃)နာရီခြဲကတည္းက ႀကိဳတင္ျပင္ဆင္မႈေတြ လုပ္ရတယ္။ အဲဒီေတာ့ တာ၀န္ရွိသူေတြ ဒီကိစၥကို အျမန္ဆံုး စိစစ္ၿပီးေတာ့ ျပဳျပင္ေျပာင္းလဲေပးဖို႔ လုပ္ေစခ်င္ပါတယ္"ဟု တရားဥပေဒစုိးမိုးေရးကြန္ရက္မွ ဦး၀င္းႏိုင္စိုးက ေျပာသည္။

အဆိုပါ ညေစ်းဖြင့္လွစ္သည့္ ေနရာအနီးတြင္ အေျခခံပညာစာသင္ေက်ာင္း (၂)ေက်ာင္း ႏွင့္ ဘုရားေက်ာင္း (၁)ေက်ာင္းရွိေနၿပီး ေက်ာင္းဆင္းခ်ိန္မ်ားတြင္ ယာဥ္ေၾကာ မၾကာခဏ ပိတ္ဆို႔မႈမ်ား ျဖစ္ေနရာ ညေစ်းေရာင္းခ်ခြင့္ျပဳလုိက္ပါက ေစ်းဆုိင္မ်ား ေရာင္းခ်ရန္ျပင္ဆင္ခ်ိန္ႏွင့္ ေက်ာင္းဆင္းခ်ိန္ တုိက္ေနၿပီး ယာဥ္လမ္းပိတ္ဆို႔မႈ၊ ယာဥ္အႏၱရာယ္ျဖစ္ႏုိင္သည္ဟုဆိုကာ အရပ္ဖက္အဖြဲ႕အစည္းမ်ားက ကန္႔ကြက္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ညေစ်းအတြက္ ေလွ်ာက္ထားသူ (၅၀၀) ေက်ာ္အနက္ ဆိုင္ခန္း(၃၈)ခန္းအတြက္ မဲႏႈိက္ေပးခဲ့ၿပီး ယေန႔တြင္ စတင္ေရာင္းခ်ခြင့္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကိစၥတစ္ခုကို လုပ္တယ္ဆိုတာ အက်ဳိးနဲ႔အျပစ္ဆိုတာ ႏွစ္ခုရွိတယ္။ အက်ဳိးနဲ႔အျပစ္မွာ အျပစ္မ်ားရင္ ကြ်န္ေတာ္တို႔ မလုပ္ဘူး။ အက်ဳိးမ်ားရင္ ကြ်န္ေတာ္တို႔ လုပ္မယ္။ အေျဖက ရွင္းတယ္ေနာ္။ ဒါဟာ အက်ဳိးမ်ားလုိ႔ ကြ်န္ေတာ္တို႔ လုပ္တာ။ အက်ဳိးကေတာ့ အလုပ္အကိုင္ အခြင့္အလမ္းေပါ့။ ဒီဆိုင္ (၃၈)ခန္းရဲ႕ အေနာက္မွာ မီွေနတ့ဲ မိသားစုေတြ အမ်ားႀကီးရွိတယ္။ ေလွ်ာက္လႊာကို (၅၀၀)ေက်ာ္တယ္။ (၅၀၀)ေက်ာ္ထဲမွာမွ ကြ်န္ေတာ္တို႔ ေပးႏုိင္တဲ့ (၃၈)ခန္းကိုပဲ ေပးလို႔ရတာ။ အဲဒီေတာ့ မိသားစု(၃၈)ခုေပါ့ေနာ္။ သူ႔ေနာက္မွာ ရွိတဲ့ လူေပါင္းမ်ားစြာကို စား၀တ္ေနေရး အလုပ္အကိုင္ရရွိဖို႔အတြက္ ကြ်န္ေတာ္တို႔ အေထာက္အကူေပးခဲ့တာ။ အခြန္အခ အေနနဲဲ႔ အစိုးရအဖြဲ႔က ကြ်န္ေတာ္တို႔ကို ဒီဟာေလးမဖြင့္ခင္္ မတိုင္မီမွာ (၆)လ ဘာမွမေကာက္ဘူး။ အခမဲ့။ ၿပီးေတာ့မွ ကြ်န္ေတာ္တို႔ ဘယ္ေလာက္ ေကာက္ရမယ္ ဆိုတာကို ကြ်န္ေတာ္တို႔ သူတို႔ရဲ႕ စည္းကမ္းလိုက္နာမႈ၊ ေစ်းေရာင္းခ်တာမွာ စည္းကမ္းရွိမႈ၊ ျပည္သူေတြ အေပၚ ေစတနာပါမႈေတြ အားလံုးကို ၾကည့္ၿပီးေတာ့မွ ကြ်န္ေတာ္တို႔ ေကာက္သင့္တဲ့ သတ္မွတ္တဲ့ အခြန္အခကို ေလွ်ာ့ေကာက္ဦးမွာ"ဟု ေတာင္ႀကီးၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ၀င္ ဦးစိုင္း၀ဏၰညိဳ က အဆိုပါ ေစ်းႏွင့္ ပတ္သက္၍ ေျဖၾကားသည္။

ဆိုင္ခန္းခမ်ားအား (၆)လ မေကာက္ခံဟုဆိုေသာ္လည္း ဆိုင္ခန္းမ်ား သန္႔ရွင္းေရးအတြက္ အမႈိက္ရွင္းလင္းေရး ႏွင့္ သန္႔ရွင္းသပ္ရပ္ေရးအတြက္ ဆိုင္ခန္း(၃၈)ခန္း ေပါင္း၍ က်ခံမႈမ်ားရွိေၾကာင္း ႏွင့္ ေက်ာင္းဆင္းခ်ိန္ ႏွင့္ ဆိုင္ခန္းဖြင့္ခ်ိန္အား အခ်ိန္(၁)နာရီ ျခားထားေၾကာင္း အဆိုပါညေစ်းေကာ္မတီမွ သိရသည္။

"ဒီအခန္းေလးေတြ အတြက္ အစိုးရက ေလွ်ာက္လႊာေခၚေတာ့ ကြ်န္ေတာ္တို႔လည္း တင္လိုက္တယ္၊ အေယာက္(၅၀၀)ေက်ာ္ တင္တဲ့အထဲမွာ (၃၈)ခန္း ကံထူးရွင္အေနနဲ႔ မဲေပါက္တယ္ေပါ့ေနာ္၊ အားလံုးေရွ႕မွာပဲ ျမင္သာ ထင္သာရွိစြာ မဲႏႈိက္ရတာပါ၊ အဲ့လို မဲႏႈိက္တဲ့အထဲမွာ ကြ်န္ေတာ္လည္း မဲေပါက္လာတာ၊ အခြန္ကေတာ့ ေလာေလာဆယ္ မေဆာင္ ရေသးဘူးဗ်၊ (၆)လအေနနဲ႔ အစမ္း ကာလအျဖစ္ ကြ်န္ေတာ္တို႔ ဖြင့္ခြင့္ရတာေပါ့၊ ဒီ(၆)လအတြင္းမွာေတာ့ ဘာအခြန္မွာေတာ့ ေဆာင္ရတာေတာ့ မရွိဘူး၊ တစ္ခုေတာ့ရွိတယ္၊ ဒီရဲ႕ သန္႔ရွင္းေရးေတြ အတြက္ေတာ့ ကြ်န္ေတာ္တို႔ (၃၈)ခန္း မွ်ၿပီး က်ခံရတာေတာ့ရွိပါတယ္၊ ဘယ္ေလာက္လဲဆိုေတာ့ တစ္ခန္းကို တစ္ရက္ခ်င္း ဆိုရင္ေတာ့ က်ပ္(၈၀၀)ေလာက္ က်ပါတယ္။ သန္႔ရွင္းေရးအတြက္ အဓိကပါ။ (၆)လၿပီးရင္ေတာ့ သတ္မွတ္ စည္းကမ္းေတြနဲ႔ညီရင္ေတာ့ ဆက္ဖြင့္ခြင့္ရမယ္၊ မညီရင္ေတာ့ ရမွာမဟုတ္ဘူး၊ သန္႔ရွင္ေရးနဲ႔ ပတ္သက္ၿပီး အမႈိက္သိမ္းတာ အျပင္ လိုအပ္ရင္ ေရေတြနဲ႔ ေဆးဖို႔လည္း ပါ ပါတယ္။ ေက်ာင္းဆင္းခ်ိန္က ညေန(၃)နာရီဆိုရင္ ဆင္းသြားတယ္ဗ်၊ ကြ်န္ေတာ္တို႔က ညေန(၄)နာရီမွ စမွာပါ။ ေနာက္ဆံုး ေက်ာင္းဆင္းခ်ိန္က ညေန(၃)နာရီခြဲျဖစ္သြားရင္ေတာင္ ကြ်န္ေတာ္တို႔ အေနာက္ဆုတ္ေပးမွာပါ၊ ဒါေပမ့ဲ ေက်ာင္းဆင္းခ်ိန္နဲဲ႔ ကြ်န္ေတာ္တို႔ ဖြင့္ခ်ိန္နဲ႔က (၁)နာရီ ကြာပါတယ္"ဟု အဆိုပါ ညေစ်းတြင္ ေစ်းေရာင္းခ်ေနၿပီး Night 38 ညေစ်း၏ ေကာ္မတီ၏ ဒုတိယဥကၠဌ တာ၀န္ယူထားသူ ဦးလႈိင္၀င္းေအးက မီဒီယာမ်ားအား ရွင္းလင္းေျပာျပသည္။

ညေစ်းတြင္ ေရာင္းခ်သည့္ဆုိင္ခန္းမ်ား လုိက္နာရမည့္ စည္းကမ္းခ်က္မ်ားတြင္ အမိႈက္စနစ္တက် သိမ္းဆည္းရန္၊ လမ္းဧရိယာအား က်ဴးေက်ာ္ခင္းက်င္းျခင္းႏွင့္ ယာဥ္ႀကီး ယာဥ္ငယ္မ်ား ရပ္နားထားျခင္း မျပဳရန္၊ ညေန(၄)နာရီမွ ည (၁၀)နာရီအထိသာ ခင္းက်င္းေရာင္းခ်ရန္ႏွင့္ ေစ်းေကာ္မတီက အခါ အားေလ်ာ္စြာ ခ်မွတ္သည့္ စည္းကမ္းမ်ားကို မပ်က္မကြက္လိုက္နာရန္ ကတိခံဝန္ခ်က္ျဖင့္ ေရာင္းခ်ခြင့္ျပဳျခင္း ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ဒေသခံ(၁၀၀)ကျော် ကန့်ကွက်ထားသည့် ညဈေးကို စည်ပင်သာယာရေးဌာနက ဆိုင်ခန်းခ (၆)လ ကင်းလွတ်ခွင့်ဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက စတင်၍ ရောင်းချခွင့်ပေးလိုက်ကြောင်း သိရသည်။

တောင်ကြီးမြို့ပေါ် ဘုရင့်နောင်လမ်းနှင့် အား/ကာ တိုက်တန်းကြားရှိ ကွန်ကရစ်ခင်းထားသောနေရာတွင် စားသောက်ဆိုင်ခန်းပေါင်း (၃၈)ခန်း ပါဝင်သည့် Night 38 အမည်ရှိ ညဈေး ဖွင့်လှစ်လိုက်ပါက လူစည်ကားရာ နေရာဖြစ်သဖြင့် ယာဉ်ကြောပိတ်ဆို့မည်ဖြစ်၍ ဒေသခံများက ကန့်ကွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညဈေး စတင်ဖွင့်လှစ်သည့် ညနေပိုင်းတွင် ညဈေးဖွင့်လှစ်မည့်နေရာရှိ စားသောက်ဆိုင်ရှေ့တွင် ဧည့်သည်များ ရပ်တန့်ထားသည့် ယာဉ်နှစ်စီးအား စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖယ်ရှားခိုင်းရာမှ အငြင်းပွားမှုဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

"ဖြစ်နေတာကတော့ ဒီနေ့ စဖွင့်တယ်။ ဖွင့်တဲ့အချိန်မှာ မူလစားသောက်နေသူတွေ ကားတွေရပ်ထားတယ်။ အဲဒီမှာ တာဝန်ရှိတဲ့လူပြောတဲ့ပုံစံက ကားပိုင်ရှင်ဘယ်သူလဲ ထွက်ခဲ့စမ်းဆိုတာမျိုးနဲ့ ယူနီဖောင်းဝတ်ပြီး ပြောဆိုတာလို့ သိရတယ်။ ကျွန်တော်တို့လာတဲ့ အချိန်နဲ့ နည်းနည်းနောက်ကျသွားတယ်။ ဒါပေမဲ့ အခုလို အခြေအနေမျိုးက နေ့စဉ် ကြုံတွေ့ရတော့မယ်ဆိုတာ ကျွန်တော်တို့ သိနေတယ်။ နောက်ပြီး ဒါတွေကို အဖွဲ့အစည်းပေါင်းစုံက လူ(၁၀၀)ကျော် ကန့်ကွက်ထားတဲ့ကိစ္စ။ ကျွန်တော်တို့ ဖြစ်စေချင်တာက ပြည်သူ့ဆန္ဒ မပါဘဲနဲ့ မလုပ်စေချင်ဘူး။ ပြည်သူ အများစု ကန့်ကွက်နေတဲ့ကြားထဲက အတင်းဇွတ် လုပ်နေတယ် ဆိုတာဟာ ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုနေတယ်လို့ ကျွန်တော်တို့ မြင်တယ်။ အခုတောင် ကျောင်းပိတ်ရက်မို့ ကျောင်းဖွင့်ရက်ဆို ဘယ်လိုလုပ်မလဲ။ ညဈေးဖွင့်ချိန်က (၅)နာရီဆိုပေမဲ့ (၄)နာရီ၊ (၃)နာရီခွဲကတည်းက ကြိုတင်ပြင်ဆင်မှုတွေ လုပ်ရတယ်။ အဲဒီတော့ တာဝန်ရှိသူတွေ ဒီကိစ္စကို အမြန်ဆုံး စိစစ်ပြီးတော့ ပြုပြင်ပြောင်းလဲပေးဖို့ လုပ်စေချင်ပါတယ်"ဟု တရားဥပဒေစိုးမိုးရေးကွန်ရက်မှ ဦးဝင်းနိုင်စိုးက ပြောသည်။

အဆိုပါ ညဈေးဖွင့်လှစ်သည့် နေရာအနီးတွင် အခြေခံပညာစာသင်ကျောင်း (၂)ကျောင်း နှင့် ဘုရားကျောင်း (၁)ကျောင်းရှိနပြေီး ကျောင်းဆင်းချိန်များတွင် ယာဉ်ကြော မကြာခဏ ပိတ်ဆို့မှုများ ဖြစ်နေရာ ညဈေးရောင်းချခွင့်ပြုလိုက်ပါက ဈေးဆိုင်များ ရောင်းချရန်ပြင်ဆင်ချိန်နှင့် ကျောင်းဆင်းချိန် တိုက်နပြေီး ယာဉ်လမ်းပိတ်ဆို့မှု၊ ယာဉ်အန္တရာယ်ဖြစ်နိုင်သည်ဟုဆိုကာ အရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ညဈေးအတွက် လျှောက်ထားသူ (၅၀၀) ကျော်အနက် ဆိုင်ခန်း(၃၈)ခန်းအတွက် မဲနှိုက်ပေးခဲ့ပြီး ယနေ့တွင် စတင်ရောင်းချခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကိစ္စတစ်ခုကို လုပ်တယ်ဆိုတာ အကျိုးနဲ့အပြစ်ဆိုတာ နှစ်ခုရှိတယ်။ အကျိုးနဲ့အပြစ်မှာ အပြစ်များရင် ကျွန်တော်တို့ မလုပ်ဘူး။ အကျိုးများရင် ကျွန်တော်တို့ လုပ်မယ်။ အဖြေက ရှင်းတယ်နော်။ ဒါဟာ အကျိုးများလို့ ကျွန်တော်တို့ လုပ်တာ။ အကျိုးကတော့ အလုပ်အကိုင် အခွင့်အလမ်းပေါ့။ ဒီဆိုင် (၃၈)ခန်းရဲ့ အနောက်မှာ မှီနေတဲ့ မိသားစုတွေ အများကြီးရှိတယ်။ လျှောက်လွှာကို (၅၀၀)ကျော်တယ်။ (၅၀၀)ကျော်ထဲမှာမှ ကျွန်တော်တို့ ပေးနိုင်တဲ့ (၃၈)ခန်းကိုပဲ ပေးလို့ရတာ။ အဲဒီတော့ မိသားစု(၃၈)ခုပေါ့နော်။ သူ့နောက်မှာ ရှိတဲ့ လူပေါင်းများစွာကို စားဝတ်နေရေး အလုပ်အကိုင်ရရှိဖို့အတွက် ကျွန်တော်တို့ အထောက်အကူပေးခဲ့တာ။ အခွန်အခ အနေနဲ့ အစိုးရအဖွဲ့က ကျွန်တော်တို့ကို ဒီဟာလေးမဖွင့်ခင် မတိုင်မီမှာ (၆)လ ဘာမှမကောက်ဘူး။ အခမဲ့။ ပြီးတော့မှ ကျွန်တော်တို့ ဘယ်လောက် ကောက်ရမယ် ဆိုတာကို ကျွန်တော်တို့ သူတို့ရဲ့ စည်းကမ်းလိုက်နာမှု၊ ဈေးရောင်းချတာမှာ စည်းကမ်းရှိမှု၊ ပြည်သူတွေ အပေါ် စေတနာပါမှုတွေ အားလုံးကို ကြည့်ပြီးတော့မှ ကျွန်တော်တို့ ကောက်သင့်တဲ့ သတ်မှတ်တဲ့ အခွန်အခကို လျှော့ကောက်ဦးမှာ"ဟု တောင်ကြီးမြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးစိုင်းဝဏ္ဏညို က အဆိုပါ ဈေးနှင့် ပတ်သက်၍ ဖြကြေားသည်။

ဆိုင်ခန်းခများအား (၆)လ မကောက်ခံဟုဆိုသော်လည်း ဆိုင်ခန်းများ သန့်ရှင်းရေးအတွက် အမှိုက်ရှင်းလင်းရေး နှင့် သန့်ရှင်းသပ်ရပ်ရေးအတွက် ဆိုင်ခန်း(၃၈)ခန်း ပေါင်း၍ ကျခံမှုများရှိကြောင်း နှင့် ကျောင်းဆင်းချိန် နှင့် ဆိုင်ခန်းဖွင့်ချိန်အား အချိန်(၁)နာရီ ခြားထားကြောင်း အဆိုပါညဈေးကော်မတီမှ သိရသည်။

"ဒီအခန်းလေးတွေ အတွက် အစိုးရက လျှောက်လွှာခေါ်တော့ ကျွန်တော်တို့လည်း တင်လိုက်တယ်၊ အယောက်(၅၀၀)ကျော် တင်တဲ့အထဲမှာ (၃၈)ခန်း ကံထူးရှင်အနေနဲ့ မဲပေါက်တယ်ပေါ့နော်၊ အားလုံးရှေ့မှာပဲ မြင်သာ ထင်သာရှိစွာ မဲနှိုက်ရတာပါ၊ အဲ့လို မဲနှိုက်တဲ့အထဲမှာ ကျွန်တော်လည်း မဲပေါက်လာတာ၊ အခွန်ကတော့ လောလောဆယ် မဆောင် ရသေးဘူးဗျ၊ (၆)လအနေနဲ့ အစမ်း ကာလအဖြစ် ကျွန်တော်တို့ ဖွင့်ခွင့်ရတာပေါ့၊ ဒီ(၆)လအတွင်းမှာတော့ ဘာအခွန်မှာတော့ ဆောင်ရတာတော့ မရှိဘူး၊ တစ်ခုတော့ရှိတယ်၊ ဒီရဲ့ သန့်ရှင်းရေးတွေ အတွက်တော့ ကျွန်တော်တို့ (၃၈)ခန်း မျှပြီး ကျခံရတာတော့ရှိပါတယ်၊ ဘယ်လောက်လဲဆိုတော့ တစ်ခန်းကို တစ်ရက်ချင်း ဆိုရင်တော့ ကျပ်(၈၀၀)လောက် ကျပါတယ်။ သန့်ရှင်းရေးအတွက် အဓိကပါ။ (၆)လပြီးရင်တော့ သတ်မှတ် စည်းကမ်းတွေနဲ့ညီရင်တော့ ဆက်ဖွင့်ခွင့်ရမယ်၊ မညီရင်တော့ ရမှာမဟုတ်ဘူး၊ သန့်ရှင်ရေးနဲ့ ပတ်သက်ပြီး အမှိုက်သိမ်းတာ အပြင် လိုအပ်ရင် ရေတွေနဲ့ ဆေးဖို့လည်း ပါ ပါတယ်။ ကျောင်းဆင်းချိန်က ညနေ(၃)နာရီဆိုရင် ဆင်းသွားတယ်ဗျ၊ ကျွန်တော်တို့က ညနေ(၄)နာရီမှ စမှာပါ။ နောက်ဆုံး ကျောင်းဆင်းချိန်က ညနေ(၃)နာရီခွဲဖြစ်သွားရင်တောင် ကျွန်တော်တို့ အနောက်ဆုတ်ပေးမှာပါ၊ ဒါပေမဲ့ ကျောင်းဆင်းချိန်နဲ့ ကျွန်တော်တို့ ဖွင့်ချိန်နဲ့က (၁)နာရီ ကွာပါတယ်"ဟု အဆိုပါ ညဈေးတွင် ဈေးရောင်းချနပြေီး Night 38 ညဈေး၏ ကော်မတီ၏ ဒုတိယဥက္ကဌ တာဝန်ယူထားသူ ဦးလှိုင်ဝင်းအေးက မီဒီယာများအား ရှင်းလင်းပြောပြသည်။

ညဈေးတွင် ရောင်းချသည့်ဆိုင်ခန်းများ လိုက်နာရမည့် စည်းကမ်းချက်များတွင် အမှိုက်စနစ်တကျ သိမ်းဆည်းရန်၊ လမ်းဧရိယာအား ကျူးကျော်ခင်းကျင်းခြင်းနှင့် ယာဉ်ကြီး ယာဉ်ငယ်များ ရပ်နားထားခြင်း မပြုရန်၊ ညနေ(၄)နာရီမှ ည (၁၀)နာရီအထိသာ ခင်းကျင်းရောင်းချရန်နှင့် ဈေးကော်မတီက အခါ အားလျော်စွာ ချမှတ်သည့် စည်းကမ်းများကို မပျက်မကွက်လိုက်နာရန် ကတိခံဝန်ချက်ဖြင့် ရောင်းချခွင့်ပြုခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~