မယ်ဆိုင်ဂူမှ လူငယ်(၁၁)ဦး ကျောင်းပြန်တက်ရန်အတွက် ကိုရင်ထွက်လာပြီး၊ နည်းပြမှာ ရဟန်းအဖြစ် တစ်နှစ်ကြာ ဆက်လက်ဝတ်မည်

မယ်ဆိုင်ဂူမှ လူငယ်(၁၁)ဦး ကျောင်းပြန်တက်ရန်အတွက် ကိုရင်ထွက်လာပြီး၊ နည်းပြမှာ ရဟန်းအဖြစ် တစ်နှစ်ကြာ ဆက်လက်ဝတ်မည်
သြဂုတ် 4, 2018
By Tachileik News Agency


Tachileik News Agency
Photo: PR Chiang

~~~~~~~~⊰❂ unicode ~~~~~~~~


မယ်ဆိုင်ဂူမှကယ်ဆယ်ခဲ့သည့် တောဝက်ဘောလုံးအသင်း၏ လူငယ်(၁၃)ဦးအနက် ရှင်သာမဏေအဖြစ် (၁၁)ပါးနှင့် ရဟန်းအဖြစ် ဝတ်ခဲ့ကြသည့် နည်းပြအပါအဝင် (၁၂)ဦးတွင် ကိုရင် (၁၁)ပါးမှာ (၉) ရက်ကြာ သင်္ကန်းဝတ်ပြီးနောက် ပညာဆက်လက်သင်ကြားရန် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့တွင် လူထွက်ကြပြီး နည်းပြမှာ ရဟန်းဘဝဖြင့် ဆက်လက်နေထိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှင်သာမဏေ(၁၁)ပါး လူထွက်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ လွိုင်ဘောင်းဘုန်းကြီးကျောင်းတိုက် အပေါ်ရှိ ဓာတ်တော်စေတီဓမ္မာရုံတွင် သြဂုတ်လ(၄)ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

Tachileik News Agency
Photo: PR Chiang

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~