မဲခေါင်မြစ်ရေ အခြေအနေ သြဂုတ်လ(၃)ရက်နေ့တွင် သိသိသာသာ ကျဆင်းသွား

မဲခေါင်မြစ်ရေ အခြေအနေ သြဂုတ်လ(၃)ရက်နေ့တွင် သိသိသာသာ ကျဆင်းသွား
သွဂုတျ 3, 2018
By Tachileik News Agency

၂၀၁၈ခုနှစ် သြဂုတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်တွင်  ရွှေတြိဂံဒေသ မဲခေါင်မြစ်ရေ၏ မြစ်ရေ အခြေအနေမှာ ပုံမှန်အထက် (၉)ပေရှိသည့် အတွက် (၃)ရက်အတွင်း သိသိသာသာ ကျသွားမှုကြောင့် မြစ်အတွင်းသို့ ချောင်းရေစီးဆင်းနိုင်ရန် အခက်အခဲ မရှိနိုင်တော့ကြောင်း သိရသည်။



မဲခေါင်မြစ်အတွင်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းများမှ ရေများ စီးဆင်းနေလျှက်ရှိရာမှ မြစ်ရေ တက်လာပါက ချောင်းအတွင်းမှ ရေများမှ မဲခေါင်မြစ်အတွင်းတော့ မစီးဆင်းနိုင်တော့ဘဲ မြို့တွင်းသို့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် တာဝန်ရှိသူများမှ မြစ်ရေအခြေအနေကို စောင့်ကြည့်နေကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ခုနှစ် သြဂုတ်လ(၃)ရက်နေ့ နံနက်(၁၀)နာရီခွဲ အချိန်တွင် ရွှတြေိဂံဒေသ မဲခေါင်မြစ်ရေ၏ မြစ်ရေ အခြေအနေမှာ ပုံမှန်အထက် (၉)ပေရှိသည့် အတွက် (၃)ရက်အတွင်း သိသိသာသာ ကျသွားမှုကြောင့် မြစ်အတွင်းသို့ ချောင်းရေစီးဆင်းနိုင်ရန် အခက်အခဲ မရှိနိုင်တော့ကြောင်း သိရသည်။

မဲခေါင်မြစ်ရေ တိုင်းထွာချက်အရ ဇူလိုင်လ(၂၈)ရက်နေ့က ပုံမှန်အထက် (၈.၅)ပေ၊ ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းက (၁၁)ပေရှိခဲ့ပြီး ဇူလိုင်လ(၃၀)ရက်နေ့တွင် ပုံမှန်အထက် (၁၂)ပေရှိနေခဲ့ရာမှ ဇူလိုင်လ၏ နောက်ဆုံးရက်ဖြစ်သည့် (၃၁)ရက်နေ့တွင် ပုံမှန်အထက် (၁၃)ပေသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ဆက်လက်၍ သြဂုတ်လအတွင်း ရောက်ရှိသည့် သြဂုတ်လ(၁)ရက်နေ့ က ပုံမှန်အထက် (၁၁)ပေအဖြစ် မြစ်ရေ (၂)ပေ ကျသွားခဲ့ပြီး၊ သြဂုတ်လ(၂)ရက်နေ့တွင် ပုံမှန်အထက် (၁၀)ပေရှိခဲ့ရာမှ ယနေ့ သြဂုတ်လ(၃)ရက်နေ့တွင် ပုံမှန်အထက် (၉)ပေသာ ရှိတော့သည်ကို တွေ့ရှိရသည်။

မဲခေါင်မြစ်အတွင်းသို့ တာချီလိတ်မြို့နယ်အတွင်းရှိ ချောင်းများမှ ရေများ စီးဆင်းနေလျှက်ရှိရာမှ မြစ်ရေ တက်လာပါက ချောင်းအတွင်းမှ ရေများမှ မဲခေါင်မြစ်အတွင်းတော့ မစီးဆင်းနိုင်တော့ဘဲ မြို့တွင်းသို့ ရကြေီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် တာဝန်ရှိသူများမှ မြစ်ရေအခြေအနေကို စောင့်ကြည့်နကြခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~