ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအနီးတြင္ အမ်ိဳးသားတစ္ဦး ယာဥ္တိုက္ခံရ၍ ေသဆံုး၊ ယာဥ္ေမာင္းမွာ ထြက္ေျပးလြတ္ေျမာက္ေန

ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအနီးတြင္ အမ်ိဳးသားတစ္ဦး ယာဥ္တိုက္ခံရ၍ ေသဆံုး၊ ယာဥ္ေမာင္းမွာ ထြက္ေျပးလြတ္ေျမာက္ေန
သြဂုတ် 12, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕နယ္ ေခ်ာင္းေခ်ာက္ေက်းရြာအနီး ျပည္ေထာင္စု လမ္းမႀကီးေပၚတြင္ ၾသဂုတ္လ (၁၂) ရက္ေန႔ နံနက္ (၂)နာရီဝန္းက်င္က အမ်ဳိးသားတစ္ဦး ယာဥ္တိုက္ခံရၿပီး ေသဆံုးသြားသျဖင့္ ယာဥ္တိုက္မႈမွ ထြက္ေျပးေနသည့္ ယာဥ္ႏွင့္ယာဥ္ေမာင္းအား စံုစမ္း ရွာေဖြေနေၾကာင္း သိရသည္။

“အဲဒီ အမ်ိဳးသားက အဲဒီလိုပဲ လမ္းေပၚမွာ ေလ်ွာက္သြားေနတတ္တဲ့သူလို႔ စံုစမ္း သိရွိရပါတယ္။ ယာဥ္တိုက္ခံရၿပီး လမ္းေဘးေျမသားလမ္းေပၚမွာ ေသဆံုးေနတာေတြ႔ရွိရတာပါ ” ဟု ေက်ာက္မဲၿမိဳ႕မ ရဲတပ္ဖြဲ႔မွ ရဲအုပ္ဇင္မင္းထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီး မိုင္တိုင္အမွတ္ (၁၁၆/၂) ႏွင့္ (၁၁၆/၃) ၾကား လမ္းေဘးတြင္ အသက္(၃၀)ခန္႔အရြယ္ အမ်ိဳးသားတစ္ဦးအား ေသဆံုးလွ်က္ ေတြ႔ရွိေၾကာင္း သတင္းရသျဖင့္ အမွတ္(၁၂၀)ယာဥ္ထိန္းရဲတပ္ဖြဲ႔စု (ေက်ာက္မဲ)မွ တာဝန္ရိွသူမ်ားက သြားေရာက္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရၿပီး အေလာင္းအား ဇီဝိတလူမႈကူညီေရးအသင္းက ေက်ာက္မဲျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ ေသဆံုးမႈႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၉/၂၀၁၈၊ ပုဒ္မ ၃၀၄-က/ ၂၀၂ ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးယာဥ္ႏွင့္ယာဥ္ေမာင္း ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ဇီဝိတလူမႈကူညီေရးအသင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ချောင်းချောက်ကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီးပေါ်တွင် သြဂုတ်လ (၁၂) ရက်နေ့ နံနက် (၂)နာရီဝန်းကျင်က အမျိုးသားတစ်ဦး ယာဉ်တိုက်ခံရပြီး သေဆုံးသွားသဖြင့် ယာဉ်တိုက်မှုမှ ထွက်ပြေးနေသည့် ယာဉ်နှင့်ယာဉ်မောင်းအား စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

“အဲဒီ အမျိုးသားက အဲဒီလိုပဲ လမ်းပေါ်မှာ လျှောက်သွားနေတတ်တဲ့သူလို့ စုံစမ်း သိရှိရပါတယ်။ ယာဉ်တိုက်ခံရပြီး လမ်းဘေးမြေသားလမ်းပေါ်မှာ သေဆုံးနေတာတွေ့ရှိရတာပါ ” ဟု ကျောက်မဲမြို့မ ရဲတပ်ဖွဲ့မှ ရဲအုပ်ဇင်မင်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၁၆/၂) နှင့် (၁၁၆/၃) ကြား လမ်းဘေးတွင် အသက်(၃၀)ခန့်အရွယ် အမျိုးသားတစ်ဦးအား သေဆုံးလျှက် တွေ့ရှိကြောင်း သတင်းရသဖြင့် အမှတ်(၁၂၀)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျောက်မဲ)မှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရပြီး အလောင်းအား ဇီဝိတလူမှုကူညီရေးအသင်းက ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၉/၂၀၁၈၊ ပုဒ်မ ၃၀၄-က/ ၂၀၂ ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးယာဉ်နှင့်ယာဉ်မောင်း ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ဇီဝိတလူမှုကူညီရေးအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~