က်ိဳင္းတံုၿမိဳ႕နယ္ က်ိဳင္းလိတ္ရြာတြင္ ဇနီး ျဖစ္သူ အျပင္သြားေနစဥ္ ခင္ပြန္းက ေနအိမ္အတြင္း ဆိုင္ကယ္အား မီးရိႈ႕

က်ိဳင္းတံုၿမိဳ႕နယ္ က်ိဳင္းလိတ္ရြာတြင္ ဇနီး ျဖစ္သူ အျပင္သြားေနစဥ္ ခင္ပြန္းက ေနအိမ္အတြင္း ဆိုင္ကယ္အား မီးရိႈ႕
သြဂုတ် 2, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕နယ္၊ ေနာင္ကုန္ေက်းရြာအုပ္စု၊ က်ိဳင္းလိတ္ရြာတြင္ ဇနီးျဖစ္သူ အျပင္သြားေနစဥ္ ခင္ပြန္းျဖစ္သူက ေနအိမ္အတြင္းရိွ ဆုိင္ကယ္ကို မီးရိႈ႕မႈျဖစ္ပြားေၾကာင္း သိရသည္။

က်ိဳင္းလိတ္ရြာမွ ေဒၚစုစုလိႈင္သည္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁)ရက္ေန႔ နံနက္(၇)နာရီအခ်ိန္က အမွတ္(၃)ရပ္ကြက္ရွိ မိခင္ျဖစ္သူ၏ ေနအိမ္သို႔ သြားေနစဥ္ ေနအိမ္တြင္ ခင္ပြန္းျဖစ္သူ တင္ထြန္းေက်ာ္ က်န္ေနခဲ့ျခင္းျဖစ္ၿပီး ည(၇)နာရီဝန္းက်င္တြင္ တင္ထြန္းေက်ာ္က ေနအိမ္ကို မီးရိႈ႕ေနေၾကာင္း အိမ္နီးခ်င္းတစ္ဦးက ေဒၚစုစုလိႈင္အား လာေရာက္ ေျပာျပျခင္းျဖစ္ေၾကာင္း သိရသည္။

ေဒၚစုစုလိႈင္ ေနအိမ္ျပန္ေရာက္ခ်ိန္တြင္ တစ္ထပ္အိမ္၏ ဝရံတာတြင္ ရပ္ထားသည့္ ဆိုင္ကယ္၏ ေရွ႕ပိုင္းမွာ မီးေလာင္ေနသည္ကို ေတြ႔ရၿပီး အိမ္နီးခ်င္းမ်ားက ၿငိႇမ္းသတ္ထားေၾကာင္း သိရသျဖင့္ မီးရိႈ႕သည့္ ခင္ပြန္းျဖစ္သူအား အေရးယူေပးရန္ တုိင္တန္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

တင္ထြန္းေက်ာ္မွာ အရက္မူးၿပီး ဆိုင္ကယ္အား မီးရိႈ႕ျခင္းျဖစ္ေၾကာင္း သိရသျဖင့္ ၎အား က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ (ပ)၂၅၉/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း  သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ နောင်ကုန်ကျေးရွာအုပ်စု၊ ကျိုင်းလိတ်ရွာတွင် ဇနီးဖြစ်သူ အပြင်သွားနေစဉ် ခင်ပွန်းဖြစ်သူက နေအိမ်အတွင်းရှိ ဆိုင်ကယ်ကို မီးရှို့မှုဖြစ်ပွားကြောင်း သိရသည်။

ကျိုင်းလိတ်ရွာမှ ဒေါ်စုစုလှိုင်သည် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့ နံနက်(၇)နာရီအချိန်က အမှတ်(၃)ရပ်ကွက်ရှိ မိခင်ဖြစ်သူ၏ နေအိမ်သို့ သွားနေစဉ် နေအိမ်တွင် ခင်ပွန်းဖြစ်သူ တင်ထွန်းကျော် ကျန်နေခဲ့ခြင်းဖြစ်ပြီး ည(၇)နာရီဝန်းကျင်တွင် တင်ထွန်းကျော်က နေအိမ်ကို မီးရှို့နေကြောင်း အိမ်နီးချင်းတစ်ဦးက ဒေါ်စုစုလှိုင်အား လာရောက် ပြောပြခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်စုစုလှိုင် နေအိမ်ပြန်ရောက်ချိန်တွင် တစ်ထပ်အိမ်၏ ဝရံတာတွင် ရပ်ထားသည့် ဆိုင်ကယ်၏ ရှေ့ပိုင်းမှာ မီးလောင်နေသည်ကို တွေ့ရပြီး အိမ်နီးချင်းများက ငြှိမ်းသတ်ထားကြောင်း သိရသဖြင့် မီးရှို့သည့် ခင်ပွန်းဖြစ်သူအား အရေးယူပေးရန် တိုင်တန်းလာခြင်းဖြစ်ကြောင်း သိရသည်။

တင်ထွန်းကျော်မှာ အရက်မူးပြီး ဆိုင်ကယ်အား မီးရှို့ခြင်းဖြစ်ကြောင်း သိရသဖြင့်၎င်းအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၂၅၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~