ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်က ကျပ်သိန်း (၂၀၀) လှူဒါန်းမည်

ရေဘေးသင့်ပြည်သူများအတွက် ပြည်သူ့လွှတ်တော်က ကျပ်သိန်း (၂၀၀) လှူဒါန်းမည်
သွဂုတျ 2, 2018
By Tachileik News Agency



ရေကြီးနစ်မြုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုအနက် (၅)ခုတွင် လက်ရှိအချိန်ထိ ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း (၂၈၈)ခုတွင် ရေဘေးသင့် အိမ်ထောင်စု (၂၅,၅၉၁)မှ လူဦးရေ (၁၁၉,၁၉၁)ဦး နေထိုင်နေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၏ ဇူလိုင်လ(၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရေဘေးအန္တရာယ် ကျရောက်နေသော ဒေသများရှိ ပြည်သူများသို့ ပြည်သူ့လွှတ်တော်က ကျပ်သိန်း (၂၀၀)ပေးလှူသွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်းအဝေး စတုတ္ထနေ့အစည်းအဝေးတွင် ဆုံးဖြတ်လိုက်သည်။

ရေဘေးအန္တရာယ်ကျရောက်နေသော ဒေသများရှိ ပြည်သူများအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ တစ်ရက်တာစုစုပေါင်းနေ့တွက် စားရိတ်ကျပ် (၈,၅၈၀,ဝဝဝ)နှင့် ပြည်သူ့လွှတ်တော် ဥက္ကဌ၏ လက်ဆောင်ပေးခြင်းနှင့် အလှူဒါနပေးခြင်း ခေါင်းစဉ်မှ လှူဒါန်းငွေ ကျပ်(၁၁,၄၂၀,ဝဝဝ) စုစုပေါင်း ကျပ်သိန်း(၂၀၀)တိတိကိုပေးလှူမည်ဖြစ်ကြောင်း သိရသည်။

ရကြေီးနစ်မြုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၈)ခုအနက် (၅)ခုတွင် လက်ရှိအချိန်ထိ ရေဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားရဆဲဖြစ်ပြီး ဇူလိုင်လ(၃၀)ရက်နေ့အထိ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း (၂၈၈)ခုတွင် ရေဘေးသင့် အိမ်ထောင်စု (၂၅,၅၉၁)မှ လူဦးရေ (၁၁၉,၁၉၁)ဦး နေထိုင်နေရဆဲ ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ဇူလိုင်လ(၃၁)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~