တာခ်ီလိတ္တြင္ သူႀကီးအိမ္မွ ခိုးယူခံရသည့္ ပစၥည္းမ်ားႏွင့္ ခိုးယူသူတို႔ကို တစ္ပတ္ၾကာ သူႀကီးကိုယ္တုိင္ ရွာေဖြဖမ္းဆီးၿပီး ရဲတပ္ဖြဲ႕ထံ အပ္ႏွံ

တာခ်ီလိတ္တြင္ သူႀကီးအိမ္မွ ခိုးယူခံရသည့္ ပစၥည္းမ်ားႏွင့္ ခိုးယူသူတို႔ကို တစ္ပတ္ၾကာ သူႀကီးကိုယ္တုိင္ ရွာေဖြဖမ္းဆီးၿပီး ရဲတပ္ဖြဲ႕ထံ အပ္ႏွံ
သြဂုတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ ဖန္မင္ေက်းရြာအုပ္စုအတြင္း မယ္ယန္းရြာသူႀကီးအိမ္မွ ခိုးယူခံရသည့္ ပစၥည္းမ်ားႏွင့္ ခိုးယူသူတို႔အား သူႀကီးက ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး၊ ျပည္သူ႔စစ္တုိ႔ႏွင့္အတူ ရွာေဖြဖမ္းဆီးၿပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၁၀)ရက္ေန႔တြင္ ရဲတပ္ဖြဲ႕ထံအပ္ႏွံ၍ အမႈဖြင့္လို္က္ေၾကာင္း သိရသည္။

မယ္ယန္းရြာသူႀကီး ဦးစိုင္းဆမ္၏ ေနအိမ္မွ EVD စက္၊ ဂက္စ္မီးဖို၊ ေရေႏြးအိုး၊ PSI စေလာင္းစက္၊ ေရေမာ္တာတို႔မွာ လြန္ခဲ့သည့္ တစ္ပတ္က ေပ်ာက္ဆံုးသြားသျဖင့္ ေက်းရြာအတြင္း လုိက္လံစံုစမ္းရာ တစ္ရြာတည္းေန ေလာတာ၏ ေနအိမ္တြင္ ေရာက္ေနေၾကာင္း သတင္းရသျဖင့္ ဖန္မင္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္ ဦးႏြဲ႕စိန္၊ ဦးေဇာ္မင္း၊ ျပည္သူ႔စစ္ေခါင္းေဆာင္ ဦးစိုင္းဖက္တုိ႔ႏွင့္အတူ ေလာတာ၏ေနအိမ္သို႔ ဝင္ေရာက္ ရွာေဖြရာ ေလာတာႏွင့္ အိုက္ေက်ာ္တုိ႔အား ေတြ႔ရၿပီး ေနအိမ္အတြင္း၌ ဦးစိုင္းဆမ္ေနအိမ္မွ ပစၥည္းမ်ားကို ေတြ႔ရေၾကာင္း သိရသည္။

ေလာတာႏွင့္ အုိက္ေက်ာ္တုိ႔အား ဖန္မင္အုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေခၚေဆာင္စစ္ေဆးရာ ေရေမာ္တာအား စံပယ္ေက်းရြာမွ ေအာင္ၿဖိဳးေဝအား ေရာင္းခ်ခုိင္းခဲ့ေၾကာင္း စစ္ေဆးသိရိွရသျဖင့္ ေအာင္ၿဖိဳးေဝအား ဖန္မင္ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးသို႔ ေခၚေဆာင္ကာ ေဟာင္လိတ္ရဲကင္းစခန္းမွ နယ္ထိန္းေခါင္းေဆာင္သို႔ ဖုန္းဆက္ၿပီး ခိုးယူသူ(၂)ဦး၊ ခိုးရာပါပစၥည္းေရာင္းခ်ေပးသူ(၁)ဦးတုိ႔ကို ခိုးရာပါပစၥည္းမ်ားႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ ပို႔အပ္ကာ အမႈဖြင့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေလာတာ၊ အုိက္ေက်ာ္ႏွင့္ ေအာင္ၿဖိဳးေဝတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၂၆၅/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၈၀/၄၁၄/၁၁၄ တို႔ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စုအတွင်း မယ်ယန်းရွာသူကြီးအိမ်မှ ခိုးယူခံရသည့် ပစ္စည်းများနှင့် ခိုးယူသူတို့အား သူကြီးက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြည်သူ့စစ်တို့နှင့်အတူ ရှာဖွေဖမ်းဆီးပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၀)ရက်နေ့တွင် ရဲတပ်ဖွဲ့ထံအပ်နှံ၍ အမှုဖွင့်လို်က်ကြောင်း သိရသည်။

မယ်ယန်းရွာသူကြီး ဦးစိုင်းဆမ်၏ နေအိမ်မှ EVD စက်၊ ဂက်စ်မီးဖို၊ ရေနွေးအိုး၊ PSI စလောင်းစက်၊ ရေမော်တာတို့မှာ လွန်ခဲ့သည့် တစ်ပတ်က ပျောက်ဆုံးသွားသဖြင့် ကျေးရွာအတွင်း လိုက်လံစုံစမ်းရာ တစ်ရွာတည်းနေ လောတာ၏ နေအိမ်တွင် ရောက်နေကြောင်း သတင်းရသဖြင့် ဖန်မင်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးနွဲ့စိန်၊ ဦးဇော်မင်း၊ ပြည်သူ့စစ်ခေါင်းဆောင် ဦးစိုင်းဖက်တို့နှင့်အတူ လောတာ၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ လောတာနှင့် အိုက်ကျော်တို့အား တွေ့ရပြီး နေအိမ်အတွင်း၌ ဦးစိုင်းဆမ်နေအိမ်မှ ပစ္စည်းများကို တွေ့ရကြောင်း သိရသည်။

လောတာနှင့် အိုက်ကျော်တို့အား ဖန်မင်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်စစ်ဆေးရာ ရေမော်တာအား စံပယ်ကျေးရွာမှ အောင်ဖြိုးဝေအား ရောင်းချခိုင်းခဲ့ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ဖြိုးဝေအား ဖန်မင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်ကာ ဟောင်လိတ်ရဲကင်းစခန်းမှ နယ်ထိန်းခေါင်းဆောင်သို့ ဖုန်းဆက်ပြီး ခိုးယူသူ(၂)ဦး၊ ခိုးရာပါပစ္စည်းရောင်းချပေးသူ(၁)ဦးတို့ကို ခိုးရာပါပစ္စည်းများနှင့်အတူ တာချီလိတ်မြို့မရဲစခန်းသို့ ပို့အပ်ကာ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လောတာ၊ အိုက်ကျော်နှင့် အောင်ဖြိုးဝေတို့အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၂၆၅/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀/၄၁၄/၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~