တာချီလိတ်တွင် သူငယ်ချင်း အချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား
တာချီလိတ်တွင် သူငယ်ချင်း အချင်းချင်း စကားများရာမှ လူသတ်မှုဖြစ်ပွား
သွဂုတျ 21, 2018
By Tachileik News Agency
လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ  ပြည်နယ်(မှု/ကူ)၊ ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)နှင့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ နေရာအား နေ့လယ် (၁၂)နာရီဝန်းကျင်တွင် သွားရောက် စစ်ဆေးရာ အားညီ ပိုင်ဆိုင်သော ဝက်မွေးမြူရေးခြံ အပေါ်ထပ် ကြမ်းပြင်တွင် အသက် (၄၅)နှစ်အရွယ် ဇော်ဝင်းမှာ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် လဲကျနေပြီး ၎င်း၏ ဘေးတွင် အသက်(၄၁)နှစ်အရွယ် အားညီကို အရှည်(၄)ပေကျော်ရှိသည့် မှိန်းတစ်ခုကို ကိုင်လျက်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ကျောက်တောင်(ဝမ်မိုင်)ရွာ ဝက်မွေးမြူရေးခြံတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီဝန်းကျင်က သူငယ်ချင်း အချင်းချင်း စကားများပြီး သံဆူးအရှည်ဖြင့် ထိုးသဖြင့် တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
“သူ့အစ်ကို ဆေးရုံတက်နေလို့ ဆေးရုံသွားစောင့်နေတဲ့ အားညီရဲ့မိန်းမက မနက် (၁၀)နာရီလောက်မှာ ပြန်ရောက်လာတယ်။ မီးဖိုထဲမှာ ဝက်စာကျိုနေတယ်။ အဲဒီအချိန်မှာ အားညီနဲ့ အခုသေသွားတဲ့ ဇော်ဝင်းက အိမ်ပေါ်မှာ အတူတူ ရှိနကြေတယ်။ နောက်တော့ မလုပ်နဲ့ မလုပ်နဲ့ဆိုတဲ့ အသံကြားတော့ ရန်ဖြစ်နကြပြေီ ဆိုပြီး သူကြီးကို သွားခေါ်ပြီး သူကြီးတွေလည်း ရောက်လာတော့ တစ်ယောက်က သေနပြေီး တစ်ယောက်က မှိန်းကိုင်ပြီး ရပ်နေတာကို တွေ့ရတယ်လို့ သူ့မိန်းမက ပြောတယ်။ သေသွားတဲ့သူနဲ့ အခု သတ်တဲ့သူက ဝက်ခြံတဲမှာ အတူတူနေတာ (၃)လလောက်ရှိပြီလို့ သိရတယ်”ဟု အခင်းဖြစ်နေရာအား သွားရောက်စစ်ဆေးသည့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူသတ်မှု ဖြစ်ပွားကြောင်း သတင်းအရ ပြည်နယ်(မှု/ကူ)၊ ခရိုင်ရဲတပ်ဖွဲ့(မှု/ကူ)၊ ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)နှင့် တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်ပွားရာ နေရာအား နေ့လယ် (၁၂)နာရီဝန်းကျင်တွင် သွားရောက် စစ်ဆေးရာ အားညီ ပိုင်ဆိုင်သော ဝက်မွေးမြူရေးခြံ အပေါ်ထပ် ကြမ်းပြင်တွင် အသက် (၄၅)နှစ်အရွယ် ဇော်ဝင်းမှာ ယာဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ (၁)ချက်ဖြင့် လဲကျနပြေီး၎င်း၏ ဘေးတွင် အသက်(၄၁)နှစ်အရွယ် အားညီကို အရှည်(၄)ပေကျော်ရှိသည့် မှိန်းတစ်ခုကို ကိုင်လျက်တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့် ဇော်ဝင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားပြီးနောက် အားညီကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~