ရှမ်းပြည်နယ်အတွင်း တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် မြေသြဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ အသိပညာပေး ကာလအဖြစ် (၃)လ ထပ်တိုး လုပ်ဆောင်မည်
ရှမ်းပြည်နယ်အတွင်း တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် မြေသြဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ အသိပညာပေး ကာလအဖြစ် (၃)လ ထပ်တိုး လုပ်ဆောင်မည်
သွဂုတျ 7, 2018
By Tachileik News Agency
ပြည်နယ်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၂)ရပ်၏ အစည်းအဝေးအား သြဂုတ်လ(၆)ရက်နေ့က ကျင်းပပြုလုပ်ပြီး စားသုံးသူများ မထိခိုက်စေရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်း တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက်  မြေသြဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ အသိပညာပေး ကာလအဖြစ် (၃)လ ထပ်တိုး လုပ်ဆောင်မည်ဖြစ်ကြောင်းကို အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ပြည်နယ်အစိုးရရုံးအတွင်းရှိ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ၀န်ကြီးရုံး၏ အစည်းအဝေးခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပခြင်းဖြစ်သည်။
ယင်းအပြင် ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ အမိန့်ကြေငြာစာ ထုတ်ရန်နှင့် စိုက်ပျိုးရေးသုံး သွင်းအားစုများကို စစ်ဆေးဆောင်ရွက်ရန်တို့ကို တင်ပြကြောင်း သိရသည်။
အရည်အသွေးမမီသည့် မြေသြဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ပညာပေးကာလအား (၃)လ ထပ်တိုးဆောင်ရွက်သွားပြီး သတ်မှတ်ကာလ ကျော်လွန်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ဘာဆုံးဖြတ်သလဲဆိုရင် မြေသြဇာ၊ ပိုးသတ်ဆေးတွေကို မှန်ကန်တဲ့ အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းတွေဖြစ်ဖို့ အတွက် တရားမ၀င်တင်သွင်းမှုတွေကို ကျွန်တော်တို့တွေဟာ အသိပညာပေး ကာလလည်း ရှိပါပြီ၊ စာတွေထုတ်ပြီးတော့ နို့တစ်စာတွေပေးထားတဲ့ ကုမ္ပဏီတွေ၊ လက်လီ လက္ကား ရောင်းချသူတွေ အားလုံးကို ကျွန်တော်တို့က ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်၊ အဲ့တော့ ကျွန်တော်တို့ အနေနဲ့ ဒီကနေပြီး (၃)လ ကာလထပ်တိုး သတ်မှတ်ပြီးတော့ ပညာပေးကာလ ထပ်ပေး ပါမယ်၊ အဲ့ (၃)လကျော်တာနဲ့ ပြင်းထန် ထိရောက်တဲ့ အရေးယူဆောင်ရွက်ဖို့ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က အစည်းအဝေးအပြီး မီဒီယာများအား ရှင်းလင်းပြောကြားသည်။
Tachileik News Agency
~~~~~~~~⊰❂ unicode ~~~~~~~~
ပြည်နယ်စားသုံးသူ အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ(၂)ရပ်၏ အစည်းအဝေးအား သြဂုတ်လ(၆)ရက်နေ့က ကျင်းပပြုလုပ်ပြီး စားသုံးသူများ မထိခိုက်စေရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်း တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေး အတွက် မြသြေဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ အသိပညာပေး ကာလအဖြစ် (၃)လ ထပ်တိုး လုပ်ဆောင်မည်ဖြစ်ကြောင်းကို အစည်းအေဝးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့၊ ပြည်နယ်အစိုးရရုံးအတွင်းရှိ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးရုံး၏ အစည်းအေဝးခန်းမတွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၆)ရက်နေ့ နေ့လည်ပိုင်းက ကျင်းပခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပြည်နယ်တွင်း စားသုံးသူကာကွယ်ရေးလှုပ်ရှားမှု၊ စားသုံးသူတိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးမှု၊ ကွင်းဆင်းစစ်ဆေးမှု၊ လုံခြုံစိတ်ချရမှု မရှိသည့် ကုန်ပစ္စည်းများကို ဈေးကွက်မှ သိမ်းဆည်းမှု အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။
ယင်းအပြင် ၂၀၁၄ ခုနှစ်၊ စားသုံးသူအကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ဃ)အရ အမိန့်ကြငြောစာ ထုတ်ရန်နှင့် စိုက်ပျိုးရေးသုံး သွင်းအားစုများကို စစ်ဆေးဆောင်ရွက်ရန်တို့ကို တင်ပြကြောင်း သိရသည်။
အရည်အသွေးမမီသည့် မြသြေဇာ၊ ပိုးသတ်ဆေးများနှင့် ပတ်သက်၍ တောင်သူလယ်သမားများ ထိခိုက်နစ်နာမှု မရှိစေရေးအတွက် ပညာပေးကာလအား (၃)လ ထပ်တိုးဆောင်ရွက်သွားပြီး သတ်မှတ်ကာလ ကျော်လွန်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
"စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် ဘာဆုံးဖြတ်သလဲဆိုရင် မြသြေဇာ၊ ပိုးသတ်ဆေးတွေကို မှန်ကန်တဲ့ အရည်အသွေးပြည့်ဝတဲ့ ပစ္စည်းတွဖြေစ်ဖို့ အတွက် တရားမဝင်တင်သွင်းမှုတွေကို ကျွန်တော်တို့တွေဟာ အသိပညာပေး ကာလလည်း ရှိပါပြီ၊ စာတွေထုတ်ပြီးတော့ နို့တစ်စာတွေပေးထားတဲ့ ကုမ္ပဏီတွေ၊ လက်လီ လက္ကား ရောင်းချသူတွေ အားလုံးကို ကျွန်တော်တို့က ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်၊ အဲ့တော့ ကျွန်တော်တို့ အနေနဲ့ ဒီကနပြေီး (၃)လ ကာလထပ်တိုး သတ်မှတ်ပြီးတော့ ပညာပေးကာလ ထပ်ပေး ပါမယ်၊ အဲ့ (၃)လကျော်တာနဲ့ ပြင်းထန် ထိရောက်တဲ့ အရေးယူဆောင်ရွက်ဖို့ ဖြစ်ပါတယ်"ဟု ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က အစည်းအေဝးအပြီး မီဒီယာများအား ရှင်းလင်းပြောကြားသည်။
ပညာပေးကာလ (၃)လ ကာလအတွင်း စားသုံးသူ တောင်သူလယ်သမားများနှင့် တင်သွင်း ဖြန့်ချိသူများကိုလည်း ပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
:အဲ့လို ဆောင်ရွက်တဲ့ အခါမှာ ဒီကာလအတွင်းမှာ စားသုံးသူ တောင်သူလယ်သမားများကိုလည်း အသိ ပညာပေး လုပ်ငန်းတွေကို အခုလည်း ဆောင်ရွက်နေတယ်။ နောင်လည်း တိုးမြှင့်ပြီး ဒီသုံးလ အတွင်းမှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ နောက်တစ်ခုက ရောင်းချသူ ကုမ္ပဏီတွေကိုလည်း ကျွန်တော်တို့က တွေ့ဆုံပြီးတော့ ပညာပေးတဲ့ လုပ်ငန်းတွေ လုပ်သွားမယ်၊ နောက်ပြီး သတင်းမီဒီယာတွေကနေလည်း ထုတ်ပြန်ကြေညာသွားမယ်၊"ဟု ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေး ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က အစည်းအေဝးအပြီး မီဒီယာများအား ရှင်းလင်းပြောကြားသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဥက္ကဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် နှင့် ရှမ်းပြည်နယ်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
Tachileik News Agency
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~