CB-KMA foundation က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးအတွက် ငွေကျပ်သိန်းပေါင်း (၁၈၈၅)ကျော် လှူဒါန်း

CB-KMA foundation က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ရေဘေးအတွက် ငွေကျပ်သိန်းပေါင်း (၁၈၈၅)ကျော် လှူဒါန်း
သြဂုတ် 2, 2018
By Tachileik News Agency





Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

CB-KMA Foundation က ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း ရေဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေနှင့် စားသောက်ကုန်ပစ္စည်းများ စုစုပေါင်းတန်ဖိုး ကျပ်သိန်း (၁၈၈၅)ကျော် သုံးရက်တာအတွင်း လှူဒါန်းထားကြောင်း သိရသည်။

CB-KMA Foundation  က ကရင်ပြည်နယ်အတွင်း ရေဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အလှူငွေကျပ်သိန်း (၃၀၀)နှင့် ငွေကျပ်သိန်း (၂၀၀)တန်ဖိုးရှိ စားသောက်ကုန်ပစ္စည်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ထံသို့ သြဂုတ်လ(၂)ရက်နေ့တွင် လှူဒါန်းကြောင်း သိရသည်။

CB-KMA Foundation  က မွန်ပြည်နယ်အတွင်းမှ ရေဘေးသင့်များအား ကူညီမှုအဖြစ် ဘီးလင်းမြို့ ရေဘေးသင့်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးအဖွဲ့သို့ ငွေကျပ်သိန်း (၃၅၀)ကျော်၊ သထုံမြို့ ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း (၁၀၀)ကျော်တန်ဖိုးရှိ ဆန်ဆီဆား အခြေခံ စားသောက်ကုန်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ မိသားစုဝင်များ အတွက် ငွေကျပ် သိန်း (၁၀၀)၊ ရေဘေးကယ်ဆယ်ရင်း အသက်ပေးလှူခဲ့သည့် တပ်မတော်သား (၃) ဦး အတွက် ငွေကျပ် သိန်း (၃၀)၊ ရေဘေးသင့် CB Bank ဝန်ထမ်းများ အတွက်ကျပ် (၃၅) သိန်းတို့ကို သြဂုတ်လ(၁)ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

CB-KMA Foundation  ဥက္ကဌ ဦးခင်မောင်အေးနှင့်အဖွဲ့က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ရေဘေးသင့် ပြည်သူများ အတွက် အလှူငွေနှင့် ပစ္စည်းတန်ဖိုး စုစုပေါင်း ကျပ်သိန်း(၇၇၀)ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ ဇူလိုင်လ(၃၀)ရက်နေ့တွင်လည်းကောင်း ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CB-KMA foundation

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~