မြန်မာနိုင်ငံတွင်း ရေဘေးကူညီကယ်ဆယ်ရေး၌ အာဆီယံ AHA Centerက ပါဝင်ကူညီရန် အဆင်သင့်ရှိနေကြောင်း ထုတ်ပြန်

မြန်မာနိုင်ငံတွင်း ရေဘေးကူညီကယ်ဆယ်ရေး၌ အာဆီယံ AHA Centerက ပါဝင်ကူညီရန် အဆင်သင့်ရှိနေကြောင်း ထုတ်ပြန်
သွဂုတျ 1, 2018
By Tachileik News Agency

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ရေကြီးနစ်မြုပ်နေမှုများနှင့်ပတ်သက်၍ မြန်မာအစိုးရအား ကူညီရန် အဆင်သင့် ရှိနေကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အာဆီယံ AHA Center (ASEAN Coordinating Centre for Humanitarian Assistance) နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အနေဖြင့် မြန်မာအစိုးရ၏ သဘာဝ ဘေးကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီပေးနေမှုများတွင် ပါဝင်ကူညီရန် အဆင်သင့်ရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပြောကြားထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကရင်၊မွန်၊ရခိုင်၊ရှမ်းပြည်နယ်များနှင့် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ အပါအ၀င် နေပြည်တော်တို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးရမှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် ရေဘေးရှောင်မိသားစုများအတွက် အထူးဝမ်းနည်းရကြောင်းကိုလည်း ဖေါ်ပြထားသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် ရကြေီးနစ်မြုပ်နေမှုများနှင့်ပတ်သက်၍ မြန်မာအစိုးရအား ကူညီရန် အဆင်သင့် ရှိနေကြောင်း အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၃၀)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

အာဆီယံ AHA Center (ASEAN Coordinating Centre for Humanitarian Assistance) နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး အနဖြေင့် မြန်မာအစိုးရ၏ သဘာဝ ဘေးကယ်ဆယ်ရေးနှင့် လူသားချင်း စာနာမှု အကူအညီပေးနေမှုများတွင် ပါဝင်ကူညီရန် အဆင်သင့်ရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ပြောကြားထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ကရင်၊မွန်၊ရခိုင်၊ရှမ်းပြည်နယ်များနှင့် တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ အပါအဝင် နပြေည်တော်တို့တွင် ရကြေီးနစ်မြုပ်မှုကြောင့် အသက်ဆုံးရှုံးရမှု၊ ပျက်စီးဆုံးရှုံးမှုများနှင့် ရေဘေးရှောင်မိသားစုများအတွက် အထူးဝမ်းနည်းရကြောင်းကိုလည်း ဖော်ပြထားသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~