ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတုအခမ္းအနား ေတာင္ႀကီးၿမိဳ႕တြင္ (၂)ရက္တာက်င္းပမည္

ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတုအခမ္းအနား ေတာင္ႀကီးၿမိဳ႕တြင္ (၂)ရက္တာက်င္းပမည္
သြဂုတ် 3, 2018
By 🌸
ရွစ္ေလးလံုးအေရးေတာ္ပံု ပုလဲရတုအခမ္းအနားကို ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမႏွင့္ ဗိုလ္ခ်ဳပ္ပန္းၿခံတို႔တြင္ ၂၀၁၈ ခုနွစ္၊ ၾသဂုတ္လ(၇)ရက္ႏွင့္ (၈)ရက္ေန႔မ်ား၌ ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးေကာ္မတီက ဦးေဆာင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

”၈၈မ်ဳိးဆက္ေတြလည္း တာဝန္မေက်ေသးဘူး။ မ်ဳိးဆက္သစ္လူငယ္ေတြကိုလည္း လက္ဆင့္ကမ္းခ်င္တယ္။ အဲဒီေန႔က်ရင္ ေဆြးေႏြးပြဲေတြလုပ္မယ္။ ဖယ္ဒရယ္နဲ႔ ပတ္သက္ၿပီး ေဆြးေႏြးပြဲေတြပါမယ္။ လက္ရွိအေျခအေနေတြပါမယ္။ အစိုးရအဖြဲ႕ေတြေရာ၊ နိုင္ငံေရးပါတီေတြေရာ၊ ၿငိမ္းခ်မ္းေရးအဖြဲ႕ေတြေရာ အကုန္ဖိတ္ၾကားထားပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးေကာ္မတီမွ ဦးတင္ေမာင္တိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၈)ရက္ေန႔တြင္က်ေရာက္သည့္ ႏွစ္(၃၀)ျပည့္  ပုလဲရတုအခမ္းအနားဖြင့္ပြဲကို ၾသဂုတ္လ(၇)ရက္ေန႔တြင္ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပမည္ျဖစ္ၿပီး ၈၈၈၈ အေရးေတာ္ပံုပုလဲရတု အခမ္းအနား ဂုဏ္ျပဳမိန္႔ခြန္းေျပာၾကားျခင္း၊ အဖြဲ႕အစည္းအသီးသီးမွ ေပးပို႔လာသည့္ သဝဏ္လႊာမ်ား ဖတ္ၾကားျခင္း၊ ၿငိမ္းခ်မ္းေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုအသြင္လကၡဏာရရိွေရးအတြက္ လိုအပ္သည့္ အႏွစ္သာရေခါင္းစဥ္ျဖင့္ ရန္ကုန္တကၠသိုလ္ ႏုိင္ငံတကာဆက္ဆံေရးပညာဌာနမွ ေဒါက္တာခိုင္မ်ိဳးထြန္း၊ ABSDF ဥကၠဌ ရဲေဘာ္သံခဲ၊ စာေရးဆရာ ဦးေမာင္ေမာင္စိုး၊ အေရွ႕ေတာင္အာရွေရးရာကၽြမ္းက်င္သူ ဦးခင္ေလးေမာင္တုိ႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္လ(၈)ရက္ေန႔တြင္ နံနက္ (၆)နာရီ၌ မင္းေက်ာင္းတုိက္တြင္ အာရုဏ္ဆြမ္းႏွင့္ ဝါဆိုသကၤန္းကပ္လွဴျခင္း၊ မင္းေက်ာင္းမွေန၍ ဗိုုလ္ခ်ဳပ္ပန္းၿခံရိွ ၈၈၈၈ ေက်ာက္တုိင္သို႔ ခ်ီတက္ ဂါရဝျပဳျခင္းတုိ႔ ျပဳလုပ္ၿပီးေနာက္ ၿမိဳ႕ေတာ္ခန္းမတြင္ အဖြဲ႕အစည္းအသီးသီးက ေပးပို႔ေသာ သဝဏ္လႊာ ဖတ္ၾကားျခင္းႏွင့္ ၈၈၈၈ သမိုင္းမွရရိွခဲ့ေသာ သင္ခန္းစာႏွင့္ အနာဂိတ္ေခါင္းစဥ္ျဖင့္ စကားဝိုင္း ေဆြးေႏြးျခင္းတုိ႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါစကားဝိုင္းတြင္ PNLO ဒုဥကၠဌ ဦးခြန္ျမင့္ထြန္း၊ ၿငိမ္းခ်မ္းေရးနွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ဦးဂ်င္မီ၊ မႏၱေလးတကၠသိုလ္မွ ေရွးေဟာင္းသုေတသနပညာရွင္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ႏွင့္ အေရွ႕ေတာင္အာရွေရးရာကၽြမ္းက်င္သူ ဦးခင္ေမာင္ေလးတို႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားတြင္ ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးေကာ္မတီ၏ သေဘာထားေၾကျငာခ်က္ကိုလည္း ထုတ္ျပန္မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှစ်လေးလုံးအရေးတော်ပုံ ပုလဲရတုအခမ်းအနား တောင်ကြီးမြို့တွင် (၂)ရက်တာကျင်းပမည်
**************
ရှစ်လေးလုံးအရေးတော်ပုံ ပုလဲရတုအခမ်းအနားကို ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမနှင့် ဗိုလ်ချုပ်ပန်းခြံတို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၇)ရက်နှင့် (၈)ရက်နေ့များ၌ တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးကော်မတီက ဦးဆောင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

”၈၈မျိုးဆက်တွေလည်း တာဝန်မကျေသေးဘူး။ မျိုးဆက်သစ်လူငယ်တွေကိုလည်း လက်ဆင့်ကမ်းချင်တယ်။ အဲဒီနေ့ကျရင် ဆွေးနွေးပွဲတွေလုပ်မယ်။ ဖယ်ဒရယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေပါမယ်။ လက်ရှိအခြေအနေတွေပါမယ်။ အစိုးရအဖွဲ့တွေရော၊ နိုင်ငံရေးပါတီတွေရော၊ ငြိမ်းချမ်းရေးအဖွဲ့တွေရော အကုန်ဖိတ်ကြားထားပါတယ်” ဟု တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးကော်မတီမှ ဦးတင်မောင်တိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့တွင်ကျရောက်သည့် နှစ်(၃၀)ပြည့်  ပုလဲရတုအခမ်းအနားဖွင့်ပွဲကို သြဂုတ်လ(၇)ရက်နေ့တွင် တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ်ပြီး ၈၈၈၈ အရေးတော်ပုံပုလဲရတု အခမ်းအနား ဂုဏ်ပြုမိန့်ခွန်းပြောကြားခြင်း၊ အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအသွင်လက္ခဏာရရှိရေးအတွက် လိုအပ်သည့် အနှစ်သာရခေါင်းစဉ်ဖြင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာဌာနမှ ဒေါက်တာခိုင်မျိုးထွန်း၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင်တို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ(၈)ရက်နေ့တွင် နံနက် (၆)နာရီ၌ မင်းကျောင်းတိုက်တွင် အာရုဏ်ဆွမ်းနှင့် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ မင်းကျောင်းမှနေ၍ ဗိုလ်ချုပ်ပန်းခြံရှိ ၈၈၈၈ ကျောက်တိုင်သို့ ချီတက် ဂါရဝပြုခြင်းတို့ ပြုလုပ်ပြီးနောက် မြို့တော်ခန်းမတွင် အဖွဲ့အစည်းအသီးသီးက ပေးပို့သော သဝဏ်လွှာ ဖတ်ကြားခြင်းနှင့် ၈၈၈၈ သမိုင်းမှရရှိခဲ့သော သင်ခန်းစာနှင့် အနာဂိတ်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစကားဝိုင်းတွင် PNLO ဒုဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ၊ မန္တလေးတက္ကသိုလ်မှ ရှေးဟောင်းသုတေသနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်နှင့် အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဦးခင်မောင်လေးတို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးကော်မတီ၏ သဘောထားကြေငြာချက်ကိုလည်း ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

သတင်း #နိုနို

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~