ေတာင္ႀကီးတြင္ ၈၈၈၈ အေရးေတာ္ပံု ႏွစ္(၃၀)ျပည့္ အထိမ္းအမွတ္ အျဖစ္ နံနက္ပိုင္း၌ ၈၈၈၈ ေက်ာက္တိုင္အတြင္း၌ စုေပါင္း ဂါရ၀ျပဳပြဲ ျပဳလုပ္ရာ အဖြဲ႔အသီးအသီးမွ တက္ေရာက္လာ

ေတာင္ႀကီးတြင္ ၈၈၈၈ အေရးေတာ္ပံု ႏွစ္(၃၀)ျပည့္ အထိမ္းအမွတ္ အျဖစ္ နံနက္ပိုင္း၌ ၈၈၈၈ ေက်ာက္တိုင္အတြင္း၌ စုေပါင္း ဂါရ၀ျပဳပြဲ ျပဳလုပ္ရာ အဖြဲ႔အသီးအသီးမွ တက္ေရာက္လာ
သြဂုတ် 8, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕တြင္ ေတာင္ႀကီးၿမိဳ႕ ၈၈၈၈ ပုလဲရတုျဖစ္ေျမာက္ေရးေကာ္မတီက ဦးေဆာင္ က်င္းပၿပီး ဆက္လက္၍ ဒုတိယေန႔အျဖစ္ ၂၀၁၈ ခုႏွစ္ ၾသဂုတ္လ(၈)ရက္ေန႔ နံနက္ပိုင္းက ၈၈၈၈ ျပည္သူ႔အေရးေတာ္ပံု ႏွစ္(၃၀)ျပည့္ ပုလဲရတုအထိမ္းအမွတ္ ဂါရ၀ျပဳျခင္းအား ဗုိလ္ခ်ဳပ္ပန္းၿခံရိွ ၈၈၈၈ ေက်ာက္တုိင္တြင္ က်င္းပခဲ့ၾကသည္။

အဆိုပါ ပန္းၿခံအတြင္းရိွ ၈၈၈၈ ေက်ာက္တုိင္တြင္ ႏိုင္ငံေတာ္အလံ၊ ဗကသအလံတို႔အား အေလးျပဳျခင္း၊ ဒီမုိကေရစီ အတြက္ တုိက္ပြဲဝင္ရင္း က်ဆံုးသြားေသာ အညၾတအာဇာနည္ ရဟန္းရွင္လူ ေက်ာင္းသားမ်ား အတြက္ ဝမ္းနည္းျခင္း အထိမ္းအမွတ္ (၈)စကၠန္႔ၿငိမ္သက္ျခင္း၊ ၈၈၈၈ ျပည္သူ႔အေရးေတာ္ပံုတြင္ ပါဝင္ခဲ့ေသာ ရဟန္းပ်ိဳ သမဂၢကိုယ္စား ေအာင္ေျမဘံုစံေက်ာင္း ဆရာေတာ္ ဦးေခမာနႏၵက အဖြင့္ၾသဝါဒ စကားေဟာၾကားျခင္း၊ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းမ်ား ကိုယ္စား မိုးနဲမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းမ်ိဳးျမင့္က အမွာစကား ေျပာၾကားျခင္း၊ ၈၈ ၿငိမ္းပြင့္အဖြဲ႕မွ ဦးဂ်င္မီမွ အမွာစကား ေျပာၾကားျခင္း၊ ေတာင္ႀကီးၿမိဳ႕  ေဒၚခင္မိုးမိုးက အမွာစကားေျပာၾကားျခင္း၊ ၈၈၈၈ ျပည္သူ႔အေရးေတာ္ပံု ကာလတြင္ ပါဝင္ခဲ့သူမ်ားကိုယ္စား ဦးညီညီက အမွာစကား ေျပာၾကားျခင္း၊ ျမန္မာႏုိင္ငံလံုးဆုိင္ရာ ေက်ာင္းသားမ်ားတပ္ဦးကိုယ္စား ဦးေအာင္ေဇမွ အမွာစကားေျပာၾကားျခင္း၊ PNLO ဒုဥကၠဌ ဦးခြန္ျမင့္ထြန္းမွ အမွာစကား ေျပာၾကားျခင္းႏွင့္ ၈၈၈၈ ျပည္သူ႔အေရးေတာ္ပံု ပုလဲရတု က်င္းပေရး ေကာ္မတီ ကိုယ္စား ဦးသန္းႏုိင္က ေက်းဇူးတင္စကား ေျပာၾကားျခင္းမ်ားျဖင့္ ၈၈၈၈ ေက်ာက္တုိင္ အေလးျပဳျခင္း အစီအစဥ္ကို ေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္သည္။

၈၈၈၈ ပုလဲရတု အခမ္းအနားကို ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ဆက္လက္က်င္းပမည္ျဖစ္ၿပီး ၈၈၈၈ သမိုင္းမွ ရရိွခဲ့ေသာ သင္ခန္းစာႏွင့္ အနာဂတ္ေခါင္းစဥ္ျဖင့္ စကားဝိုင္း ေဆြးေႏြးျခင္းကို PNLO ဒုဥကၠဌ ဦးခြန္ျမင့္ထြန္း၊ ၿငိမ္းခ်မ္းေရးနွင့္ ပြင့္လင္းလူ႔အဖြဲ႕အစည္းမွ ဦးဂ်င္မီ၊ မႏၱေလးတကၠသိုလ္မွ ေရွးေဟာင္းသုေတသန ပညာရွင္ ေဒါက္တာျပည့္ၿဖိဳးေက်ာ္ႏွင့္ အေရွ႕ေတာင္အာရွေရးရာ ကၽြမ္းက်င္သူ ဦးခင္ေလးေမာင္တို႔က ေဆြးေႏြးၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် တောင်ကြီးမြို့ ၈၈၈၈ ပုလဲရတုဖြစ်မြောက်ရေးကော်မတီက ဦးဆောင် ကျင်းပပြီး ဆက်လက်၍ ဒုတိယနေ့အဖြစ် ၂၀၁၈ ခုနှစ် သြဂုတ်လ(၈)ရက်နေ့ နံနက်ပိုင်းက ၈၈၈၈ ပြည်သူ့အရေးတော်ပုံ နှစ်(၃၀)ပြည့် ပုလဲရတုအထိမ်းအမှတ် ဂါရဝပြုခြင်းအား ဗိုလ်ချုပ်ပန်းခြံရှိ ၈၈၈၈ ကျောက်တိုင်တွင် ကျင်းပခဲ့ကြသည်။

အဆိုပါ ပန်းခြံအတွင်းရှိ ၈၈၈၈ ကျောက်တိုင်တွင် နိုင်ငံတော်အလံ၊ ဗကသအလံတို့အား အလေးပြုခြင်း၊ ဒီမိုကရေစီ အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးသွားသော အညတြအာဇာနည် ရဟန်းရှင်လူ ကျောင်းသားများ အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် (၈)စက္ကန့်ငြိမ်သက်ခြင်း၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံတွင် ပါဝင်ခဲ့သော ရဟန်းပျို သမဂ္ဂကိုယ်စား အောင်မြေဘုံစံကျောင်း ဆရာတော် ဦးခေမာနန္ဒက အဖွင့်သြဝါဒ စကားဟောကြားခြင်း၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ကိုယ်စား မိုးနဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမျိုးမြင့်က အမှာစကား ပြောကြားခြင်း၊ ၈၈ ငြိမ်းပွင့်အဖွဲ့မှ ဦးဂျင်မီမှ အမှာစကား ပြောကြားခြင်း၊ တောင်ကြီးမြို့ ဒေါ်ခင်မိုးမိုးက အမှာစကားပြောကြားခြင်း၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံ ကာလတွင် ပါဝင်ခဲ့သူများကိုယ်စား ဦးညီညီက အမှာစကား ပြောကြားခြင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများတပ်ဦးကိုယ်စား ဦးအောင်ဇေမှ အမှာစကားပြောကြားခြင်း၊ PNLO ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းမှ အမှာစကား ပြောကြားခြင်းနှင့် ၈၈၈၈ ပြည်သူ့အရေးတော်ပုံ ပုလဲရတု ကျင်းပရေး ကော်မတီ ကိုယ်စား ဦးသန်းနိုင်က ကျေးဇူးတင်စကား ပြောကြားခြင်းများဖြင့် ၈၈၈၈ ကျောက်တိုင် အလေးပြုခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

၈၈၈၈ ပုလဲရတု အခမ်းအနားကို တောင်ကြီးမြို့ရှိ မြို့တော်ခန်းမတွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ၈၈၈၈ သမိုင်းမှ ရရှိခဲ့သော သင်ခန်းစာနှင့် အနာဂတ်ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးခြင်းကို PNLO ဒုဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီ၊ မန္တလေးတက္ကသိုလ်မှ ရှေးဟောင်းသုတေသန ပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်နှင့် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ဦးခင်လေးမောင်တို့က ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~