တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ စိတ္ၾကြေဆးျပား (၇၈)သိန္းေက်ာ္ သယ္ေဆာင္လာသူမ်ားကို တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔တို႔မွ ပူးေပါင္းကာ ပစ္ခတ္ဖမ္းဆီးရ

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း၌ စိတ္ၾကြေဆးျပား (၇၈)သိန္းေက်ာ္ သယ္ေဆာင္လာသူမ်ားကို တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႔တို႔မွ ပူးေပါင္းကာ ပစ္ခတ္ဖမ္းဆီးရ
သြဂုတ် 11, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ အတြင္း၌ တပ္မေတာ္ႏွင့္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕တို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႕က စိတ္ၾကြေဆးျပား (၇၈.၂)သိန္းႏွင့္ မူးယစ္ေဆး သယ္ေဆာင္လာသူမ်ားအနက္တစ္ဦးကို စိုးရိမ္ရဒဏ္ရာျဖင့္ ပစ္ခတ္ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

တာခ်ီလိတ္မွ သက္ဆုိင္ရာရဲတပ္ဖြဲ႕မ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕က မုိင္းဟဲေက်းရြာအုပ္စု ၊ ယန္းေခါင္ေက်းရြာ အနီး လြယ္စီတံု - မုိင္းဟဲလမ္းေပၚတြင္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ (၁၀)ရက္ေန႔က ပိတ္ဆုိ႕ရွာေဖြေနစဥ္  ည(၉)နာရီ (၂၀) မိနစ္ခန္႔၌ စန္းလုရြာဘက္မွ တာခ်ီလိတ္ဘက္သို႔ ေမာင္းႏွင္ လာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးအား စစ္ေဆးရန္ တားဆီးစဥ္ ေနာက္လွည့္ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရာ ကားေပၚမွအမ်ိဳးသားတစ္ဦး ေနာက္ေစ့ေဖါက္ဝင္ဒဏ္ရာျဖင့္ ျပဳတ္က်က်န္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ယန္းေခါင္မွာ ပစ္လိုက္တာ ဟိုဘက္ကတစ္ေယာက္ထိတယ္။ ေဆးရံုတင္ထားတယ္။ စိုးရိမ္ရဒဏ္ရာနဲ႔။ တစ္ေယာက္ျပဳတ္က် က်န္ခဲ့တာ။ ၿပီးမွစန္းလုမွာ မိတာ။ လူေတြေတာ့ မရလိုက္ဘူး။ ေဖာ္က်ဴနာထဲက ထိုင္ခံုမွာေတာ့ ေသြးေတြေပေနတယ္။ လူေတာ့မေတြ႕ရဘူး။ ယမ္းေခါင္မွာ သူတို႔ဘက္က စပစ္လို႔ ျပန္ပစ္တာ တစ္ေယာက္ထိတယ္။ ပူးေပါင္းအဖြဲ႕က ေနာက္မွေရာက္တာဗ်။ စျဖစ္ကတည္းက တပ္နဲ႔၊ ဖမ္းဆီးမိတာလည္း တပ္နဲ႔ပဲဗ်”ဟု အဆိုပါ ဖမ္းဆီးမႈတြင္ ပါဝင္သည့္ တပ္ဖြဲ႔၀င္ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပဳတ္က်က်န္ခဲ့သည့္ အမ်ဳိးသားႏွင့္အတူ စိတ္ၾကြေဆးျပား (၁၀,၀၀၀)ျပားပါ အထုပ္(၂)ထုပ္ စုစုေပါင္း စိတ္ၾကြေဆးျပား (၂၀,၀၀၀)ကိုလည္း ေတြ႔ရိွရေၾကာင္း သိရသည္။

အဆုိပါ ထြက္ေျပးလြတ္ေျမာက္သြားေသာ ေမာ္ေတာ္ယာဥ္(၂)စီးအား ပိတ္ဆုိ႔ ဖမ္းဆီးႏုိင္ေရးအတြက္ စစ္ဗ်ဴဟာအေျခခ်(တခလ)မွ စစ္ဗ်ဴဟာမွဴးဗုိလ္မွဴးႀကီးေအးမင္းဦး ၊ ခရိုင္ရဲတပ္ဖြဲ႕မွဴး ဒုရဲမွဴးႀကီး ေပၚထြန္းတို႔ထံ အေၾကာင္းၾကား၍ မူးယစ္တပ္ဖြဲ႕စု(၃၀)စုမွဴး ၊ယာယီရဲမွဴး  ဦးစီးပူးေပါင္းအဖြဲ႕တို႔က စန္းလုေက်းရြာဘက္သုိ႔ လိုက္လံ ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စန္းလု(ေအာက္ရြာ)အနီး နယ္ေျမလံုျခံဳေရး ေဆာင္ရြက္ေနသည့္ နယ္ေျမခံတပ္ႏွင့္ စန္းလုေက်းရြာ ျပည္သူ႕စစ္အဖြဲ႕မွ အဆိုပါ ထြက္ေျပးလာသည့္ ေမာ္ေတာ္ယာဥ္(၂)စီးကိုေတြ႕၍ ရပ္တန္႔ခိုင္းရန္ ႀကိဳးစားစဥ္ ထြက္ေျပး လြတ္ေျမာက္သြားၿပီး ထြက္ေျပးယာဥ္(၂)စီးေနာက္သို႔ တပ္မေတာ္ ပူးေပါင္းအဖြဲ႕က လုိက္လံဖမ္းဆီးရာ ည(၁၀)နာရီ ဝန္းက်င္တြင္ စန္းလု(ေအာက္ရြာ) ႏွင့္ စန္းလု(အထက္ရြာ)အၾကား ေဂ်ာပရြာသြားလမ္း ယာဘက္လ်ိဳ အတြင္းသို႔ ယာဥ္အမွတ္ SHN - 2 J / 2018 Fortuner အနက္ေရာင္ယာဥ္မွာ တိမ္းေမွာက္သြားခဲ့ၿပီး ယာဥ္ေပၚတြင္ ပါသူမ်ားမွာ ေတာအတြင္းသုိ႕ ထြက္ေျပးလြတ္ေျမာက္သြားေၾကာင္း သိရသည္။

အဆုိပါ အနက္ေရာင္ယာဥ္ေပၚတြင္ ဆာလာအိတ္(၁)အိတ္လွ်င္ WY စာတမ္းပါစိတ္ၾကြေဆးျပား (၁)သိန္းစီပါ ဆာလာအိတ္ (၂၂)အိတ္ ၊ ေဆးျပား (၂၂)သိန္းအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ၿပီး က်န္ထြက္ေျပး ေမာ္ေတာ္ယာဥ္အား လုိက္လံဖမ္းဆီးရာ ၾသဂုတ္လ (၁၁)ရက္ေန႔ နံနက္ (၁)နာရီ (၂၀)မိနစ္ခန္႔တြင္ စန္းလု(ေအာက္ရြာ) ႏွင့္ ရင္ကြဲေတာင္အၾကား လ်ိဳအတြင္း SHN 6L/ 3681 Revo အျဖဴေရာင္ယာဥ္အား ေတြ႕ရၿပီး ယာဥ္ေပၚပါသူမ်ားမွာ ေတာတြင္းသုိ႔ ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ အျဖဴေရာင္ယာဥ္ေပၚတြင္ (၁)အိတ္လွ်င္ ေဆးျပား(၁)သိန္း စီပါ ဆာလာအိတ္(၅၆)အိတ္ ၊ စုစုေပါင္း WY စာတမ္းပါ စိတ္ၾကြေဆးျပား (၅၆)သိန္းအား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိသည့္ ေမာ္ေတာ္ယာဥ္(၂)စီးမွ စိတ္ၾကြေဆးျပား (၇၈.၂)သိန္းကို လက္ရိွအခ်ိန္ထိ စစ္ေဆးေတြ႔ရိွထားၿပီး သက္ဆုိင္ရာ တပ္ဖြဲ႕မ်ားက ဆက္လက္စစ္ေဆးမႈမ်ား လုပ္ေဆာင္ေနဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)၊ Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~


မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် အတွင်း၌ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စိတ်ကြွဆေးပြား (၇၈.၂)သိန်းနှင့် မူးယစ်ဆေး သယ်ဆောင်လာသူများအနက်တစ်ဦးကို စိုးရိမ်ရဒဏ်ရာဖြင့် ပစ်ခတ်ဖမ်းဆီးရမိထားကြောင်း သိရသည်။

တာချီလိတ်မှ သက်ဆိုင်ရာရဲတပ်ဖွဲ့များပါဝင်သည့်ပူးပေါင်းအဖွဲ့က မိုင်းဟဲကျေးရွာအုပ်စု၊ ယန်းခေါင်ကျေးရွာ အနီး လွယ်စီတုံ - မိုင်းဟဲလမ်းပေါ်တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့က ပိတ်ဆို့ရှာဖွေနေစဉ် ည(၉)နာရီ (၂၀) မိနစ်ခန့်၌ စန်းလုရွာဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်(၂)စီးအား စစ်ဆေးရန် တားဆီးစဉ် နောက်လှည့်မောင်းနှင်ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကားပေါ်မှအမျိုးသားတစ်ဦး နောက်စေ့ဖောက်ဝင်ဒဏ်ရာဖြင့် ပြုတ်ကျကျန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ယန်းခေါင်မှာ ပစ်လိုက်တာ ဟိုဘက်ကတစ်ယောက်ထိတယ်။ ဆေးရုံတင်ထားတယ်။ စိုးရိမ်ရဒဏ်ရာနဲ့။ တစ်ယောက်ပြုတ်ကျ ကျန်ခဲ့တာ။ ပြီးမှစန်းလုမှာ မိတာ။ လူတွေတော့ မရလိုက်ဘူး။ ဖော်ကျူနာထဲက ထိုင်ခုံမှာတော့ သွေးတွေပေနေတယ်။ လူတော့မတွေ့ရဘူး။ ယမ်းခေါင်မှာ သူတို့ဘက်က စပစ်လို့ ပြန်ပစ်တာ တစ်ယောက်ထိတယ်။ ပူးပေါင်းအဖွဲ့က နောက်မှရောက်တာဗျ။ စဖြစ်ကတည်းက တပ်နဲ့၊ ဖမ်းဆီးမိတာလည်း တပ်နဲ့ပဲဗျ”ဟု အဆိုပါ ဖမ်းဆီးမှုတွင် ပါဝင်သည့် တပ်ဖွဲ့ဝင် တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြုတ်ကျကျန်ခဲ့သည့် အမျိုးသားနှင့်အတူ စိတ်ကြွဆေးပြား (၁၀,ဝဝဝ)ပြားပါ အထုပ်(၂)ထုပ် စုစုပေါင်း စိတ်ကြွဆေးပြား (၂၀,ဝဝဝ)ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ထွက်ပြေးလွတ်မြောက်သွားသော မော်တော်ယာဉ်(၂)စီးအား ပိတ်ဆို့ ဖမ်းဆီးနိုင်ရေးအတွက် စစ်ဗျူဟာအခြေချ(တခလ)မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးအေးမင်းဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ပေါ်ထွန်းတို့ထံ အကြောင်းကြား၍ မူးယစ်တပ်ဖွဲ့စု(၃၀)စုမှူး၊ယာယီရဲမှူး ဦးစီးပူးပေါင်းအဖွဲ့တို့က စန်းလုကျေးရွာဘက်သို့ လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စန်းလု(အောက်ရွာ)အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် နယ်မြေခံတပ်နှင့် စန်းလုကျေးရွာ ပြည်သူ့စစ်အဖွဲ့မှ အဆိုပါ ထွက်ပြေးလာသည့် မော်တော်ယာဉ်(၂)စီးကိုတွေ့၍ ရပ်တန့်ခိုင်းရန် ကြိုးစားစဉ် ထွက်ပြေး လွတ်မြောက်သွားပြီး ထွက်ပြေးယာဉ်(၂)စီးနောက်သို့ တပ်မတော် ပူးပေါင်းအဖွဲ့က လိုက်လံဖမ်းဆီးရာ ည(၁၀)နာရီ ဝန်းကျင်တွင် စန်းလု(အောက်ရွာ) နှင့် စန်းလု(အထက်ရွာ)အကြား ဂျောပရွာသွားလမ်း ယာဘက်လျို အတွင်းသို့ ယာဉ်အမှတ် SHN - 2 J / 2018 Fortuner အနက်ရောင်ယာဉ်မှာ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်ပေါ်တွင် ပါသူများမှာ တောအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

အဆိုပါ အနက်ရောင်ယာဉ်ပေါ်တွင် ဆာလာအိတ်(၁)အိတ်လျှင် WY စာတမ်းပါစိတ်ကြွဆေးပြား (၁)သိန်းစီပါ ဆာလာအိတ် (၂၂)အိတ်၊ ဆေးပြား (၂၂)သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ကျန်ထွက်ပြေး မော်တော်ယာဉ်အား လိုက်လံဖမ်းဆီးရာ သြဂုတ်လ (၁၁)ရက်နေ့ နံနက် (၁)နာရီ (၂၀)မိနစ်ခန့်တွင် စန်းလု(အောက်ရွာ) နှင့် ရင်ကွဲတောင်အကြား လျိုအတွင်း SHN 6L/ 3681 Revo အဖြူရောင်ယာဉ်အား တွေ့ရပြီး ယာဉ်ပေါ်ပါသူများမှာ တောတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဖြူရောင်ယာဉ်ပေါ်တွင် (၁)အိတ်လျှင် ဆေးပြား(၁)သိန်း စီပါ ဆာလာအိတ်(၅၆)အိတ်၊ စုစုပေါင်း WY စာတမ်းပါ စိတ်ကြွဆေးပြား (၅၆)သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ယာဉ်(၂)စီးမှ စိတ်ကြွဆေးပြား (၇၈.၂)သိန်းကို လက်ရှိအချိန်ထိ စစ်ဆေးတွေ့ရှိထားပြီး သက်ဆိုင်ရာ တပ်ဖွဲ့များက ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)၊ Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~