ေဖ့ဘုတ္ အေကာင့္တုျပဳလုပ္ကာ လားရႈိးမွ အမ်ဳိးသမီးတစ္ဦးအား ေငြက်ပ္(၁၄)သိန္းေက်ာ္ လိမ္လည္၍ ဆက္သြယ္ေရးပုဒ္မ ၆၆(ဂ) ျဖင့္ အမႈဖြင့္ထား

ေဖ့ဘုတ္ အေကာင့္တုျပဳလုပ္ကာ လားရႈိးမွ အမ်ဳိးသမီးတစ္ဦးအား ေငြက်ပ္(၁၄)သိန္းေက်ာ္ လိမ္လည္၍ ဆက္သြယ္ေရးပုဒ္မ ၆၆(ဂ) ျဖင့္ အမႈဖြင့္ထား
သြဂုတ် 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕မွ အမ်ိဳးသမီးတစ္ဦးကို ႏိုင္ငံျခားသား အမည္ျဖင့္ လူမႈကြန္ရက္ စာမ်က္ႏွာမွ ဆက္သြယ္ၿပီး ေငြက်ပ္(၁၄)သိန္းေက်ာ္ လိမ္လည္သျဖင့္ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၉)ရက္ေန႔က လားရိႈးၿမိဳ႕မရဲစခန္းသို႔ အမႈဖြင့္တိုင္ၾကားေၾကာင္း သိရသည္။

လားရိႈးၿမိဳ႕မွ အသက္(၄၀)ေက်ာ္အရြယ္ အမ်ိဳးသမီးတစ္ဦးသည္ လူမႈကြန္ယက္စာမ်က္ႏွာ ေဖ့ဘုတ္ တြင္ Chris Jonas အမည္ျဖင့္ သံုးသည့္ အေကာင့္ပိုင္ရွင္ႏွင့္ ၂၀၁၈ ခုႏွစ္၊ ဇူလုိင္လ(၁၉)ရက္ေန႔တြင္ ဆက္သြယ္မိၿပီး အဆုိပါ အေကာင့္ပိုင္ရွင္က လားရိႈးၿမိဳ႕တြင္ ကုမၸဏီဖြင့္ရန္ အေဆာက္အဦတစ္လံုး ဝယ္ယူလိုသျဖင့္ ကူညီေပးရန္ႏွင့္ အဆိုပါ အမ်ိဳးသမီးအတြက္ လက္ေဆာင္ပစၥည္းမ်ားႏွင့္ အေဆာက္အဦ ဝယ္ရန္ေငြတို႔ကို ပို႔ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု သိရသည္။

ယင္းေနာက္ ဇူလုိင္လ(၂၆)ရက္ေန႔တြင္ မေခ်ာစုဆိုသည့္ အမည္ျဖင့္ အမ်ိဳးသမီးတစ္ဦးက ဖုန္းဆက္လာၿပီး ႏုိင္ငံျခားမွ ပို႔ေသာပစၥည္းေရာက္ေနေၾကာင္းႏွင့္ ပစၥည္းမ်ားထုတ္ယူရန္ ေငြက်ပ္(၁,၄၃၀,၀၀၀)ကို CB Bank အေကာင့္နံပါတ္ ၀၀၂၁၆၀၀၁၀၀၁၅၄၈၇၃ သို႔လႊဲေပးပါက ပစၥည္းပို႔ေပးမည္ျဖစ္ေၾကာင္း ဆက္သြယ္လာသည္ဟု သိရသည္။

လားရိႈးမွ အမ်ိဳးသမီးက ယင္းေန႔ ညေနမွာပင္ အဆိုပါ ဘဏ္အေကာင့္နံပါတ္သို႔ ေငြလႊဲေပးလုိက္ကာ မေခ်ာစု ဆိုသူထံ ေငြလႊဲၿပီးေၾကာင္း ဖုန္းဆက္ရာ တနလၤာေန႔အေရာက္ ပစၥည္းပို႔ေပးမည္ဟု ေျပာဆိုခဲ့ေၾကာင္း သိရသည္။

တနလၤာေန႔တြင္ ပစၥည္းမေရာက္သျဖင့္ ထပ္မံဆက္သြယ္ရာ ေနာက္ထပ္ေငြက်ပ္ (၃,၆၂၅,၀၀၀) ကို အျခားဘဏ္အေကာင့္ တစ္ခုတြင္ ထပ္မံေပးသြင္းရန္လိုေနေၾကာင္း မေခ်ာစုဆိုသူက ျပန္လည္ ေျဖၾကားသျဖင့္ အဆိုပါ ပစၥည္းမ်ားအား မယူေတာ့ေၾကာင္းႏွင့္ ယခင္လႊဲထားေငြမ်ား ျပန္ပုိ႔ေပးရန္ ေျပာၾကားခဲ့ေသာ္လည္း ေငြျပန္လႊဲျခင္း မရိွသျဖင့္ အေရးယူေပးပါရန္ တုိင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လိမ္လည္မႈႏွင့္ ပတ္သက္၍ လားရိႈးၿမိဳ႕မရဲစခန္းတြင္ (ပ)၃၃၃/၁၈၊ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(၈)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှ အမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား အမည်ဖြင့် လူမှုကွန်ရက် စာမျက်နှာမှ ဆက်သွယ်ပြီး ငွေကျပ်(၁၄)သိန်းကျော် လိမ်လည်သဖြင့် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၉)ရက်နေ့က လားရှိုးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားကြောင်း သိရသည်။

လားရှိုးမြို့မှ အသက်(၄၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် လူမှုကွန်ယက်စာမျက်နှာ ဖေ့ဘုတ် တွင် Chris Jonas အမည်ဖြင့် သုံးသည့် အကောင့်ပိုင်ရှင်နှင့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ဆက်သွယ်မိပြီး အဆိုပါ အကောင့်ပိုင်ရှင်က လားရှိုးမြို့တွင် ကုမ္ပဏီဖွင့်ရန် အဆောက်အဦတစ်လုံး ဝယ်ယူလိုသဖြင့် ကူညီပေးရန်နှင့် အဆိုပါ အမျိုးသမီးအတွက် လက်ဆောင်ပစ္စည်းများနှင့် အဆောက်အဦ ဝယ်ရန်ငွေတို့ကို ပို့ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယင်းနောက် ဇူလိုင်လ(၂၆)ရက်နေ့တွင် မချောစုဆိုသည့် အမည်ဖြင့် အမျိုးသမီးတစ်ဦးက ဖုန်းဆက်လာပြီး နိုင်ငံခြားမှ ပို့သောပစ္စည်းရောက်နေကြောင်းနှင့် ပစ္စည်းများထုတ်ယူရန် ငွေကျပ်(၁,၄၃၀,ဝဝဝ)ကို CB Bank အကောင့်နံပါတ် ဝဝ၂၁၆၀၀၁၀၀၁၅၄၈၇၃ သို့လွှဲပေးပါက ပစ္စည်းပို့ပေးမည်ဖြစ်ကြောင်း ဆက်သွယ်လာသည်ဟု သိရသည်။

လားရှိုးမှ အမျိုးသမီးက ယင်းနေ့ ညနေမှာပင် အဆိုပါ ဘဏ်အကောင့်နံပါတ်သို့ ငွေလွှဲပေးလိုက်ကာ မချောစု ဆိုသူထံ ငွေလွှဲပြီးကြောင်း ဖုန်းဆက်ရာ တနင်္လာနေ့အရောက် ပစ္စည်းပို့ပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

တနင်္လာနေ့တွင် ပစ္စည်းမရောက်သဖြင့် ထပ်မံဆက်သွယ်ရာ နောက်ထပ်ငွေကျပ် (၃,၆၂၅,ဝဝဝ) ကို အခြားဘဏ်အကောင့် တစ်ခုတွင် ထပ်မံပေးသွင်းရန်လိုနေကြောင်း မချောစုဆိုသူက ပြန်လည် ဖြကြေားသဖြင့် အဆိုပါ ပစ္စည်းများအား မယူတော့ကြောင်းနှင့် ယခင်လွှဲထားငွေများ ပြန်ပို့ပေးရန် ပြောကြားခဲ့သော်လည်း ငွပြေန်လွှဲခြင်း မရှိသဖြင့် အရေးယူပေးပါရန် တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လိမ်လည်မှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းတွင် (ပ)၃၃၃/၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(၈)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~