ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
သွဂုတျ 10, 2018
By Tachileik News Agency




Tachileik News Agency
ဓါတ်ပုံ - CNCMC


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၁၈)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၁၀)ရက်နေ့ နံနက်(၁၂)နာရီခွဲဝန်းကျင်က လာရောက် လွှဲပြောင်းပေးကြောင်း သိရသည်။

ယနေ့ လွှဲပြောင်းလာသည့် အမျိုးသား(၁၃)ဦးနှင့် အမျိုးသမီး(၅)ဦးကို မြန်မာနိုင်ငံဖက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC )ကော်မတီဝင်များက စိစစ် လက်ခံကြိုဆိုကြကြောင်း သိရသည်။

အဆိုပါ (၁၈)ဦးတွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အမျိုးသား(၂)ဦး နှင့် အမျိုးသမီး (၃)ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ အမျိုးသား(၄)ဦး နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ အမျိုးသမီး (၁)ဦးတို့ ပါဝင်ပြီး (၁၀)ဦးမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း နှင့် ကျန်(၈)ဦးမှာ သတ်မှတ်ရက်ထက် ကျော်လွန်ကာ ရက်ကျော်နေထိုင်ခြင်းတို့ ကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~