တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ကျင်းပမည်၊ မည်သူမဆို လာရောက်လှူဒါန်းနိုင်
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ကျင်းပမည်၊ မည်သူမဆို လာရောက်လှူဒါန်းနိုင်
ဇူလိုငျ 12, 2018
By Tachileik News Agency
သတ္တမအကြိမ်မြောက် စုပေါင်း ၀ါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ၂၀၁၈ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့ နံနက်(၆)နာရီခွဲတွင် ရှမ်းရိုးမကွင်း၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆိုပါ လှူဒါန်းပွဲသို့ သင်္ကန်းများဖြင့် လာရောက် လှူဒါန်းလိုသူ အနေဖြင့် ပြင်ပမှ ၀ယ်ယူဆက်ကပ်နိုင်သည့်အပြင် အလင်းရောင်ပရဟိတ အသင်းက ပြည်တွင်းမှ မှာယူ၍ မူရင်းဈေးနှုန်းအတိုင်း သင်္ကန်းတစ်စုံလျှင် ဘတ်(၃၅၀)နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကွင်းအတွင်း၌ အလင်းရောင်ပရဟိတအသင်းမှ ကြီးမှူးကာ သတ္တမအကြိမ်မြောက် စုပေါင်း ကျင်းပပြုလုပ် လှူဒါန်းမည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပင့်ဖိတ်သံဃာအပါး (၈၀၀)ကျော် ကြွရောက်မည်ဖြစ်၍ မည်သူမဆို လာရောက်၍ ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းနိုင်ကြောင်း သိရသည်။
သတ္တမအကြိမ်မြောက် စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအား ၂၀၁၈ခုနှစ် ဇူလို်င်လ(၂၇)ရက်နေ့ နံနက်(၆)နာရီခွဲတွင် ရှမ်းရိုးမကွင်း၌ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ ဆိုပါ လှူဒါန်းပွဲသို့ သင်္ကန်းများဖြင့် လာရောက် လှူဒါန်းလိုသူ အနဖြေင့် ပြင်ပမှ ဝယ်ယူဆက်ကပ်နိုင်သည့်အပြင် အလင်းရောင်ပရဟိတ အသင်းက ပြည်တွင်းမှ မှာယူ၍ မူရင်းဈေးနှုန်းအတိုင်း သင်္ကန်းတစ်စုံလျှင် ဘတ်(၃၅၀)နှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
"ကိုယ့်အစီအစဉ်နဲ့ကိုယ် အပြင်က သင်္ကန်းဝယ်ယူလာပြီး လာလှူလို့ ရသလို အပြင်က အလှူရှင်တွေ အနေနဲ့လည်း သင်္ကန်းတစ်စုံကို ဘတ်(၃၅၀)နှုန်းနဲ့ လှူဒါန်းနိုင်အောင် မူရင်းဈေးနှုန်းအတိုင်း သတ်မှတ်ပေးထားပါတယ်။ အသင်းကနပြေီး အားလုံးလှူဒါန်းနိုင်အောင်လို့ ပြည်တွင်းကနေ မှာထားတာ၊ အပြင်အလှူရှင်တွေအနေနဲ့ သင်္ကန်းတစ်စုံကို သတ်မှတ်ဈေးနှုန်းနဲ့ လှူဒါန်းနိုင်သလို၊ အဲ့ဒီနေ့မှာလည်း ကိုယ်တိုင်ကိုယ်ကျ လာရောက် ဆက်ကပ်လှူဒါန်းနိုင်ပါတယ်၊"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ကိုမြင့်သူက ပြောသည်။
ရှမ်းရိုးမကွင်းအတွင်း စုပေါင်း ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းနိုင်ရန်အတွက် ရှမ်းရိုးမကွင်းရှေ့၌ ၂၀၁၈ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့က စတင်ကာ အလှူခံမဏ္ဍပ်နှင့် သင်္ကန်းရောင်းပေးရေးမဏ္ဍပ်အား ဖွင့်လှစ်ထားရှိပြီး ဇူလိုင်လ(၂၆)ရက်နေ့ ညနေပိုင်းအထိ လှူဒါန်း ဝယ်ယူနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ - အလင်းရောင်ပရဟိတအသင်း
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~