မယ္ဆုိင္ဂူတြင္ ကယ္ဆယ္ေရး ေရငုပ္အဖြဲ႕ဝင္တစ္ဦးေသဆံုးသြားေသာ္လည္း ပိတ္မိေနသည့္ကေလးမ်ား အျမန္ဆံုးထြက္လာႏုိင္ေရး ဆက္လက္လုပ္ေဆာင္မည္

မယ္ဆုိင္ဂူတြင္ ကယ္ဆယ္ေရး ေရငုပ္အဖြဲ႕ဝင္တစ္ဦးေသဆံုးသြားေသာ္လည္း ပိတ္မိေနသည့္ကေလးမ်ား အျမန္ဆံုးထြက္လာႏုိင္ေရး ဆက္လက္လုပ္ေဆာင္မည္
ဇူလိုင် 6, 2018
By 🌸
မယ္ဆုိင္ဂူအတြင္း ကယ္ဆယ္ေရးလုပ္ငန္းတြင္ ပါဝင္လုပ္ေဆာင္ေနသည့္ ယခင္ေရတပ္အထူးအဖြဲ႔ဝင္ေဟာင္း စမာန္ ကူနန္သည္ ဂူအတြင္းေအာက္ဆီဂ်င္ဗူးမ်ားသယ္ေပးေနစဥ္ ဇူလိုင္လ(၆)ရက္ေန႔ နံနက္အေစာပိုင္း (၂)နာရီဝန္းက်င္တြင္ ေသဆံုးသြားခဲ့ေၾကာင္း တာဝန္ရိွသူေတြက ဇူလိုင္လ(၆)ရက္ေန႔ နံနက္ပုိင္း သတင္းစာရွင္းလင္းပြဲတြင္ သတင္းထုတ္ျပန္လုိက္သည္။

“ယခင္ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း ကယ္ဆယ္ေရးလုပ္ငန္းကူညီေဆာင္ရြက္ေနသူတစ္ဦး မနက္ (၂)နာရီမွာ ေသဆံုးသြားပါတယ္”ဟု ခ်င္းရုိင္းခရိုင္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ပါဆခြန္ ဘြန္ညာလပ္က သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည္။

အသက္ (၃၈)ႏွစ္အရြယ္ စမာန္ ကူနန္သည္ မယ္ဆုိင္ဂူအတြင္း အခန္းအမွတ္(၃)တြင္ သတ္မွတ္ေနရာမ်ား အတုိင္း ေအာက္ဆီဂ်င္ဗူးမ်ားပို႔ေဆာင္ရန္ ဇူလုိင္လ(၅)ရက္ေန႔ ညပိုင္း (၈)နာရီ (၃၇)မိနစ္မွာကတည္းက စတင္ေရငုပ္ခဲ့ျခင္းျဖစ္ၿပီး ေအာက္ဆီဂ်င္ဗူးမ်ားပို႔ၿပီးအျပန္တြင္ ေရထဲတြင္ လဲက်ေနသည္ကို အျခားေရငုပ္သမားႏွစ္ဦးက ေတြ႔ရသျဖင့္ ၎အား အေရးေပၚကုသမႈမ်ား လုပ္ေဆာင္ေပးခဲ့ေသာ္လည္း ေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အေရးေပၚကုသမႈလုပ္ၿပီးေနာက္ ထုိင္းစံေတာ္ခ်ိန္ နံနက္(၁)နာရီတြင္ စမာန္ကူနန္ေသဆံုးေၾကာင္းကို အတည္ျပဳလုိက္ျခင္းျဖစ္ေၾကာင္း ထုိင္းေရတပ္အထူးအဖြဲ႕ေခါင္းေဆာင္က ေျပာၾကားသည္။

“ကၽြန္ေတာ္တုိ႔အဖြဲ႕ဝင္တစ္ေယာက္ ဆံုးရံႈးလုိက္ေပမဲ့ ကယ္ဆယ္ေရးဆက္လုပ္သြားမွာပါ”ဟု ေရတပ္အထူးအဖြဲ႕ေခါင္းေဆာင္ ကေျပာသည္။

ယခင္ ေရတပ္အထူးအဖြဲ႕ဝင္ေဟာင္း တပ္ၾကပ္ စမာန္ ကူနန္သည္ လက္ရိွတြင္ သုဝဏၰဘူမိေလဆိ္ပ္လံုၿခံဳေရး အရာရိွတစ္ဦးအျဖစ္ လုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ဂူအတြင္း ကယ္ဆယ္ေရးလုပ္ငန္းေဆာင္ရြက္သူ မ်ားလာသည္ႏွင့္အမွ် ေအာက္ဆီဂ်င္လိုအပ္ခ်က္မွာ ျမင့္မားေနေၾကာင္း ခ်င္းရုိင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားသည္။

အဆိုပါဂူဝန္းက်င္တြင္ မၾကာမီမိုးရြာလာႏုိင္ေခ်ရိွေနသျဖင့္ ပိတ္မိေနသူ(၁၃)ဦးကို အျမန္ဆံုးေခၚထုတ္ႏုိင္ရန္ ကယ္ဆယ္ေရးသမားမ်ားက ႀကိဳးစားေနၾကျခင္းျဖစ္သည္။

ဂူအတြင္းကယ္ဆယ္ေရးလုပ္ငန္းတြင္ ထုိင္းေရတပ္အထူးအဖြဲ႕မွ ေရငုပ္သမားအင္အား(၁၁၀)ျဖင့္ ကယ္ဆယ္ေရးလုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ထုိင္း၊ အေမရိကန္၊ ၿဗိတိန္၊ တရုတ္၊ ၾသစေတးလ်ႏွင့္ အျခားႏုိင္ငံမ်ားမွ ေရငုပ္သမားမ်ားလည္း ပူးေပါင္းလုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ပိတ္မိေနသည့္ ကေလး(၁၂)ဦးႏွင့္နည္းျပအား ေခၚထုတ္ႏုိင္ျခင္းမရိွပါက ဂူအတြင္း မိုးရာသီ ေလးလခန္႔ပိတ္မိေနမည္ျဖစ္သျဖင့္ ကေလးမ်ားအား အျပင္ေခၚထုတ္ရန္ အလြန္ခက္ခဲသည့္အေျခအေနအတြင္း ကယ္ဆယ္ေရး လုပ္ေဆာင္ေနၾကျခင္းျဖစ္သည္။

သတင္း # Tachileik News Agecny
ဓါတ္ပံု #ကိုေဇာင္း၊ Armytimethailand

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူတွင် ကယ်ဆယ်ရေး ရေငုပ်အဖွဲ့ဝင်တစ်ဦးသေဆုံးသွားသော်လည်း ပိတ်မိနေသည့်ကလေးများ အမြန်ဆုံးထွက်လာနိုင်ရေး ဆက်လက်လုပ်ဆောင်မည်
**********************
မယ်ဆိုင်ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်လုပ်ဆောင်နေသည့် ယခင်ရေတပ်အထူးအဖွဲ့ဝင်ဟောင်း စမာန် ကူနန်သည် ဂူအတွင်းအောက်ဆီဂျင်ဗူးများသယ်ပေးနေစဉ် ဇူလိုင်လ(၆)ရက်နေ့ နံနက်အစောပိုင်း (၂)နာရီဝန်းကျင်တွင် သေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ဇူလိုင်လ(၆)ရက်နေ့ နံနက်ပိုင်း သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်လိုက်သည်။

“ယခင်ရေတပ်အထူးအဖွဲ့ဝင်ဟောင်း ကယ်ဆယ်ရေးလုပ်ငန်းကူညီဆောင်ရွက်နေသူတစ်ဦး မနက် (၂)နာရီမှာ သေဆုံးသွားပါတယ်”ဟု ချင်းရိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ပါဆခွန် ဘွန်ညာလပ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အသက် (၃၈)နှစ်အရွယ် စမာန် ကူနန်သည် မယ်ဆိုင်ဂူအတွင်း အခန်းအမှတ်(၃)တွင် သတ်မှတ်နေရာများ အတိုင်း အောက်ဆီဂျင်ဗူးများပို့ဆောင်ရန် ဇူလိုင်လ(၅)ရက်နေ့ ညပိုင်း (၈)နာရီ (၃၇)မိနစ်မှာကတည်းက စတင်ရေငုပ်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်ဗူးများပို့ပြီးအပြန်တွင် ရေထဲတွင် လဲကျနေသည်ကို အခြားရေငုပ်သမားနှစ်ဦးက တွေ့ရသဖြင့် ၎င်းအား အရေးပေါ်ကုသမှုများ လုပ်ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ်ကုသမှုလုပ်ပြီးနောက် ထိုင်းစံတော်ချိန် နံနက်(၁)နာရီတွင် စမာန်ကူနန်သေဆုံးကြောင်းကို အတည်ပြုလိုက်ခြင်းဖြစ်ကြောင်း ထိုင်းရေတပ်အထူးအဖွဲ့ခေါင်းဆောင်က ပြောကြားသည်။

“ကျွန်တော်တို့အဖွဲ့ဝင်တစ်ယောက် ဆုံးရှုံးလိုက်ပေမဲ့ ကယ်ဆယ်ရေးဆက်လုပ်သွားမှာပါ”ဟု ရေတပ်အထူးအဖွဲ့ခေါင်းဆောင် ကပြောသည်။

ယခင် ရေတပ်အထူးအဖွဲ့ဝင်ဟောင်း တပ်ကြပ် စမာန် ကူနန်သည် လက်ရှိတွင် သုဝဏ္ဏဘူမိလေဆိပ်လုံခြုံရေး အရာရှိတစ်ဦးအဖြစ် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂူအတွင်း ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်သူ များလာသည်နှင့်အမျှ အောက်ဆီဂျင်လိုအပ်ချက်မှာ မြင့်မားနေကြောင်း ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

အဆိုပါဂူဝန်းကျင်တွင် မကြာမီမိုးရွာလာနိုင်ချေရှိနေသဖြင့် ပိတ်မိနေသူ(၁၃)ဦးကို အမြန်ဆုံးခေါ်ထုတ်နိုင်ရန် ကယ်ဆယ်ရေးသမားများက ကြိုးစားနေကြခြင်းဖြစ်သည်။

ဂူအတွင်းကယ်ဆယ်ရေးလုပ်ငန်းတွင် ထိုင်းရေတပ်အထူးအဖွဲ့မှ ရေငုပ်သမားအင်အား(၁၁၀)ဖြင့် ကယ်ဆယ်ရေးလုပ်ဆောင်နေခြင်းဖြစ်ပြီး ထိုင်း၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ သြစတေးလျနှင့် အခြားနိုင်ငံများမှ ရေငုပ်သမားများလည်း ပူးပေါင်းလုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ပိတ်မိနေသည့် ကလေး(၁၂)ဦးနှင့်နည်းပြအား ခေါ်ထုတ်နိုင်ခြင်းမရှိပါက ဂူအတွင်း မိုးရာသီ လေးလခန့်ပိတ်မိနေမည်ဖြစ်သဖြင့် ကလေးများအား အပြင်ခေါ်ထုတ်ရန် အလွန်ခက်ခဲသည့်အခြေအနေအတွင်း ကယ်ဆယ်ရေး လုပ်ဆောင်နေကြခြင်းဖြစ်သည်။

သတင်း #Tachileik News Agecny
ဓါတ်ပုံ #ကိုဇောင်း၊ Armytimethailand

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~