မယ္ဆုိင္ဂူကယ္ဆယ္ေရးတြင္ ႏုိင္ငံတကာမွ ပါဝင္ကူညီေနသူမ်ားအား ထိုင္းဘုရင္၏ဧည့္သည္ေတာ္မ်ားအျဖစ္ သတ္မွတ္

မယ္ဆုိင္ဂူကယ္ဆယ္ေရးတြင္ ႏုိင္ငံတကာမွ ပါဝင္ကူညီေနသူမ်ားအား ထိုင္းဘုရင္၏ဧည့္သည္ေတာ္မ်ားအျဖစ္ သတ္မွတ္
ဇူလိုင် 4, 2018
By 🌸
မယ္ဆုိင္ဂူအတြင္း ပိတ္မိေနသူမ်ား ကယ္ဆယ္ေရးတြင္ ပါဝင္ေဆာင္ရြက္ေနသည့္ ႏုိင္ငံတကာမွ ကူညီသူမ်ားအား ကယ္ဆယ္ေရးကာလမွ ၎တို႔ေနရပ္ႏိုင္ငံမ်ား ျပန္ေရာက္သည္အထိ ထုိင္းဘုရင္၏ ဧည့္သည္မ်ားအျဖစ္ ေႏြးေထြးစြာေစာင့္ေရွာက္ၾကရန္ အစိုးရကို ဘုရင္ကတိုက္တြန္းလိုက္ေၾကာင္း သိရသည္။

မယ္ဆုိင္ဂူအတြင္းပိတ္မိေနသူ (၁၃)ဦး၏ က်န္းမာေရးႏွင့္ စိတ္ပိုင္းဆိုင္ရာထိခုိက္မႈမရိွေစေရးအျပင္ ကယ္ဆယ္ေရးလုပ္ေနသူမ်ားအပါအဝင္ အားလံုး၏လံုၿခံဳေရးအတြက္ ထည့္သြင္းစဥ္းစားေဆာင္ရြက္ၾကရန္ ကိုလည္း ထုိင္းဘုရင္ မဟာဗက္ဂ်ီရာေလာင္ကြန္းက တိုက္တြန္းလုိက္ေၾကာင္း သိရသည္။

ဂူအတြင္း ပိတ္မိေနသည့္ ကေလး(၁၂)ဦးႏွင့္ နည္းျပတို႔ကို စိတ္ဓါတ္ႀကံ႕ခိုင္ေနၾကရန္ကိုလည္း ဘုရင္ မဟာဗက္ဂ်ီရာေလာင္ကြန္းက အားေပးလိုက္ေၾကာင္း အစိုးရေျပာေရးဆိုခြင့္ရိွသူက ဇူလုိင္လ(၃)ရက္ေန႔တြင္ ထုတ္ေဖၚေျပာၾကားလိုက္သည္။

ကေလးမ်ား လံုၿခံဳစြာျဖင့္ မိသားစုထံျပန္ေရာက္ႏုိင္ရန္ ကူညီကယ္ဆယ္ေရးတြင္ ပါဝင္သူအားလံုး၏ စုစည္းပူးေပါင္းေဆာင္ရြက္မႈမွာ အေရးအႀကီးဆံုးျဖစ္ၿပီး ယခုအျဖစ္အပ်က္မွေန၍ ျပည္သူမ်ားအေနျဖင့္ သဘာဝေဘးအႏၱရာယ္ ကာကြယ္ေရးႏွင့္ သတိေပးစနစ္မ်ား ပိုမိုအားေကာင္းလာေစေရးအတြက္ သင္ခန္းစာယူၾကရန္ကိုလည္း တုိက္တြန္းလုိက္သည္။

ကယ္ဆယ္ေရးတြင္ ပါဝင္သည့္ ထုိင္းႏုိင္ငံသားမ်ားႏွင့္ ႏုိင္ငံတကာမွကူညီသူမ်ားအား လိႈက္လိႈက္လႈဲလႈဲ ေက်းဇူးတင္ေၾကာင္း ဘုရင္က ထုတ္ေဖၚေျပာၾကားလိုက္ေၾကာင္း သိရသည္။

Ref:ThaiPBS

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူကယ်ဆယ်ရေးတွင် နိုင်ငံတကာမှ ပါဝင်ကူညီနေသူများအား ထိုင်းဘုရင်၏ဧည့်သည်တော်များအဖြစ် သတ်မှတ်
*******************
မယ်ဆိုင်ဂူအတွင်း ပိတ်မိနေသူများ ကယ်ဆယ်ရေးတွင် ပါဝင်ဆောင်ရွက်နေသည့် နိုင်ငံတကာမှ ကူညီသူများအား ကယ်ဆယ်ရေးကာလမှ ၎င်းတို့နေရပ်နိုင်ငံများ ပြန်ရောက်သည်အထိ ထိုင်းဘုရင်၏ ဧည့်သည်များအဖြစ် နွေးထွေးစွာစောင့်ရှောက်ကြရန် အစိုးရကို ဘုရင်ကတိုက်တွန်းလိုက်ကြောင်း သိရသည်။

မယ်ဆိုင်ဂူအတွင်းပိတ်မိနေသူ (၁၃)ဦး၏ ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိစေရေးအပြင် ကယ်ဆယ်ရေးလုပ်နေသူများအပါအဝင် အားလုံး၏လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် ကိုလည်း ထိုင်းဘုရင် မဟာဗက်ဂျီရာလောင်ကွန်းက တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဂူအတွင်း ပိတ်မိနေသည့် ကလေး(၁၂)ဦးနှင့် နည်းပြတို့ကို စိတ်ဓါတ်ကြံ့ခိုင်နေကြရန်ကိုလည်း ဘုရင် မဟာဗက်ဂျီရာလောင်ကွန်းက အားပေးလိုက်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၃)ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။

ကလေးများ လုံခြုံစွာဖြင့် မိသားစုထံပြန်ရောက်နိုင်ရန် ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူအားလုံး၏ စုစည်းပူးပေါင်းဆောင်ရွက်မှုမှာ အရေးအကြီးဆုံးဖြစ်ပြီး ယခုအဖြစ်အပျက်မှနေ၍ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် သတိပေးစနစ်များ ပိုမိုအားကောင်းလာစေရေးအတွက် သင်ခန်းစာယူကြရန်ကိုလည်း တိုက်တွန်းလိုက်သည်။

ကယ်ဆယ်ရေးတွင် ပါဝင်သည့် ထိုင်းနိုင်ငံသားများနှင့် နိုင်ငံတကာမှကူညီသူများအား လှိုက်လှိုက်လှုဲလှုဲ ကျေးဇူးတင်ကြောင်း ဘုရင်က ထုတ်ဖေါ်ပြောကြားလိုက်ကြောင်း သိရသည်။

Ref:ThaiPBS

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~