တာခ်ီလိတ္တြင္ ယာဥ္တုိက္မႈျဖစ္ၿပီး ေမာင္းေျပးသည့္ ယာဥ္ေပၚပါ ထုိင္းႏုိင္ငံသား (၂)ဦးကို လဝကဥပေဒျဖင့္ အေရးယူ

တာခ်ီလိတ္တြင္ ယာဥ္တုိက္မႈျဖစ္ၿပီး ေမာင္းေျပးသည့္ ယာဥ္ေပၚပါ ထုိင္းႏုိင္ငံသား (၂)ဦးကို လဝကဥပေဒျဖင့္ အေရးယူ
ဇူလိုင် 27, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ယာဥ္တုိက္မႈမွ ထြက္ေျပးယာဥ္အား ဖမ္းဆီးရမိၿပီး ယာဥ္ေမာင္းႏွင့္ ယာဥ္ေပၚတြင္ လုိက္ပါလာသူမ်ားသည္ တရားမဝင္ ဝင္ေရာက္သည့္ ထုိင္းနိုင္ငံသားမ်ား ျဖစ္ေၾကာင္း စစ္ေဆး သိရိွရသျဖင့္ လူဝင္မႈႀကီးၾကပ္ေရးဥပေဒျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္း သိရသည္။

ဇူလိုင္လ (၂၆)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ပုန္းထြန္ရပ္ကြက္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမေပၚ မ်က္ႏွာခ်င္းဆုိင္မွ ဆုိင္ကယ္အား တုိက္မိထြက္ေျပးသည့္ ေမာ္ေတာ္ယာဥ္ကို ဖမ္းဆီးရမိရာမွ အဆိုပါ ေမာ္ေတာ္ယာဥ္၏ ယာဥ္ေမာင္း နမ္ထဖြန္ႏွင့္ ယာဥ္တြင္လုိက္ပါလာသူ ဆမ္ဝမ္ခြန္မ္ကိုင္တို႔သည္ ဇူလုိင္လ (၂၅)ရက္ေန႔က မယ္ဆိုင္ေခ်ာင္းအား ေဘာကြင္းျဖင့္ ျဖတ္ကူးၿပီး တရားမဝင္ ဝင္ေရာက္ လာသူမ်ားျဖစ္ေၾကာင္း စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ဇူလိုင္လ (၂၅)ရက္ေန႔ညပိုင္းတြင္ တာခ်ီလိတ္၌ လည္ပတ္ၿပီး ေနာက္တစ္ေန႔ မနက္၌ ေမာ္ေတာ္ယာဥ္ ငွားရမ္းေမာင္းႏွင္လာစဥ္ ယာဥ္တုိက္မႈျဖစ္ပြားျခင္းျဖစ္ေၾကာင္း သိရသည္။

တရားမဝင္ ဝင္ေရာက္လာသည့္ ထုိင္းႏိုင္ငံသား (၂)ဦးကို လူဝင္မႈႀကီးၾကပ္ေရး အက္ဥပေဒပုဒ္မ ၃(၁)က်ဴး ၁၃(၁)ျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ယာဉ်တိုက်မှုမှ ထွက်ပြေးယာဉ်အား ဖမ်းဆီးရမိပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများသည် တရားမဝင် ဝင်ရောက်သည့် ထိုင်းနိုင်ငံသားများ ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် လူဝင်မှုကြီးကြပ်ရေးဥပဒဖြေင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

ဇူလိုင်လ (၂၆)ရက်နေ့တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ် မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်အား တိုက်မိထွက်ပြေးသည့် မော်တော်ယာဉ်ကို ဖမ်းဆီးရမိရာမှ အဆိုပါ မော်တော်ယာဉ်၏ ယာဉ်မောင်း နမ်ထဖွန်နှင့် ယာဉ်တွင်လိုက်ပါလာသူ ဆမ်ဝမ်ခွန်မ်ကိုင်တို့သည် ဇူလိုင်လ (၂၅)ရက်နေ့က မယ်ဆိုင်ချောင်းအား ဘောကွင်းဖြင့် ဖြတ်ကူးပြီး တရားမဝင် ဝင်ရောက် လာသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ဇူလိုင်လ (၂၅)ရက်နေ့ညပိုင်းတွင် တာချီလိတ်၌ လည်ပတ်ပြီး နောက်တစ်နေ့ မနက်၌ မော်တော်ယာဉ် ငှါးရမ်းမောင်းနှင်လာစဉ် ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသား (၂)ဦးကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၃(၁)ကျူး ၁၃(၁)ဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးအရေးယူထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~