မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ား ထိခိုက္မႈမရိွေစဘဲ အျမန္ဆံုးကယ္ထုတ္ႏိုင္ရန္ ႏုိင္ငံတကာမွ ထပ္မံအားျဖည့္ကူညီေန

မယ္ဆုိင္ဂူအတြင္းမွ ကေလးမ်ား ထိခိုက္မႈမရိွေစဘဲ အျမန္ဆံုးကယ္ထုတ္ႏိုင္ရန္ ႏုိင္ငံတကာမွ ထပ္မံအားျဖည့္ကူညီေန
ဇူလိုင် 7, 2018
By 🌸
ကေလး(၁၃)ဦးပိတ္မိေနသည့္ မယ္ဆုိင္ဂူအနီးဝန္းက်င္တြင္ မၾကာမီ မိုးမ်ားလာႏုိင္သျဖင့္ အျမန္ဆံုး ကယ္ထုတ္ႏုိင္ေရးအတြက္ ႏိုင္ငံတကာမွ ကၽြမ္းက်င္ပညာရွင္မ်ားလည္း ကယ္ဆယ္ေရးတြင္ အားျဖည့္ရန္ လာေရာက္ေနၾကၿပီး စြန္႔စားမႈအနည္းဆံုးနည္းလမ္းကိုသာ အသံုးျပဳသြားမည္ဟု ခ်င္းရုိင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ထပ္ေလာင္းေျပာၾကားလုိက္သည္။

လက္ရိွတြင္ ကေလးမ်ားက်န္းမာေရးေကာင္းေနၿပီး ေရငုပ္ေလ့က်င့္ေနကာ ကယ္ဆယ္ေရးအဖြဲ႕မ်ားကလည္း ကယ္ဆယ္ေရးအစီအစဥ္အတုိင္း ေလ့က်င့္ျပင္ဆင္မႈမ်ား လုပ္ေနၾကၿပီး ဂူအတြင္းကယ္ဆယ္ေရး ကၽြမ္းက်င္သူအဖြဲ႕မ်ားလည္း ထပ္မံအားျဖည့္ရန္ ေရာက္လာေတာ့မည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
“သူတို႔ေတြထဲကတစ္ခ်ိဳ႕ဟာ ဂူအတြင္းကယ္ဆယ္ေရးမွာ ကမၻာ့ထိပ္တန္းကၽြမ္းက်င္သူေတြပါ”ဟု ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နလုန္းဆတ္ အိုစထာနကြန္းက ဇူလုိင္လ(၇)ရက္ေန႔ နံနက္ပိုင္း ပံုမွန္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားသည္။

ကယ္ဆယ္ေရးတြင္ကူညီရန္ ၿဗိတိန္မွ ကၽြမ္းက်င္ေရငုပ္သမားႏွစ္ဦး လာေရာက္ေနသည့္အျပင္ အေမရိကန္ဘီလ်ံနာ အီလန္မတ္စ္ကလည္း ဘိုရင္းကုမၸဏီႏွင့္ Space X မွ အင္ဂ်င္နီယာအဖြဲ႕အား ေစလႊတ္ေပးထားၿပီျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ မိုးရြာသြန္းမႈမရိွေသာ္လည္း ဂူအတြင္းေရဒလေဟာစီးဝင္ေနမႈရိွေနဆဲျဖစ္ရာ ရံဖန္ရံခါ ကေလးမ်ား ခိုေအာင္းေနသည့္ ေနရာေအာက္ေျခအထိ ေရတက္လာေလ့ရိွေနၿပီး ကေလးမ်ားအား ကယ္ထုတ္ႏုိင္မည့္ အျခားနည္းလမ္းတစ္ခုအျဖစ္ ဂူအမိုးမွ ေဖါက္ဝင္ရန္ ႀကိဳးစားရွာေဖြမႈမွာလည္း ေနရာေပါင္း (၁၀၀)အနက္ ျဖစ္ႏုိင္ေခ်ရိွသည့္ ေနရာ (၁၈)ခုေတြ႔ထားသည့္တုိင္ ေဖါက္ဝင္ရန္ ခန္႔မွန္းတြက္ခ်က္ရျခင္းႏွင့္ အခ်ိန္ယူရမည့္ အခက္အခဲမ်ားရိွေနေၾကာင္း သိရသည္။

ကေလးမ်ားအား ကယ္ထုတ္မည့္နည္းလမ္းအစီအစဥ္မ်ားကို ထုတ္ေဖၚေျပာၾကားျခင္းမရိွေသာ္လည္း အစီအစဥ္မ်ားအတုိင္း ကယ္ဆယ္ေရးအဖြဲ႕မ်ားက ဇာတ္တုိက္ေလ့က်င့္မႈမ်ား လုပ္ေဆာင္ေနၿပီဟုလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးကဆိုသည္။

“ကယ္ထုုတ္ဖို႔အတြက္ကို စြန္႔စားမႈအနည္းဆံုးျဖစ္ေအာင္ လုပ္ေဆာင္မွာပါ”ဟု ကယ္ဆယ္ေရးလုပ္ငန္းကို ႀကီးၾကပ္ေနသူတစ္ဦးျဖစ္သည့္ ခ်င္းရိုင္းခရိုင္အုပ္ခ်ဳပ္ေရးမွဴး နလုန္းဆတ္ အိုစထာနကြန္းက  ထပ္မံေျပာၾကားသည္။

လက္ရိွတြင္ ဂူအတြင္းေအာက္ဆီဂ်င္နည္းလာသည့္အတြက္ လူအေရအတြက္ေလွ်ာ့ၿပီး ေအာက္ဆီဂ်င္မ်ားမ်ား ပို႔ေပးျခင္းကိုလုပ္ေဆာင္ေနၿပီး ကေလးမ်ား ခိုလံႈေနထုိင္သည့္ေနရာတြင္ ေအာက္ဆီဂ်င္ဗူးမ်ားအျပင္ ေအာက္ဆီဂ်င္သြင္းေပးရန္ ပိုက္သြယ္တန္းပို႔လႊတ္ေပးထားေၾကာင္း သိရသည္။

ဂူအမိုးေပၚမွေဖါက္ရမည့္အေျခအေနမွာလည္း ဂူအတြင္းအား ခန္႔မွန္းတြက္ခ်က္ရ ခက္ခဲေနသည့္အျပင္ အမိုးေဖါက္ျခင္းေၾကာင့္ ထြက္လာမည့္ကာဗြန္ဒိုင္ေအာက္ဆုိဒ္မ်ားက ဂူအတြင္းမွလူမ်ားအတြက္ အႏၱရာယ္ျဖစ္ႏုိင္ေခ်ရိွသည့္အတြက္ ကၽြမ္းက်င္သူမ်ားကလည္း ေထာက္ခံျခင္းမရိွေၾကာင္း သိရသည္။

 လက္ရိွကယ္ဆယ္ေရးလုပ္ငန္းမွာ ကမၻာတြင္ႀကံဳဖူးသမွ်ထဲမွ အခက္ခဲဆံုး ကယ္ဆယ္ေရးလုပ္ငန္းျဖစ္ေနၿပီး  ၂၀၁၀ ခုနွစ္က ခ်ုီလီမုိင္းတြင္းကယ္ဆယ္ေရးမွာ အခ်ိန္ႏွစ္လခန္႔ယူခဲ့ရျခင္းျဖစ္ေၾကာင္းလည္း ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ေျပာၾကားလုိက္သည္။

ကယ္ဆယ္ေရးအား ထုိင္းႏိုင္ငံက ႏုိင္ငံေတာ္အဆင့္သတ္မွတ္ကာ အင္အားႏွင့္ ဘတ္ဂ်က္အမ်ားအျပားသံုးစြဲေဆာင္ရြက္ေနသည့္အျပင္ ႏုိင္ငံတကာမွ ပူးေပါင္းကူညီမႈမ်ားလည္း ထပ္တိုးလာေနျခင္းျဖစ္သည္။
ကေလးမာ်းကယ္ထုတ္ႏုိင္မည့္နည္းလမ္းမ်ိဳးစံုရွာေဖြေနရာ အဆိုပါဂူ၏ထြက္ေပါက္မွာ ျမန္မာႏုိင္ငံနယ္စပ္ တာခ်ီလိတ္ဘက္တြင္ရိွသည္ဟု ယူဆသျဖင့္ ဂူလမ္းေၾကာင္း ရွာေဖြေပးရန္ ထုိင္းနုိင္ငံက အကူအညီေတာင္းခံမႈေၾကာင့္ ျမန္မာအဖြဲ႕ကလည္း ဇူလုိင္လ(၇)ရက္ေန႔တြင္ ရွာေဖြေပးေနၿပီျဖစ္သည္။

ကေလးမ်ားအား စိတ္ဓါတ္ပုိင္းဆုိင္ရာႀကံ႕ခိုင္ေရးအတြက္ ခ်ီလီမုိင္းတြင္းမွ ျပန္လည္လြတ္ေျမာက္လာသူမ်ားကလည္း အားေပးစကားေျပာထားၿပီး ကမၻာ့ဖလားေဘာလံုးအဖြဲ႕ကလည္း ကမၻာ့ဖလားဖိုင္နယ္ပြဲ တက္ေရာက္ရန္ ကေလး(၁၃)ဦးကို ဖိတ္ၾကားထားျခင္းျဖစ္သည္။

သတင္း #Tachileik News Agency
ဓါတ္ပံု #ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
မယ်ဆိုင်ဂူအတွင်းမှ ကလေးများ ထိခိုက်မှုမရှိစေဘဲ အမြန်ဆုံးကယ်ထုတ်နိုင်ရန် နိုင်ငံတကာမှ ထပ်မံအားဖြည့်ကူညီနေ
*********************************
ကလေး(၁၃)ဦးပိတ်မိနေသည့် မယ်ဆိုင်ဂူအနီးဝန်းကျင်တွင် မကြာမီ မိုးများလာနိုင်သဖြင့် အမြန်ဆုံး ကယ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များလည်း ကယ်ဆယ်ရေးတွင် အားဖြည့်ရန် လာရောက်နေကြပြီး စွန့်စားမှုအနည်းဆုံးနည်းလမ်းကိုသာ အသုံးပြုသွားမည်ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောကြားလိုက်သည်။

လက်ရှိတွင် ကလေးများကျန်းမာရေးကောင်းနေပြီး ရေငုပ်လေ့ကျင့်နေကာ ကယ်ဆယ်ရေးအဖွဲ့များကလည်း ကယ်ဆယ်ရေးအစီအစဉ်အတိုင်း လေ့ကျင့်ပြင်ဆင်မှုများ လုပ်နေကြပြီး ဂူအတွင်းကယ်ဆယ်ရေး ကျွမ်းကျင်သူအဖွဲ့များလည်း ထပ်မံအားဖြည့်ရန် ရောက်လာတော့မည်ဖြစ်ကြောင်း ပြောကြားသည်။

“သူတို့တွေထဲကတစ်ချို့ဟာ ဂူအတွင်းကယ်ဆယ်ရေးမှာ ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူတွေပါ”ဟု ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက ဇူလိုင်လ(၇)ရက်နေ့ နံနက်ပိုင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ကယ်ဆယ်ရေးတွင်ကူညီရန် ဗြိတိန်မှ ကျွမ်းကျင်ရေငုပ်သမားနှစ်ဦး လာရောက်နေသည့်အပြင် အမေရိကန်ဘီလျံနာ အီလန်မတ်စ်ကလည်း ဘိုရင်းကုမ္ပဏီနှင့် Space X မှ အင်ဂျင်နီယာအဖွဲ့အား စေလွှတ်ပေးထားပြီဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုးရွာသွန်းမှုမရှိသော်လည်း ဂူအတွင်းရေဒလဟောစီးဝင်နေမှုရှိနေဆဲဖြစ်ရာ ရံဖန်ရံခါ ကလေးများ ခိုအောင်းနေသည့် နေရာအောက်ခြေအထိ ရေတက်လာလေ့ရှိနေပြီး ကလေးများအား ကယ်ထုတ်နိုင်မည့် အခြားနည်းလမ်းတစ်ခုအဖြစ် ဂူအမိုးမှ ဖေါက်ဝင်ရန် ကြိုးစားရှာဖွေမှုမှာလည်း နေရာပေါင်း (၁၀၀)အနက် ဖြစ်နိုင်ချေရှိသည့် နေရာ (၁၈)ခုတွေ့ထားသည့်တိုင် ဖေါက်ဝင်ရန် ခန့်မှန်းတွက်ချက်ရခြင်းနှင့် အချိန်ယူရမည့် အခက်အခဲများရှိနေကြောင်း သိရသည်။

ကလေးများအား ကယ်ထုတ်မည့်နည်းလမ်းအစီအစဉ်များကို ထုတ်ဖေါ်ပြောကြားခြင်းမရှိသော်လည်း အစီအစဉ်များအတိုင်း ကယ်ဆယ်ရေးအဖွဲ့များက ဇာတ်တိုက်လေ့ကျင့်မှုများ လုပ်ဆောင်နေပြီဟုလည်း ခရိုင်အုပ်ချုပ်ရေးမှူးကဆိုသည်။

“ကယ်ထုတ်ဖို့အတွက်ကို စွန့်စားမှုအနည်းဆုံးဖြစ်အောင် လုပ်ဆောင်မှာပါ”ဟု ကယ်ဆယ်ရေးလုပ်ငန်းကို ကြီးကြပ်နေသူတစ်ဦးဖြစ်သည့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူး နလုန်းဆတ် အိုစထာနကွန်းက  ထပ်မံပြောကြားသည်။

လက်ရှိတွင် ဂူအတွင်းအောက်ဆီဂျင်နည်းလာသည့်အတွက် လူအရေအတွက်လျှော့ပြီး အောက်ဆီဂျင်များများ ပို့ပေးခြင်းကိုလုပ်ဆောင်နေပြီး ကလေးများ ခိုလှုံနေထိုင်သည့်နေရာတွင် အောက်ဆီဂျင်ဗူးများအပြင် အောက်ဆီဂျင်သွင်းပေးရန် ပိုက်သွယ်တန်းပို့လွှတ်ပေးထားကြောင်း သိရသည်။

ဂူအမိုးပေါ်မှဖေါက်ရမည့်အခြေအနေမှာလည်း ဂူအတွင်းအား ခန့်မှန်းတွက်ချက်ရ ခက်ခဲနေသည့်အပြင် အမိုးဖေါက်ခြင်းကြောင့် ထွက်လာမည့်ကာဗွန်ဒိုင်အောက်ဆိုဒ်များက ဂူအတွင်းမှလူများအတွက် အန္တရာယ်ဖြစ်နိုင်ချေရှိသည့်အတွက် ကျွမ်းကျင်သူများကလည်း ထောက်ခံခြင်းမရှိကြောင်း သိရသည်။

 လက်ရှိကယ်ဆယ်ရေးလုပ်ငန်းမှာ ကမ္ဘာတွင်ကြုံဖူးသမျှထဲမှ အခက်ခဲဆုံး ကယ်ဆယ်ရေးလုပ်ငန်းဖြစ်နေပြီး  ၂၀၁၀ ခုနှစ်က ချီုလီမိုင်းတွင်းကယ်ဆယ်ရေးမှာ အချိန်နှစ်လခန့်ယူခဲ့ရခြင်းဖြစ်ကြောင်းလည်း ခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားလိုက်သည်။

ကယ်ဆယ်ရေးအား ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့်သတ်မှတ်ကာ အင်အားနှင့် ဘတ်ဂျက်အများအပြားသုံးစွဲဆောင်ရွက်နေသည့်အပြင် နိုင်ငံတကာမှ ပူးပေါင်းကူညီမှုများလည်း ထပ်တိုးလာနေခြင်းဖြစ်သည်။
ကလေးမာျးကယ်ထုတ်နိုင်မည့်နည်းလမ်းမျိုးစုံရှာဖွေနေရာ အဆိုပါဂူ၏ထွက်ပေါက်မှာ မြန်မာနိုင်ငံနယ်စပ် တာချီလိတ်ဘက်တွင်ရှိသည်ဟု ယူဆသဖြင့် ဂူလမ်းကြောင်း ရှာဖွေပေးရန် ထိုင်းနိုင်ငံက အကူအညီတောင်းခံမှုကြောင့် မြန်မာအဖွဲ့ကလည်း ဇူလိုင်လ(၇)ရက်နေ့တွင် ရှာဖွေပေးနေပြီဖြစ်သည်။

ကလေးများအား စိတ်ဓါတ်ပိုင်းဆိုင်ရာကြံ့ခိုင်ရေးအတွက် ချီလီမိုင်းတွင်းမှ ပြန်လည်လွတ်မြောက်လာသူများကလည်း အားပေးစကားပြောထားပြီး ကမ္ဘာ့ဖလားဘောလုံးအဖွဲ့ကလည်း ကမ္ဘာ့ဖလားဖိုင်နယ်ပွဲ တက်ရောက်ရန် ကလေး(၁၃)ဦးကို ဖိတ်ကြားထားခြင်းဖြစ်သည်။

သတင်း #Tachileik News Agency
ဓါတ်ပုံ #ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~