သီေပါၿမိဳ႕နယ္ ဆီဆံုရြာမွ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရ

သီေပါၿမိဳ႕နယ္ ဆီဆံုရြာမွ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရ
ဇူလိုင် 6, 2018
By 🌸
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သီေပါၿမိဳ႕နယ္ မိုင္းလင္းေက်းရြာအုပ္စု ဆီဆံုရြာသစ္တြင္ အမ်ိဳးသားတစ္ဦးအား ၎၏ေနအိမ္ၿခံဝင္းအတြင္း ဇူလုိင္လ (၆)ရက္ေန႔ နံနက္(၁)နာရီဝန္းက်င္တြင္ ေသနတ္ျဖင့္ လာေရာက္ပစ္ခတ္သြားသျဖင့္ ေသဆံုးသြားေၾကာင္း သိရသည္။

ေသနတ္ျဖင့္ပစ္ခတ္ခံရသူမွာ အသက္(၅၂)ႏွစ္အရြယ္ ဦးေက်ာ္ဝင္းႏုိင္ဆိုသူျဖစ္ၿပီး ေနအိမ္ၿခံဝင္း တံခါးအနီးတြင္ ေသနတ္ဒဏ္ရာ(၃)ခ်က္ျဖင့္ေသဆံုးေနျခင္းျဖစ္ေၾကာင္း သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕က အတည္ျပဳေျပာၾကားသည္။

“ရဲတပ္ဖြဲ႕လည္း ေရာက္ရွိစစ္ေဆးေနတယ္။ ကၽြန္ေတာ္တို႔ကေတာ့ အေလာင္းကိုသြားသယ္ၿပီး သီေပါ ျပည္သူ႔ေဆးရံု ရင္ခြဲရံုကို ပို႔ေဆာင္ေပးထား တယ္” ဟု နယ္စည္းမျခား ပရဟိတအသင္း(သီေပါ) မွ ကိုမ်ိဳး က ေျပာသည္။

အဆိုပါပစ္ခတ္ခံရမႈႏွင့္ပတ္သက္၍ သီေပါၿမိဳ႕နယ္ရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၈၆/၂၀၁၈ ျဖင့္ စစ္ေဆးေဆာင္ရြက္ေနေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ ဇူလိုင္လအထိ သီေပါၿမိဳ႕ နယ္အတြင္း ေသနတ္ျဖင့္ပစ္ခတ္ခံရမႈ (၅)မႈျဖစ္ပြားၿပီး လူ(၅)ဦးေသဆံုးခဲ့ကာ ပစ္ခတ္မႈ(၁)ခုမွ က်ဴးလြန္သူကို ဖမ္းဆီးရမိထားကာ က်န္အမႈမ်ားမွာ စံုစမ္းဆဲျဖစ္ေၾကာင္း သိရသည္။

သတင္း #ေနၿဖိဳးျမင့္
ဓါတ္ပံု #နယ္စည္းမျခားပရဟိတ(သီေပါ)

~~~~~~~~⊰❂ unicode ~~~~~~~~
သီပေါမြို့နယ် ဆီဆုံရွာမှ အမျိုးသားတစ်ဦး နေအိမ်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
***************
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် မိုင်းလင်းကျေးရွာအုပ်စု ဆီဆုံရွာသစ်တွင် အမျိုးသားတစ်ဦးအား ၎င်း၏နေအိမ်ခြံဝင်းအတွင်း ဇူလိုင်လ (၆)ရက်နေ့ နံနက်(၁)နာရီဝန်းကျင်တွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားသဖြင့် သေဆုံးသွားကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူမှာ အသက်(၅၂)နှစ်အရွယ် ဦးကျော်ဝင်းနိုင်ဆိုသူဖြစ်ပြီး နေအိမ်ခြံဝင်း တံခါးအနီးတွင် သေနတ်ဒဏ်ရာ(၃)ချက်ဖြင့်သေဆုံးနေခြင်းဖြစ်ကြောင်း သီပေါမြို့နယ်ရဲတပ်ဖွဲ့က အတည်ပြုပြောကြားသည်။

“ရဲတပ်ဖွဲ့လည်း ရောက်ရှိစစ်ဆေးနေတယ်။ ကျွန်တော်တို့ကတော့ အလောင်းကိုသွားသယ်ပြီး သီပေါ ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ပေးထား တယ်” ဟု နယ်စည်းမခြား ပရဟိတအသင်း(သီပေါ) မှ ကိုမျိုး က ပြောသည်။

အဆိုပါပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ သီပေါမြို့နယ်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၈၆/၂၀၁၈ ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ သီပေါမြို့ နယ်အတွင်း သေနတ်ဖြင့်ပစ်ခတ်ခံရမှု (၅)မှုဖြစ်ပွားပြီး လူ(၅)ဦးသေဆုံးခဲ့ကာ ပစ်ခတ်မှု(၁)ခုမှ ကျူးလွန်သူကို ဖမ်းဆီးရမိထားကာ ကျန်အမှုများမှာ စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

သတင်း #နေဖြိုးမြင့်
ဓါတ်ပုံ #နယ်စည်းမခြားပရဟိတ(သီပေါ)

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~